• Follow Us on

Home ဆရက်ထာဝန်ကြီးချုပ်အဖြစ်က ဖယ်ရှားခံရလို့ ဥပဒေကခွင့်ပြုခဲ့ရင် ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ဖို့ အသင့်ရှိ ကြောင်း ပီတာပြော

ဆရက်ထာဝန်ကြီးချုပ်အဖြစ်က ဖယ်ရှားခံရလို့ ဥပဒေကခွင့်ပြုခဲ့ရင် ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ဖို့ အသင့်ရှိ ကြောင်း ပီတာပြော

Share this post

နိုင်ငံတကာ၊ ဇွန် ၃

 

ထိုင်းဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်ကို တရားရုံးဆုံးဖြတ်ချက်အရ ရာထူးကအနားပေးပြီး ဥပဒေအရခွင့်ပြု မယ်ဆိုရင် ဝန်ကြီးချုပ်အဖြစ် တိုင်းပြည်တာဝန်ထမ်းဆောင်ဖို့ အသင့်ရှိကြောင်း ဝန်ကြီးချုပ်လောင်းဖြစ်ခဲ့သူ ပီတာလင်းဂျားရင်းနတ်က ပြောကြားလိုက်ပါတယ်။

 

လူထုစစ်တမ်းကောက်ယူတဲ့အချိန်မှာ နံပတ်တစ်နေရာရတဲ့အထိ Move Forward ပါတီကိုထောက်ခံခဲ့တဲ့အ တွက် ထိုင်းပြည်သူတွေကို ကျေးဇူးတင်ကြောင်း၊ ဒါပေမဲ့ ပါတီအနေနဲ့ ပိုမိုကြိုးစားဆောင်ရွက်ဖို့ လိုအပ်နေတာ ကိုလည်း ဝန်ခံကြောင်း ပီတာက ပြောပါတယ်။

 

Move Forward ပါတီရဲ့ အမတ်ဖြစ်ပြီး ပါတီခေါင်းဆောင်ရဲ့အကြံပေးအရာရှိချုပ်ဖြစ်သူ ပီတာလင်းဂျားရင်းနတ် ဟာ စနေနေ့ (ဇွန်လ ၁ ရက်နေ့) က ကကျင်းပခဲ့တဲ့ ဘန်ကောက်လူထုချီတက်ပွဲမှာပါဝင်ဆင်နွှဲရင်း အမျိုးသား အားကစားကွင်းမှာ အင်တာဗျူးလက်ခံခဲ့တာဖြစ်ပါတယ်။

 

အစိုးရအဖွဲ့ဝန်ကြီးခန့်အပ်ရေးမှာ ကျင့်ဝတ်ချိုးဖောက်မှုနဲ့ ဝန်ကြီးချုပ်ဆရက်ထာကို ရာထူးကဖယ်ရှားပေးဖို့ အ ထက်လွှတ်တော်အမတ် ၄၀ က တင်ပြထားတဲ့ တိုင်တန်းလွှာကို ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက လက်ခံခဲ့ ပါတယ်။

 

ဆရက်ထာကို ရာထူးကဖယ်ရှားလိုက်ရင် အရေးပေါ်အစီအမံတွေရှိပါသလားလို့ မေးမြန်းတဲ့အခါ “ကျွန်တော် တို့အစီအစဉ်ကတော့ ကျွန်တော်တို့အစွမ်းကုန် အလုပ်လုပ်ဖို့ပဲဖြစ်တယ်။ နိုင်ငံရေးမတော်တဆလွဲချော်မှုတွေ ရှိလာခဲ့ရင် ကျွန်တော်တို့ စဉ်စားထားတဲ့ မူဝါဒတွေ၊ နည်းလမ်းတွေရှိပါတယ်။ တကယ်လို့ ပါလီမန်ဖျက်သိမ်း လိုက်မယ်ဆိုရင် အချိန်မရွေးရွေးကောက်ပွဲကျင်းပဖို့ ကျွန်တော်တို့ အသင့်ရှိနေပါတယ်။ သင့်တော်တဲ့လုပ်ထုံး လုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်သွားမှာပါ။ ကျွန်တော်တို့ အာဏာကို ကြားဖြတ်လုယူမှာမဟုတ်သ လို အာဏာပိုင်တွေနဲ့လည်း ယှဉ်ပြိုင်မှာမဟုတ်ပါဘူး။” လို့ ပီတာက ပြောပါတယ်။

 

“ဥပဒေက ခွင့်ပြုခဲ့ရင် Move Forward ပါတီခေါင်းဆောင် ချိုင်းတာဝပ်တူလာထုန်ခန့်အပ်ခဲ့သလို ကျွန်တော် ဝန်ကြီးချုပ်လောင်းဖြစ်ရမှာပါ။” လို့ ၎င်းက ပြောပါတယ်။

 

King Prajadhipok’s Institute ကပြုလုပ်ခဲ့တဲ့ လူထုစစ်တမ်းမှာ Move Forward ပါတီနဲ့ ပီတာတို့ဟာ လူထု ထောက်ခံမှု ထိပ်ဆုံးကပြေးနေတဲ့အတွက် ပီတာက ထိုင်းပြည်သူတွေကို ကျေးဇူးတင်ကြောင်းပြောပါတယ်။

 

ပီတာက ၎င်းရဲ့လုပ်ငန်းတွေ ပိုမိုတိုးတက်အောင်မြင်ဖို့အတွက် လူထုထောက်ခံမှုကို စိတ်ဓာတ်ခွန်အားအဖြစ် အသုံးပြုသွားမယ်လို့ ပြောပါတယ်။

 

Ref: Pita ready to step in as PM if Srettha is removed by court order

 

#PeopleMedia


Share this post