ဆရာဝန်နဲ့ သူနာပြုတွေကို လေ့ကျင့်သင်ကြားရေးအတွက် ဗြိတိန်ထံက အကူအညီရရှိရန် ဘင်္ဂလားဒေ့ရှ် ကြိုး ပမ်းနေ
PUBLISHED - February 19, 2024
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၉
ဘင်္ဂလားဒေ့ရှ်ဆရာဝန်နဲ့ သူနာပြုတွေကို လေ့ကျင့်သင်ကြားပေးနိုင်ရေး ဗြိတိန်နိုင်ငံက ကူညီထောက်ပံ့မှုတွေ ရရှိဖို့အတွက် ကျန်းမာရေးနဲ့ မိသားစုပြုစုစောင့်ရှောက်ရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာ ဆာမန်တာ လယ်ဆန် က ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း ဒါကာထရီဗျူးသတင်းဌာနမှာ ရေးသားဖော်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ဗြိတိသျှခေတ္တမဟာမင်းကြီး မတ်ကန်နယ်လ်နဲ့ တနင်္ဂနွေနေ့ (ဖေဖော်ဝါရီလ ၁၈ ရက် နေ့) က ဒါကာမြို့က ကျန်းမာရေးဝန်ကြီးဌာနရုံးမှာ တွေ့ဆုံစဉ် ဘင်္ဂလားဒေ့ရှ် ကျန်းမာရေးဝန်ကြီးက မေတ္တာရပ် ခံခဲ့တာလို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ အထူးဆေးဝါးကုသမှုဆိုင်ရာလေ့ကျင့်ရေးအင်စတီကျုတစ်ခု တည်ထောင်ပေးဖို့ ကျန်း မာရေးဝန်ကြီးက ဗြိတိန်နိုင်ငံကို မေတ္တာရပ်ခံခဲ့တာဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကို ချီးကျူးပြောဆိုရာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ တခြား နိုင်ငံအများအပြားနဲ့ နှိုင်းယှဉ်ရင် Covid-19 ကပ်ရောဂါဘေးကို အောင်မြင်စွာကိုင်တွယ်ထိန်းချုပ်ဖြတ်သန်းနိုင်ခဲ့ တဲ့အတွက် ကမ္ဘာက ချီးကျူးခဲ့ကြောင်း မစ္စတာကန်နယ်က ပြောပါတယ်။
“ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကျန်းမာရေးကဏ္ဍ ထပ်မံဖွံံဖြိုးတိုးတက်ရေးအတွက် အဆင်ပြေချောမွေ့အောင်ဆောင်ရွက် ပေးဖို့ ဗြိတိန်အစိုးရက စိတ်ဝင်စားပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဆရာဝန်တွေ/ သူနာပြုတွေအတွက် အထူး ဆေးဝါးကုသမှုဆိုင်ရာလေ့ကျင့်ရေးအင်စတီကျုတစ်ခု တည်ထောင်ပေးနိုင်ရေးအတွက် ဗြိတိန်အစိုးရအနေနဲ့ စဉ်းစားသွားမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
နှစ်နိုင်ငံ ဆေးပညာနယ်ပယ်မှာ ပိုမိုအတွေ့အကြုံဖလှယ်နိုင်ဖို့အတွက် ဗြိတိန်အစိုးရအနေနဲ့ အတွေ့အကြုံရင့် ကျက်တဲ့ ဆရာဝန်တွေနဲ့ သူနာပြုတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကို စေလွှတ်ပေးသွားမှာဖြစ်ကြောင်း မစ္စတာ ကန်နယ်က ပြောပါတယ်။
Ref: Bangladesh seeks UK support in training doctors, nurses
#PeopleMedia