• Follow Us on

Home ဆရက်သာ ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ဖို့ အသင့်ရှိ၊ ဖီယူထိုင်းပါတီက Move Forward ပါတီကို ရှင်း လင်းပစ်နိုင်ဖွယ်ရှိ

ဆရက်သာ ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ဖို့ အသင့်ရှိ၊ ဖီယူထိုင်းပါတီက Move Forward ပါတီကို ရှင်း လင်းပစ်နိုင်ဖွယ်ရှိ

Share this post

နိုင်ငံတကာ၊ ဇူလိုင် ၂၁

 

Move Forward ပါတီဦးဆောင်တဲ့ ရှစ်ပါတီညွန့်ပေါင်းအဖွဲ့က နုတ်ထွက်ရေးဟာ မလွှဲမရှောင်သာဖြစ်ပေါ်လာနိုင် သလို ၎င်းအနေနဲ့ ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ဖို့ အသင့်ရှိနေကြောင်း ဖီယူထိုင်းပါတီကလျာထားတဲ့ ဝန်ကြီးချုပ်လောင်းသုံးဦးထဲကတစ်ဦးဖြစ်တဲ့ ဆရက်သာထာဗီဆင်က ကြာသပတေးနေ့ (ဇူလိုင်လ ၂၀ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

“ကျွန်တော်ဟာ ဖီယူထိုင်းပါတီက ဝန်ကြီးချုပ်လောင်းအဖြစ်ယှဉ်ပြိုင်မယ့်သူဖြစ်ပါတယ်။ ပါတီကတာဝန်ပေးတဲ့ အတိုင်း စီးပွားရေးကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းဆောင်ရွက်သွားဖို့ အသင့်ဖြစ်နေရမှာဖြစ်ပါတယ်။” လို့ ၎င်းက သတင်းထောက်တွေကို ပြောပါတယ်။

 

Move Forward ပါတီခေါင်းဆောင်ပီတာလင်းဂျားရင်းနတ် ဝန်ကြီးချုပ်ရာထူးအတွက်ယှဉ်ပြိုင်ရာမှာ လွှတ် တော်နှစ်ရပ်စလုံးက လုံလောက်တဲ့ထောက်ခံမဲမရခဲ့တဲ့အတွက် Move Forward ပါတီကို ညွန့်ပေါင်းအဖွဲ့ထဲက ထွက်သွားဖို့ တိုက်တွန်းနိုင်သလားဆိုတဲ့မေးခွန်းကို အိမ်ခြံမြေသူဌေးကြီးကနေ နိုင်ငံရေးသမားဖြစ်လာတဲ့ ဆရက်သာကို မေးမြန်းခဲ့ပါတယ်။

 

“ဒါက ရိုးရိုးလေးတွက်ကြည့်လို့ရပါတယ်။ ခင်ဗျား ကိုယ့်ကိုယ်ကိုယ်ယုံကြည်နိုင်ပါတယ်။ လူတိုင်းကလည်းအဲဒါ ကိုသိကြပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

Move Forward ပါတီပါဝင်နေတဲ့ ညွန့်ပေါင်းအဖွဲ့ထဲမှာ လာမယ့်ဝန်ကြီးချုပ်ရွေးကောက်ပွဲအတွက် ဖီယူထိုင်းပါ တီက ၎င်းကို ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းဖို့ဆိုတာ ပြောပြဖို့ သိပ်ကိုစောလွန်းနေပါသေး တယ်လို့ ဆရက်သာက ပြောပါတယ်။

 

ရှစ်ပါတီညွန့်ပေါင်းအဖွဲ့က ကိုယ်စားလှယ်တွေဟာ နောက်ထပ်ပူးပေါင်းဆောင်ရွက်မှုတွေအတွက် ထပ်မံဆွေး နွေးကြမှာဖြစ်ကြောင်း၊ ကိုယ်စားလှယ်တွေက ဖီယူထိုင်းပါတီကို ဝန်ကြီးချုပ်လောင်းတင်သွင်းခွင့်ပြုခဲ့ရင် ပါတီ ရဲ့အမှုဆောင်အဖွဲ့ဟာ ဝန်ကြီးချုပ်လောင်းသုံးဦးထဲက တစ်ဦးကို ရွေးချယ်မှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

ဇူလိုင်လ ၁၃ ရက်နေ့မှာ ပီတာ လုံလောက်တဲ့ မဲမရခဲ့တဲ့အတွက် ဇူလိုင်လ ၁၉ ရက်နေ့ (ဗုဒ္ဓဟူးနေ့) ကကျင်းပ တဲ့ လွှတ်တော်နှစ်ရပ်ပေါင်းဝန်ကြီးချုပ်ရွေးချယ်ပွဲမှာ ပီတာကို အမည်စာရင်းထပ်မံတင်သွင်းခဲ့ပေမဲ့ လွှတ်တော် အမတ်တွေက လွှတ်တော်အစည်းအဝေးတစ်ခုတည်းမှာ မဲမရခဲ့တဲ့သူကို ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာ ရင်းထပ်မံမတင်သွင်းသင့်တော့ဘူးဆိုပြီး ဒုတိယအကြိမ်အမည်စာရင်းတင်သွင်းတာကို မဲခွဲပြီး ပယ်ချခဲ့ပါတယ်။

 

ပုဒ်မ ၁၁၂ ကို ပြင်ဆင်မယ်လို့ကြေညာထားရင် အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်အမတ်တွေဆီက ထောက်ခံမဲတွေ မရနိုင်တာမို့လို့ ထိုင်းဘုရင်နဲ့ တော်ဝင်မိသားစုကို အကာအကွယ်ပေးထားတဲ့ ဥပဒေအဖြစ် လူသိများတဲ့ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၁၂ ကို ပြင်ဆင်ဖို့ဆိုတာ ဖီယူထိုင်းပါတီကဦးဆောင်တဲ့ ညွန့်ပေါင်းအ ဖွဲ့ရဲ့မူဝါဒမဖြစ်ရဘူးလို့ ဆရက်သာက ကြာသပတေးနေ့က ပြောပတယ်။

 

ထိုင်းဘုရင်နဲ့ တော်ဝင်မိသားစုကို အကာအကွယ်ပေးထားတဲ့ ဥပဒေကို ပြင်ဆင်ဖို့ ကြိုးပမ်းတဲ့ ဘယ်ပါတီက ဝန် ကြီးချုပ်လောင်းကိုမဆို ၎င်းတို့အနေနဲ့ ထောက်ခံမဲပေးမှာမဟုတ်ကြောင်း Move Forward ပါတီဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ထဲမှာမပါတဲ့ပါတီတွေနဲ့ အထက်လွှတ်တော်အမတ်တချို့က ကြေညာခဲ့ပါတယ်။

 

Move Forward ပါတီက အဆိုပြုထားတဲ့ပြုပြင်ပြောင်းလဲမှုတွေဟာ ဘုရင်စနစ်ကို ဂုဏ်သိက္ခာကျဆင်းမှေးမှိန် စေပြီး အမျိုးသားလုံခြုံရေးကို ထိခိုက်စေနိုင်တယ်လို့ အထက်လွှတ်တော်အမတ်တချို့ကပြောပါတယ်။

 

Ref: Srettha ready to be next PM, suggests Pheu Thai may ditch Move Forward: The Nation

 

#PeopleMedia


Share this post