ဆရက်ထာကို ဖြုတ်ချပြီးနောက် ဝန်ကြီးချုပ်သစ် ရွေးချယ်ဖို့ သြဂုတ် ၁၆ ရက်နေ့ ထိုင်းလွှတ်တော် အစည်းအဝေး ကျင်းပမည်
PUBLISHED - August 15, 2024
နိုင်ငံတကာ၊ သြဂုတ် ၁၅
ဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်ကို ထိုင်းဖွဲ့စည်းပုံအခြေခံတရားရုံးက ရာထူးကဖယ်ရှားလိုက်ပြီးနောက် ဝန်ကြီး ချုပ်အသစ်ရွေးချယ်ဖို့အတွက် သြဂုတ်လ ၁၆ ရက်နေ့ (သောကြာနေ့) မှာ ထိုင်းလွှတ်တော် အထူးအစည်းအ ဝေးကျင်းပသွားမှာဖြစ်ပါတယ်။
ထိုင်းအောက်လွှတ်တော်မှာ လွှတ်တော်အမတ် ၄၉၃ ဦးရှိပြီး လွှတ်တော်စည်းမျဉ်းဥပဒေအရ ဝန်ကြီးချုပ် လောင်းအဖြစ် အမည်စာရင်းတင်သွင်းခံထားရသူတစ်ဦးဟာ လွှတ်တော်အမတ် တစ်ဝက်ကျော်ရဲ့ထောက်ခံမဲ ကို ရရှိရမှာဖြစ်ပါတယ်။
အာဏာရညွန့်ပေါင်းပါတီဟာ ၎င်းတို့တင်မယ့် ဝန်ကြီးချုပ်လောင်းကို သြဂုတ်လ ၁၅ ရက်နေ့မှာ ရွေးချယ်မှာဖြစ် ပြီး အောက်လွှတ်တော်မဲရွေးပွဲကိုတော့ သြဂုတ်လ ၁၆ ရက်နေ့ မနက် ၁၀ နာရီမှာ စတင်ကျင်းပသွားမှာဖြစ်ပါ တယ်။
ဝန်ကြီးချုပ်ဆရက်ထာဟာ ထောင်ဒဏ်ကျခံဖူးသူတစ်ဦးကို အစိုးရအဖွဲ့ဝင် ဝန်ကြီးအဖြစ်ခန့်အပ်ခဲ့တဲ့အတွက် ကျင့်ဝတ်ဖောက်ဖျက်မှုနဲ့ သြဂုတ်လ ၁၄ ရက်နေ့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ဆရက်ထာကို ဝန်ကြီး ချုပ်ရာထူးက ဖယ်ရှားခဲ့တာဖြစ်ပါတယ်။
ထိုင်းနိုင်ငံရဲ့ အိမ်ခြံမြေသူဌေးကြီးဆရက်ထာဟာ ၁၆ နှစ်အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ဖြုတ်ချခံရ တဲ့ စတုတ္ထမြောက် ထိုင်းဝန်ကြီးချုပ်ဖြစ်ပါတယ်။
တရားသူကြီး ၉ ဦးအနက် ဆရက်ထာကိုဖြုတ်ချဖို့ တရားသူ ကြီး ၅ ဦးက ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
အစိုးရပေါင်းစုံ၊ ပါတီပေါင်းစုံကို ဖြုတ်ချပြီး စစ်တပ်ကအာဏာသိမ်းကာ စစ်အုပ်ချုပ်ရေးနဲ့ အနှစ်နှစ်ဆယ်ဝန်း ကျင်အုပ်ချုပ်လာတဲ့ ထိုင်းနိုင်ငံမှာ တစ်နှစ်မပြည့်ခင်အတွင်းမှာပဲ ဆရက်ထာကို ဝန်ကြီးချုပ်ရာထူးက ဖယ်ရှားခဲ့ တာဖြစ်ပါတယ်။
“စွပ်စွဲခံရသူဟ မရိုးသားတဲ့အတွက် ဝန်ကြီးချုပ်အဖြစ်ကနေ ဖယ်ရှားပစ်ဖို့ တရားသူကြီး ၅ မဲ၊ ၄ မဲ နဲ့ ဆုံးဖြတ်ခဲ့ တာဖြစ်ပါတယ်။ ၎င်းရဲ့အပြုအမူဟာ ကျင့်ဝတ်ဆိုင်ရာစံနှုန်းတွေကို ချိုးဖောက်ခဲ့တာဖြစ်ပါတယ်။” လို့ တရားသူ ကြီးတွေက ပြောပါတယ်။
ဖွဲ့စည်းပုံအခြေခံတရားရုံးဟာ ဘုရင်စနစ်ကိုအကာအကွယ်ပေးထားတဲ့ ဥပဒေကို ပြင်ဆင်ဖို့ကြိုးစားနေတဲ့ Move Forward ပါတီကို မကြာသေးခင်ကပဲ ဖျက်သိမ်းခဲ့ပါသေးတယ်။
