ဆရက်ထာအစိုးရရဲ့ဆောင်ရွက်မှု ထိုင်းပြည်သူ သုံးပုံနှစ်ပုံ မကျေနပ်
PUBLISHED - June 10, 2024
နိုင်ငံတကာ၊ ဇွန် ၁၀
ထိုင်းလူမျိုးအများစုဟာ ဆရက်ထာထာဗီဆင်အစိုးရရဲ့ဆောင်ရွက်မှုကို ကျေနပ်မှုမရှိကြောင်းနဲ့ တိုင်းပြည်ရဲ့ ပြဿနာတေါကို ဖြေရှင်းဖို့ ၎င်းတို့အစိုးရမှာ စွမ်းရည်ရှိတယ်လို့ မယုံကြည်ကြောင်း လူထုစစ်တမ်းတစ်ရပ်ရဲ့ ရလဒ်တွေကို တနင်္ဂနွေနေ့ (ဇွန်လ ၉ ရက်နေ့) က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အဲဒီလူထုစစ်တမ်းကို “ဖွံ့ဖြိုးတိုးတက်မှု စီမံခန့်ခွဲရေး အမျိုးသားအင်စတီကျု” က ဇွန်လ ၄ ရက်နေ့ကနေ ၅ ရက် နေ့အထိ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကစပြီး အာဏာရခဲ့တဲ့ ဆရက်ထာထာဗီဆင်အစိုးရအပေါ် လူထုအမြင်ကို သိရဖို့အ တွက် နိုင်ငံတစ်ဝန်း ပညာအရည်အချင်းနဲ့ အလုပ်အကိုင်အဆင့်အသီးသီးက အသက် ၁၈ နှစ်နဲ့ အထက် ပြည် သူ ၁၃၁၀ ဦးကို သဘောထားစစ်တမ်းကောက်ယူခဲ့တာဖြစ်ပါတယ်။
လူထုစစ်တမ်းမှာ အစိုးရရဲ့ ကိုးလတာကာလအတွင်း ဆောင်ရွက်ချက်တွေကို ကျေနပ်မှုရှိမရှိ မေးမြန်းခဲ့တာဖြစ် ပါတယ်။
ပြန်လည်ဖြေဆိုသူတွေထဲက ၃၄.၃၅% က အဓိကပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ နှောင့်နှေးကြန့်ကြာ ပြီး ပြောင်းလဲမှုမမြင်ရတဲ့အတွက် အတန်အသင့် မကျေနပ်ဘူးလို့ ဖြေပါတယ်။
၃၁.၆၉% က တိုးတက်မှုဘာတစ်ခုမှ မမြင်ရတဲ့အပြင် ရွေးကောက်ပွဲမဲဆွယ်ကာလက ကတိပေးထားခဲ့တဲ့ မူဝါဒ တွေကို အကောင်အထည်မဖော်နိုင်တဲ့အတွက် လုံးဝ မကျေနပ်ဘူးလို့ ပြောပါတယ်။
၂၅.၁၉% ကတော့ အစိုးရအနေနဲ့ မူဝါဒတွေ ဆက်လက်ချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်နေလို့ စီးပွားရေးတိုးတက်လာတဲ့အပြင် အစိုးရရဲ့ ပြဿနာဖြေရှင်းမှုရလဒ်တွေကိုလည်း ရှင်းရှင်းလင်းလင်းမြင်နေရတဲ့ အတွက် အထိုက်အလျောက် ကျေနပ်တယ်လို့ ဆိုပါတယ်။
၇.၄၀% က အစိုးရက ပြည်သူ့ကောင်းကျိုးချမ်းသာကို ကူညီဆောင်ရွက်ပြီး မြှင့်တင်ဖို့ ဆုံးဖြတ်ထားတဲ့အတွက် အလွန်ကျေနပ်တယ်လို့ ဖြေပါတယ်။ ၁.၃၇% ကတော့ မသိဘူး/ စိတ်မဝင်စားဘူးလို့ ပြောပါတယ်။
ဆရက်ထာအစိုးရအနေနဲ့ နိုင်ငံရဲ့အဓိကပြဿနာတွေကို ကိုင်တွင်ဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည်မှုရှိမရှိကို လည်း မေးမြန်းခဲ့ပါတယ်။
၃၅.၉၅% က ပြောင်းလဲမှုတွေ ဘာမှမမြင်ရသေးတဲ့အပြင် အခြေခံကျတဲ့ပြဿနာတွေကို အစိုးရအနေနဲ့ မဖြေရှင်းရသေးတဲ့အတွက် ယုံကြည်မှုမရှိဘူးလို့ ဖြေပါတယ်။
၃၅.၀၄% က ဆရက်ထာအစိုးရဟာ ရည်မှန်းချက်တွေအောင်မြင်အောင် မဆောင်ရွက်နိုင်ခဲ့ဘဲ အပေါ်ယံ အပယိကလောက်သာ လုပ်ဆောင်ခဲ့တဲ့အတွက် လုံးဝ ယုံကြည်မှုမရှိဘူးလို့ ဖြေပါတယ်။
၂၂.၁၄% ကတော့ နိုင်ငံရှေ့ဆက်ခရီးဆက်ဖို့အတွက် အစိုးရမှာ လုပ်ငန်းအတွေ့အကြုံနဲ့ စီမံခန့်ခွဲမှုစွမ်းရည်တွေ ရှိတဲ့အတွက် အထိုက်လျောက်ယုံကြည်မှုရှိတယ်လို့ ပြောပါတယ်။
၅.၄၂% ကတော့ ထိုင်းနိုင်ငံရဲ့ပြဿနာတွေကို ဖြေရှင်းဖို့ အစိုးရက ခိုင်မာတဲ့သံန္နိဋ္ဌာန်ချထားပြီး ထိရောက်စွာ ကိုင်တွယ်ဆောင်ရွက်နေတဲ့အတါက် အလွန်ယုံကြည်မှုရှိတယ်လို့ ဖြေပါတယ်။
၁.၄၅% ကတော့ မသိဘူး/ စိတ်မဝင်စားဘူးလို့ ဖြေပါတယ်။
Ref: Poll: Two-thirds of Thais dissatisfied with govt’s performance
#PeopleMedia