• Follow Us on
Latest News

Home ဆရက်ထာမှာ ခေါင်းဆောင်မှုစွမ်းရည်မရှိကြောင်း အတိုက်အခံခေါင်းဆောင် ဝေဖန်တိုက်ခိုက်၊ ရည်မှန်းချက် တွေ အောင်မြင်အောင်ဆောင်ရွက်ဖို့ ၇ လဆိုတဲ့အချိန်ဟာ နည်းလွန်းနေသေးကြောင်း ဆရက်ထာ တုံ့ပြန်

ဆရက်ထာမှာ ခေါင်းဆောင်မှုစွမ်းရည်မရှိကြောင်း အတိုက်အခံခေါင်းဆောင် ဝေဖန်တိုက်ခိုက်၊ ရည်မှန်းချက် တွေ အောင်မြင်အောင်ဆောင်ရွက်ဖို့ ၇ လဆိုတဲ့အချိန်ဟာ နည်းလွန်းနေသေးကြောင်း ဆရက်ထာ တုံ့ပြန်

Share this post

နိုင်ငံတကာ၊ ဧပြီ ၄

 

ဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်ဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာအောင် ခေါင်းဆောင်နိုင်စွမ်းမရှိဘဲ ထိုင်းဒီမိုက ရေစီ နောက်ပြန်သွားအောင်သာ လုပ်ဆောင်ခဲ့ကြောင်း ပြောဆိုရင်း အတိုက်အခံပါတီခေါင်းဆောင် ချိုင်းသာ ဝတ် တူလာထုန်က ဆရက်ထာကို ဗုဒ္ဓဟူးနေ့ (ဧပြီ ၄ ရက်နေ့) က ဝေဖန်တိုက်ခိုက်လိုက်ပါတယ်။

 

ဒါပေမဲ့ ချိုင်းသာဝတ်ဟာ ပုံကြီးချဲ့ပြောဆိုနေကြောင်း၊ အစိုးရဟာ ကောင်းစွာအလုပ်လုပ်နေပေမဲ့ ပေးထားတဲ့ ကတိအားလုံးကို အောာင်မြင်အောင်ဆောင်ရွက်ဖို့အတွက် ခုနစ်လဆိုတဲ့အချိန်ဟာ အလွန်နည်းလွန်းနေသေး ကြောင်း ဆရက်ထာက တုံ့ပြန်ပြောဆိုပါတယ်။

 

ရွေးကောက်ပွဲအပြီးမှာ စစ်အာဏာသိမ်းပြီး တက်လာတဲ့ဝန်ကြီးချုပ်နဲ့ မတူတဲ့ ဝန်ကြီးချုပ်တစ်ဦးကို ပြည်သူက လိုချင်နေတာဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ နှစ်ရက်ကြာစကားစစ်ထိုးပွဲမှာ ချိုင်းသာဝတ်က ပြောခဲ့တာ ဖြစ်ပါတယ်။

 

အဲဒီစကားစစ်ထိုးပွဲဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၅၂ ပါ ပြဋ္ဌာန်းချက်နဲ့အညီ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ “အဲဒီအစား ပြည်သူတွေဟာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတဲ့ မရင့်ကျင့်တဲ့ ဝန်ကြီးချုပ်တစ်ယောက်ကို ရရှိခဲ့ ပါတယ်။” လို့ ချိုင်းသာဝတ်က ပြောပါတယ်။

 

“သူဟာ အစိုးရရဲ့ ရည်ရွယ်ချက်တွေကို အကောင်အထည်ဖော်ရာမှာ လူထုယုံကြည်မှုရရှိအောင် ဆောင်ရွက် နိုင်တဲ့ ခေါင်းဆောင်မှုစွမ်းရည်မရှိပါဘူး။ ဝန်ကြီးဌာနတွေအတွက် အရည်အချင်းရှိတဲ့သူတွေကို ရှာဖွေခန့်အပ် ရမယ့်အစား အစိုးရဖွဲ့ဖို့အတွက် ခွဲတမ်းရတဲ့နေရာတွေကိုပဲ ရွေးချယ်ခဲ့ပါတယ်။” လို့ ၎င်းကပြောပါတယ်။

 

ဆရက်ထာရဲ့အစိုးရဖွဲ့စည်းပုံဟာ ပြည်သူအတွက် ဘာမျှော်လင့်ချက်ကိုမှ မပေးနိုင်ခဲ့ကြောင်း၊ အစိုးရအာဏာ လွှဲပြောင်းရယူပြီးချိန်မှာ စီးပွားရေးတိုးတက်လာပြီး ဝင်ငွေကောင်းလာလိမ့်မယ်လို့ ပြည်သူက မျှော်လင့်ထား ကြောင်း ချိုင်းသာဝတ်က ပြောပါတယ်။

 

“အဲဒီမျှော်လင့်ချက်တွေအစား ပြည်သူတွေရလိုက်တာက ရှုပ်ထွေးနေတဲ့ မူဝါဒတွေပဲဖြစ်ပါတယ်။ တိကျပြတ် သားတဲ့ မဟာဗျူဟာစီမံချက်တွေ ဘာမှမရှိဘဲ လက်တန်းချလုပ်နေတဲ့ မူဝါဒတွေပဲဖြစ်ပါတယ်။ ပိုဆိုးတာက အခုအချိန်အထိ လုပ်နေတဲ့စီးပွားရေးဆောင်ရွက်မှုတွေဟာ မဟာကော်ပိုရေးရှင်းကြီးတွေအတွက်ပဲ အကျိုး အ မြတ်ရတဲ့အလုပ်တွေဖြစ်နေတာပါပဲ။” လို့ ၎င်းက ပြောပါတယ်။

