• Follow Us on

Home ဆရက်ထာ ဝန်ကြီးချုပ်ရာထူးက ဖယ်ရှားခံရရင် စီးပွားရေးစီမံချက်လေးခု ထိခိုက်နိုင်ကြောင်း နိုင်ငံရေးဂုရုကြီး တွေပြော

ဆရက်ထာ ဝန်ကြီးချုပ်ရာထူးက ဖယ်ရှားခံရရင် စီးပွားရေးစီမံချက်လေးခု ထိခိုက်နိုင်ကြောင်း နိုင်ငံရေးဂုရုကြီး တွေပြော

Share this post

နိုင်ငံတကာ၊ မေ ၂၅

 

အထက်လွှတ်တော်အမတ်တွေတင်သွင်းခဲ့တဲ့ တိုင်တန်းလွှာကြောင့် ဝန်ကြီးချုပ်ဆရက်ထာထာဗီဆင် ရာထူးက ဖယ်ရှားခံရမယ်ဆိုရင် လက်ရှိဆရက်ထာအစိုးရဆောင်ရွက်နေတဲ့ အဓိကစီးပွားရေးစီမံချက်လေးခု ထိခိုက်သွား နိုင်ကြောင်း နိုင်ငံရေးလေ့လာဆန်းစစ်သူတွေက ပြောပါတယ်။

 

ဆရက်ထာကို ဝန်ကြီးချုပ်ရာထူးက ဖယ်ရှားဖို့ လွှတ်တော်အမတ် ၄၀ က တင်ပြထားတဲ့ တိုင်တန်းလွှာကို ဖွဲ့ စည်းပုံအခြေခံဥပဒေတရားရုံး တရားသူကြီး ၉ ဦးအနက် ၆ ဦးက ကြာသပတေးနေ့ (မေလ ၂၃ ရက်နေ့) က လက်ခံခဲ့ပါတယ်။

 

တစ်ချိန်တုန်းက အကျဉ်းကျခဲ့ဖူးသူ ဖိချစ်ချူယန်ဘန်းကို ဝန်ကြီးချုပ်ရုံးဝန်ကြီးအဖြစ် မစ္စတာဆရက်ထာက ခန့် အပ်ခဲ့တဲ့အတွက် ဆရက်ထာဟာ နိုင်ငံရေးကျင့်ဝတ်ကို ချိုးဖောက်ခဲ့ကြောင်း အဲဒီတိုင်တန်းလွှာထဲမှာဖော်ပြ ထားပါတယ်။

 

ဆရက်ထာကို ဝန်ကြီးချုပ်ရာထူးက ဖယ်ရှားလိုက်မယ်ဆိုရင် ပြီးခဲ့တဲ့နှစ်သြဂုတ်လကတည်းက အိမ်ခြံမြေသူဌေး ကြီးဆရက်ထာဦးဆောင်နေတဲ့ စီးပွားရေးစီမံချက်တွေကို အနှောက်အယှက်ဖြစ်သွားနိုင်စေတယ်လို့ နိုင်ငံရေး ဂုရုကြီးတွေက စိုးရိမ်နေကြပါတယ်။

 

ဝန်ကြီးချုပ်ဆရက်ထာကို ရာထူးကနေဖယ်ရှားပစ်လိုက်မယ်ဆိုရင် အောက်ဖော်ပြပါ စီမံချက်လေးခုကို ထိခိုက် သွားနိုင်ကြောင်း နိုင်ငံရေးဂုရုကြီးတွေကို အင်တာဗျူးလုပ်ခဲ့တဲ့ Krungthep Turakij ထိုင်းသတင်းစာက ဖော်ပြ လိုက်ပါတယ်။

 

ပထမအချက်ကတော့ ဖီယူထိုင်းပါတီရဲ့ အကြီးဆုံးရွေးကောက်ပွဲမဲဆွယ်ကတိတွေထဲက တစ်ခုဖြစ်တဲ့ ဘတ်ငွေ ဘီလျံ ၅၀၀ တန် ဒစ်ဂျစ်တယ်ငွေကြေးစနစ်စီမံချက်အပါအဝင် စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကာလတို လှုံ့ ဆော်အား စီမံချက်ဖြစ်ပါတယ်။

 