Move Forward ပါတီက လွှတ်တော်အမတ်တွေနဲ့ ပါတီဝင်တွေဟာ သြဂုတ်လ ၆ ရက်နေ့မှာပဲ ပြည်သူ့ပါတီဆို တဲ့ ပါတီသစ်ကို ထူထောင်ခဲ့ပါတယ်။
သြဂုတ်လ ၁၄ ရက်နေ့က ဝန်ကြီးချုပ်ဆရက်ထာကို ဖြုတ်ချခဲ့တဲ့ တရားရုံးဆုံးဖြတ်ချက်ဟာ ထိုင်းနိုင်ငံရဲ့ စီးပွား ရေးကို ထိခိုက်စေနိုင်တယ်လို့ ဆိုပါတယ်။
“ဆိုးရွားတဲ့အံ့အားသင့်စရာဆုံးဖြတ်ချက်တစ်ခုပါပဲ။ ဒီဆုံးဖြတ်ချက်ဟာ စီးပွားရေးကို တိုက်ရိုက်ထိခိုက်စေပါ တယ်။” လို့ Trinity Securities က မဟာဗျူဟာရေးဆွဲသူ နတ္တာချတ်မက်မာဆင်က ပြောပါတယ်။
“စားသုံးသူတွေနဲ့ စီးပွားရေးလုပ်ငန်းယုံကြည်မှုတွေကို ထိခိုက်ပါလိမ့်မယ်။ နောက်ထပ် အစိုးရသစ် မဖွဲ့မချင်း ငွေကြေးသုံးစွဲအားနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ကျဆင်းသွားပါလိ့်မယ်။” လို့ ၎င်းက ပြောပါတယ်။
တရားရုံးဆုံးဖြတ်ချက်ထွက်လာပြီးနောက် ထိုင်းစတော့ရှယ်ယာဈေးနှုန်း ၁.၂၉% နိမ့်ကျသွားပေမဲ့ မကြာခင် မှာပဲ စတော့ဈေးနှုန်းကျဆင်းမှုကို ဝ.၄% အထိ ပြန်လည်ထိန်းထားနိုင်ခဲ့ပါတယ်။
“ကျင့်ဝတ်မညီတဲ့ဝန်ကြီးချုပ်တစ်ဦးအဖြစ် ထွက်ခွာသွားရမှာ ကျွန်တော်စိတ်မကောင်းဖြစ်မိပါတယ်။ ကျွန်တော့် ရဲ့လုပ်ငန်းတာဝန်တွေကို ဂုဏ်သိက္ခာရှိရှိနဲ့ ရိုးရိုးသားသား ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။” လို့ မစ္စတာဆရက် ထာက ပြောပါတယ်။
ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းမယ့်သူဟာ ၂၀၂၃ ခုနှစ် အထွေထွေရွေးကောက်ပွဲမတိုင်ခင် က အမည်စာရင်းတင်သွင်းထားသူ ဖြစ်ဖို့လိုအပ်တဲ့အတွက် ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှင်နာဝပ်ထရာရဲ့ သမီးဖြစ်သူ အသက် ၃၇ နှစ်အရွယ် ပေထောင်တန်ရှင်နာဝပ်ထရာနဲ့ အသက် ၇၅ နှစ်အရွယ် မစ္စတာချိုင်းကာ ဆန်နီတီဆရီတို့ကို အမည်စာရင်းတင်သွင်းနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
တခြားဖြစ်နိုင်ခြေရှိတဲ့ ဝန်ကြီးချုပ်လောင်းတွေကတော့ ပြည်ထဲရေးဝန်ကြီး အနူတင်ချန်းဗီရာကူလ်၊ စွမ်းအင်ဝန် ကြီး ပီယာန်းဆလီရာသာဘစ်ဟာဂါနဲ့ စစ်တပ်အာဏာသိမ်းဖြစ်စဉ်နှစ်ခုစလုံးမှာပါဝင်ခဲ့ပြီး သြဇာရှိတဲ့ ကြည်း တပ်အကြီးအကဲဟောင်း ပရာဝတ်ဝန်ဆူဝန်တို့ပဲဖြစ်ပါတယ်။
Ref: Thai Parliament to meet Aug 16 to elect new PM after Srettha’s ouster: The Straits Times
#PeopleMedia