• Follow Us on

Home ဆရက်ထာနေရာမှာ ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ဖို့ အသင့်မဖြစ်သေးကြောင်း ပေထောင်တန်ပြော

ဆရက်ထာနေရာမှာ ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ဖို့ အသင့်မဖြစ်သေးကြောင်း ပေထောင်တန်ပြော

Share this post

နိုင်ငံတကာ၊ မေ ၂၅

 

ထောင်ကျဖူးတဲ့ပုဂ္ဂိုလ်တစ်ဦးကို ဝန်ကြီးခန့်အပ်တဲ့အမှုနဲ့ ဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်ကို ရာထူးကနေ ဖယ် ရှားလိုက်မယ်ဆိုရင် ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ဖို့ အသင့်မဖြစ်သေးကြောင်း အာဏာရဖီယူထိုင်းပါတီ ခေါင်း ဆောင် ပေထောင်တန်ရှင်နာဝပ်ထရာက ပြောကြားလိုက်ပါတယ်။

 

“ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ဖို့ ကျွန်မ ဘာမှမပြင်ဆင်ရေသေးပါဘူး။” လို့ ဖီယူထိုင်းပါတီရဲ့ နောက်ထပ် ဝန် ကြီးချုပ်လောင်းဖြစ်သူ ပေထောင်တန်က ပြောပါတယ်။

 

ဒါပေမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးဟာ မစ္စတာဆရက်ထာကို အထူးသက်ညှာစွာစဉ်းစားလိမ့်မယ်လို့ ၎င်းအ နေနဲ့ ယုံကြည်ကြောင်း ပေထောင်တန်က ပြောပါတယ်။

 

“ဝန်ကြီးချုပ်နဲ့ ဘာပြဿနာမှ မရှိပါဘူး။ သူ့အနေနဲ့ ပြည်သူအပေါ်ထိခိုက်နေတဲ့ စီးပွားရေးပြဿနာတွေကို ဖြေ ရှင်းဖို့ ဆက်လက်ဆောင်ရွက်သွားပါလိမ့်မယ်။” လို့ ၎င်းက ပြောပါတယ်။

 

“ကျွန်မကိုယ်တိုင်ကတော့ ပါတီခေါင်းဆောင်အဖြစ်ရော အမျိုးသား soft-power ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌအဖြစ်ရော ကျွန်မကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အကောင်းဆုံးကြိုးစားပြီး တာဝန်ထမ်းဆောင်သွားမှာပါ။” လို့ ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့သမီးဖြစ်သူ ပေထောင်တန်က ပြောပါတယ်။

 

ဖိချစ်ချူယန်ဘန်းကို ဝန်ကြီးချုပ်ရုံးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့တဲ့အတွက် ဝန်ကြီးချုပ်ဆရက်ထာကို အရေးယူဖို့ တင်ပြထားတဲ့ တိုင်တန်းလွှာတစ်စောင်ကို ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ကြာသပတေးနေ့ (မေလ ၂၃ ရက်နေ့) က လက်ခံခဲ့ပါတယ်။

 

မစ္စတာဆရက်ထာကို ၁၅ ရက်အတွင်း ထုချေရှင်းလင်းဖို့ တရားရုံးက အမိန့်ချမှတ်ခဲ့ပေမဲ့ ဝန်ကြီးချုပ်ရာထူးက နေ ယာယီဆိုင်းငံ့ထားတာမျိုး အမိန့်မထုတ်ခဲ့ပါဘူး။

 

ဝန်ကြီးချုပ်ရုံးဝန်ကြီးဖိချစ်ချူယန်ဘန်းအတွက်လည်း အလားတူတိုင်တန်းလွှာတစ်စောင် ပေးပို့တင်ပြထားပေမဲ့ ကြာသပတေးနေ့မှာပဲ ဖိချစ်က ရာထူးကနုတ်ထွက်သွားတာကြောင့် အဲဒီတိုင်တန်းလွှာကို တရားရုံးက ပယ်ချခဲ့ ပါတယ်။

 

အရည်အချင်းပြည့်မီမှုနဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေရှိနေပေမဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးတစ်ဦးအဖြစ်ခန့်အပ် ခဲ့တာနဲ့ ပတ်သက်ပြီး မစ္စတာဆရက်ထာ ဥပဒေကြောင်းအရ ရင်ဆိုင်ရမှာတွေ လျော့ပါးသက်သာစေရေး ကြိုး ပမ်းမှုအနေနဲ့ မစ္စတာဖိချစ်က ရာထူးကနေ နုတ်ထွက်သွားတာဖြစ်ပါတယ်။

 

အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေရဲ့ကျင့်ဝတ်နဲ့ဆက်နွယ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၇၀ ပုဒ်မခွဲ (၄) နဲ့ (၅) အရ မစ္စတာဆရက်ထာနဲ့ မစ္စတာဖိချစ်တို့ကို ရာထူးကဖယ်ရှားဖို့ အထက်လွှတ်တော်အမတ် ၄၀ က ဖွဲ့စည်း ပုံအခြေ ခံဥပဒေရတရားရုံးကို တိုင်တန်းလွှာရေးသားတင်ပြခဲ့တာဖြစ်ပါတယ်။

 

မစ္စတာဖိချစ်ဟာ ၂၀၀၈ ခုနှစ်က ဝန်ကြီးချုပ်ဟောင်းသက်ဆင်အမှုတစ်ခုကို ရှေ့နေအဖြစ်လိုက်ပါဆောင်ရွက် စဉ် တရားရုံးအရာရှိတွေကို လာဘ်ထိုးတယ်ဆိုတဲ့စွပ်စွဲချက်ကို ဖြေရှင်းနေတုန်း တရားရုံးကို မထီမဲ့မြင်ပြုမှုနဲ့ ထောင်ဒဏ် ခြောက်လ ကျခံခဲ့ရပါတယ်။

 

Ref: Paetongtarn says she’s not ready to replace Srettha

 

#PeopleMedia


Share this post