 

တချို့မူဝါဒတွေကို ပြည်သူအတွက်လိုလို ဘာလိုလို ဟန်ဆောင်ပြီး အကောင်အထည်ဖော်နေပေမဲ့ ကိုယ်ကျိုးစီး ပွားအတွက် လုပ်ဆောင်နေတာဖြစ်ကြောင်း ချိုင်းသာဝတ်က စွပ်စွဲလိုက်ပါတယ်။

 

ရွေးကောက်ပွဲအပြီးမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်မယ်လို့ ပြည်သူက မျှော်လင့်ထားပြီး တက် လာတဲ့အစိုးရကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို မကြာခင်မှာပြင်ဆင်မယ်လို့ ကြေညာခဲ့ကြောင်း ၎င်းက ပြော ပါတယ်။

 

ဒါပေမဲ့ ခုနစ်လသာအချိန်ကုန်သွားတယ် ဘယ်ကိုမှ ခရီးမရောက်ကြောင်း၊ လက်ရှိအချိန်မှာ အခြေခံဥပဒေပြင် ဆင်ဖို့ အစိုးရက ဘာလုပ်မှာလဲဆိုတာ ပြည်သူက ဇဝေဇဝါဖြစ်နေကြောင်း ချိုင်းသာဝတ်ကပြောပါတယ်။

 

ဆရက်ထာအစိုးရဟာ တရားစီရင်ရေးစနစ်ကို ပြုပြင်ပြီး တရားဥပဒေစိုးမိုးလာအောင် ပြန်လည်ထိန်းသိမ်းသွား မယ်လို့ ပြောဆိုခဲ့ပေမဲ့ ပြည်သူတွေ မြင်တွေ့ရတာကတော့ တော်ဝင်ထိုင်းရဲတပ်ဖွဲ့ကြီးအတွင်းက အဂတိလိုက် စားမှု/ ဆွေမျိုးသားချင်းကောင်းစားရေးဝါဒနဲ့အတူ ယုံကြည်မှုပျက်ပြားလာတာပဲဖြစ်ကြောင်း ၎င်းက ပြောပါ တယ်။

 

ဝန်ကြီးချုပ်ဟောင်းသက်ဆင်ကို သတ်မှတ်ကာလထက်စောပြီး လွတ်ငြိမ်းခွင့်နဲ့ ပြန်လွှတ်ပေးလိုက်တဲ့အတွက် လည်း ဆရက်ထာအစိုးရကို ဆန်းစစ်လေ့လာသူတွေက အစောပိုင်းက ဝေဖန်ခဲ့ကြပါတယ်။

 

အတိုက်အခံတွေဟာ ပုံကြီးချဲ့နေကြကြောင်း၊ ပြည်သူတွေအနေနဲ့ ၎င်းတို့အစိုးရအပေါ် ယုံကြည်မှု ပျောက်ဆုံး သွားခြင်းမရှိကြောင်း၊ ၎င်းအစိုးရဟာ ထိုင်းဒီမိုကရေစီကို နောက်ပြန်သွားအောင်လုပ်နေတာမဟုတ်ကြောင်း ဆရက်ထာကလည်း တုံ့ပြန်ပြောဆိုပါတယ်။

 

လက်ရှိအစိုးရဟာ မျှော်လင့်ချက်၊ အောင်မြင်မှု၊ ပွင့်လင်းမြင်သာမှုတို့နဲ့အတူ နိုင်ငံကို ဦးဆောင်ချီတက်နေ ကြောင်း ဆရက်ထာက ပြောပါတယ်။

 

အစိုးရရဲ့ မူဝါဒတချို့ဟာ အနာဂတ်ကာလမှာ အသီးအပွင့်တွေ မြင်လာရမှာဖြစ်ကြောင်း၊ အတိုက်အခံတွေအ နေနဲ့ ပွင့်လင်းမြင်သာမှုမရှိတဲ့စီမံချက်တွေ တွေ့ခဲ့ရင် ထောက်ပြရမှာဖြစ်ပြီး အဲဒီလိုထောက်ပြတဲ့အခါ သက်ဆိုင် ရာအစိုးရအဖွဲ့ဝင်တွေက ဖြေရှင်းသွားမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

“အစိုးရဟာ ၆ လကျော်ပဲ အလုပ်လုပ်ရပါသေးတယ်။ ၂၀၂၄ ခုနှစ် ဘတ်ဂျက်ဥပဒေကြမ်းဆိုရင် ပြီးခဲ့တဲ့ သီ တင်းပတ်ကမှ ပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ပြည်သူကို ဦးစားပေးပြီး ဂုဏ်သိက္ခာရှိရှိ၊ ပွင့်လင်း မြင်သာမှုရှိရှိ အလုပ်လုပ်နေတာဖြစ်ပါတယ်။ သဘောမပေါက်သေးတဲ့ လွှတ်တော်အမတ်တွေကိုလည်း ရှင်းရှင်း လင်းလင်းဖြေကြားပေးဖို့ အသင့်ရှိနေပါတယ်။” လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

 

Ref: Srettha defends performance, says 7 months too short to achieve everything

 

#PeopleMedia


Share this post