• Follow Us on

Home ဆရာတော်နှစ်ပါး စကားများရန်ဖြစ်ရာမှ ဓားဖြင့်ခုတ်ခံရ၍ ဆရာတော်တစ်ပါး ဒဏ်ရာရ

ဆရာတော်နှစ်ပါး စကားများရန်ဖြစ်ရာမှ ဓားဖြင့်ခုတ်ခံရ၍ ဆရာတော်တစ်ပါး ဒဏ်ရာရ

Share this post

နေပြည်တော်၊ သြဂုတ် ၂၈

 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ မြဝတီရပ်ကွက်၊ ရန်ကြီးအောင်ဘုန်းကြီးကျောင်း တွင် ဆရာတော်နှစ်ပါးစကားများရန်ဖြစ်ရာမှ ဓားဖြင့်အခုတ်ခံရ၍ ဆရာတော်တစ်ပါးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ သြဂုတ်လ ၂၃ ရက် နံနက် ၈:၃၀ အချိန်တွင် ရန်ကြီးအောင်ဘုန်းကြီးကျောင်းတွင် ဘွဲ့အမည်တူ သည့် ဆရာတော်နှစ်ပါးမှာ ရန်ဖြစ်စကားများပြီး ဆရာတော်တစ်ပါးမှာ ကျောင်းရှိ ဓားအားယူ၍ အချင်းချင်း စကားများသည့် ဆရာတော်တစ်ပါးကို ဓားဖြင့်ခုတ်လိုက်ကြောင်း သိရသည်။

 

ထိုဓားခုတ်ခံရသည့် ဆရာတော်၏ နဖူး၊ ညာဘက်လက်ပြင်၊ ညာဘက်လက်ဖဝါး၊ ညာဘက်လက်သူ ကြွယ်၊ ညာဘက်လက်သန်းနှင့် ခြေဖမိုးတို့တွင် ဓါးဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ကျူးလွန်သည့် ဆရာတော် ကို သိက္ခာချလူဝတ်လဲပြီး ဟင်္သာတရဲစခန်းမှ(ပ) ၂၄၈/၂၀၂၃ နှင့် ပုဒ်မ ၃၂၆/ ၂၉၅-က ဖြင့် အမှုဖွင့်လှစ် ကာ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post