ဆရက်သာ ထိုင်းနိုင်ငံရဲ့အယောက် ၃၀ မြောက် ဝန်ကြီးချုပ်ဖြစ်လာ
PUBLISHED - August 23, 2023
နိုင်ငံတကာ၊ သြဂုတ် ၂၃
ထိုင်းလွှတ်တော်ထဲမှာ အဂါၤနေ့က ကျင်းပတဲ့ဝန်ကြီးချုပ်ရွေးချယ်ပွဲမှာ အထက်လွှတ်တော်/အောက်လွှတ်တော် အမတ်တွေထံကထောက်ခံမဲတွေရရှိပြီးနောက်မှာ အိမ်ခြံမြေသူဌေးကြီးဆရက်သာ သာဗီဆင်ကို ထိုင်းနိုင်ငံရဲ့ အယောက် ၃၀ မြောက် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်လိုက်ပြီဖြစ်ပါတယ်။
ဆရက်သာဟာ အထက်/အောက် လွှတ်တော်အမတ် ၇၀၅ ဦးရှိတဲ့အနက် ထောက်ခံမဲ ၄၈၂ မဲ၊ ကန့်ကွက်မဲ ၁၆၅ မဲနဲ့ ကြားနေမဲ ၈၁ မဲ ရရှိခဲ့တာဖြစ်ပါတယ်။ ထောက်ခံမဲ ၄၈၂ မဲမှာ အောက်လွှတ်တော်အမတ်တွေဆီက မဲ အရေအတွက် ၃၃၀ နဲ့ အထက်လွှတ်တော်အမတ်တွေဆီက ၁၅၂ မဲ ရရှိခဲ့တာဖြစ်ပါတယ်။
အသက် ၆၀ ရှိပြီဖြစ်တဲ့ ဆရက်သာဟာ ဖီယူထိုင်းပါတီရဲ့ဝန်ကြီးချုပ်လောင်း ၃ ဦးထဲက တစ်ဦးဖြစ်ပြီး ကျန် ၂ ဦးကတော့ ပဲထောင်တန်ရှင်နာဝပ်ထရာနဲ့ ချိုင်ကာဆမ်နီတီဆီရီတို့ဖြစ်ပါတယ်။
ဆရက်သာဟာ လွှတ်တော်အမတ်မဟုတ်တဲ့အတွက် ဝန်ကြီးချုပ်ရွေးချယ်ပွဲရဲ့ နောက်ဆုံးရလဒ်ကိုသိရဖို့ ဖီယူထိုင်းပါတီဌာနချုပ်ကနေ စောင့်နေတာဖြစ်တယ်လို့ဆိုပါတယ်။
ဆရက်သာဟာ ထိုင်းနိုင်ငံမှာဒုတိယအကြီးဆုံး အိမ်ခြံမြေကုမ္ပဏီကြီးဖြစ်တဲ့ ဆန်းသီရိကုမ္ပဏီရဲ့ ဥက္ကဋ္ဌဟောင်း ဖြစ်သလို အမှုဆောင်အရာရှိဟောင်းလည်းဖြစ်ပါတယ်။
မေလအတွင်းကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမဲဆွယ်ပွဲတွေတုန်းကတော့ ၎င်းအနေနဲ့ ပါလန်ပရာချာချတ်ပါတီ ဒါမှမ ဟုတ် United Thai Nation ပါတီ (UTN ပါတီ) နဲ့ ဘယ်တော့မှ ပူးပေါင်းမှာမဟုတ်ကြောင်း ဆရက်သာက အ ကြိမ်ကြိမ် ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ အစိုးရသစ်ဖွဲ့စည်းနိုင်ဖို့အတွက် ညွန့်ပေါင်းအဖွဲ့ကို ဦးဆောင်နေရတဲ့ ဖီယူထိုင်းပါတီဟာ အထက်လွှတ် တေ်ာအမတ်တွေဆီကထောက်ခံမဲလိုအပ်တဲ့အတွက် ရွေးကောက်ပွဲ မဲဆွယ်ကာလ ကတိကဝတ်တွေကို ချိုး ဖောက်ပြီး ပါလန်ပရာချာချတ်ပါတီ၊ UTN ပါတီတို့ကို ကြိုဆိုခဲ့ရပါတယ်။
နိုင်ငံရေးအတွေ့အကြုံလုံးဝမရှိသေးတဲ့ ဆရက်သာဟာ အမည်စာရင်းတင်သွင်းဖို့ ၎င်းထံမှာ ဘယ်လိုကြိုတင် သတ်မှတ်ချက်မှမရှိဘဲ နိုင်ငံအတွက်သာ ပထမဦးစားပေးဖြစ်တယ်လို့ တစ်ချိန်တုန်းက ပြောခဲ့ပါတယ်။
“ဒီကနေ့အချိန်မှာ ပြည်သူအများအပြားဟာ စီးပွားရေးနဲ့ မမျှတမှုတွေအတွက် စိုးရိမ်ပူပန်နေကြပါတယ်။ ထိုင်း နိုင်ငံဟာ ကျွန်တော်တို့အနာဂတ်ပါ။ ထိုင်းနိုင်ငံဟာ လူငယ်တွေအတွက် မျှော်လင့်ချက်တွေနဲ့ လှုံ့ဆော်မှုတွေ ဖန်တီးဖို့ လိုအပ်နေပါတယ်။” လု့ိ ၎င်းက ပြောပါတယ်။
၁၉၆၃ ခုှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာမွေးဖွားခဲ့တဲ့ ဆရက်သာဟာ အမေရိကန်နိုင်ငံ ကလဲမောင့်တက္ကသိုလ် က စီးပွားရေးစီမံခန့်ခွဲမှုမဟာဝိဇာဘွဲ့ (MBA) ရရှိထားသူဖြစ်ပါတယ်။ ဆရက်သာဟာ အိမ်ခြံမြေလောကကိုမဝင် ခင် P&G Thailand ကုမ္ပဏီမှာ လက်ထောက်ထုတ်လုပ်ရေးမန်နေဂျာအလုပ်ကို စတင်လုပ်ကိုင်ခဲ့ပါတယ်။
ဆရက်သာဟာ အိုမင်းရင့်ရော်မှုတိုက်ဖျက်ရေးအထူးကုဆရာဝန် (specialist in anti-aging medicine) ဒေါက် တာ ပတ်ပီလိုင်သာဗီဆင်နဲ့လက်ထပ်ခဲ့ပြီး ၎င်းတို့မိသားစုမှာသားသမီး ၃ ဦးရှိပါတယ်။
Ref: Srettha becomes the 30th prime minister of Thailand
#PeopleMedia