ဒုတိယအချက်ကတော့ ထိုင်း GDP မြင့်တက်လာဖို့အတွက် စီးပွားရေးပြန်လည်တည်ဆောက်မှုစီမံချက်ဖြစ်ပါ တယ်။

 

၂၀၂၄ ခုနှစ် ပထမသုံးလပတ်မှာ GDP ၁.၅% သာမြင့်တက်ခဲ့တဲ့အတွက် အာဆီယံနိုင်ငံတွေထဲမှာမြင့် တက်မှုအနိမ့်ဆုံးဖြစ်နေတယ်ဆိုပြီး ဆရက်ထာက အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေနဲ့ တနင်္လာနေ့မှာ အရေးပေါ်အ စည်းအဝေးပြုလုပ်ဖို့ စီစဉ်ထားပါတယ်။

 

တတိယအချက်ကတော့ ၂၀၂၄ ခု ဘဏ္ဍာရေးနှစ်ဘတ်ဂျက်ထုတ်ပေးခြင်းဖြစ်ပါတယ်။ အစိုးရဟာ ဘတ်ငွေ ဘီလျံ ၅၀၀ ကြိုတင်လျာထားမှုနဲ့တူ ကျန်တဲ့အစိုးရအသုံးစရိတ် ဘတ်ငွေ ၁.၅ ထရီလီယန်ကို အပြီးသတ် အ တည်ပြုဆုံးဖြတ်ဖို့ လိုနေပါသေးတယ်။

 

ဒါ့အပြင် ၂၀၂၅ ခု ဘဏ္ဍာရေးနှစ်ဘတ်ဂျက် ဘတ်ငွေ ၃.၇၅၂ ထရီလီ ယန်ကို ဇွန်လ ၅ ရက်နေ့ကစပြီး လွှတ်တော်မှာ စဉ်းစားဆုံးဖြတ်ရမှာဖြစ်ပါတယ်။

 

စတုတ္ထအချက်ကတော့ ဇွန်လကနေ သြဂုတ်လအတွင်း ဖြစ်ပေါ်လာမယ်လို့ ခန့်မှန်းထားတဲ့ လာနီညာဖြစ်စဉ်နဲ့ မိုးရွာသွန်းမှုများပြားနိုင်မှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ရေကြီးမှုကာကွယ်ရေးစီမံချက်ဖြစ်ပါတယ်။ ရေအရင်းအမြစ် စီမံခန့်ခွဲမှုနဲ့ ရေကြီးမှုကာကွယ်ရေးဟာ ပြည်တွင်း/ပြည်ပစားသုံးသူတွေအတွက် လယ်ယာစိုက်ပျိုးရေးထုတ်ကုန် တွေကို အကြီးအကျယ်မှီခိုအားထားနေရတဲ့ ထိုင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ကာကွယ်ဖို့အတွက် အဓိကအ ချက်ပဲဖြစ်ပါတယ်။

 

ရာထူးကဖြုတ်ချဖို့ တိုင်တန်းလွှာကို တရားရုံးကလက်ခံလိုက်ပေမဲ့ ပြည်တွင်း/ ပြည်ပမှာ ထမ်းဆောင်နေတဲ့ ၎င်း ရဲ့တာဝန်တွေကို ထိခိုက်မှာမဟုတ်ကြောင်း ဂျပန်မှာရောက်နေတဲ့ ဆရက်ထာက ကြာသပတေးနေ့က သတင်း ထောက်တွေကို ပြောပါတယ်။

 

“ကျွန်တော်တို့မှာ ချမှတ်ထားတဲ့လုပ်ငန်းတာဝန်တွေရှိပြီးသားပါ။ အဲဒီတာဝန်တွေကို ကျွန်တော်တို့ မှန်မှန်ကန် ကန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။ ပြည်တွင်းက ပြဿနာကို ဖြေရှင်းဖို့လိုပါတယ်။ အဲဒီပြဿနာတွေကို ကိုင် တွယ်ဆောင်ရွက်ဖို့ အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။ ဒါတွေက နိုင်ငံရေးလောကမှာ ဖြစ်နေကျပါ။” လို့ ၎င်း က ပြောပါတယ်။

 

Ref: Four govt economic plans could be affected by Srettha’s removal

 

#PeopleMedia


Share this post