ဆရာတော်တစ်ပါးမောင်းနှင်သည့် လိုင်စင်မဲ့ယာဉ်နှင့် ဆိုင်ကယ်တို့ ယာဉ်တိုက်မှုဖြစ်ရာ ဆိုင်ကယ်မောင်းသူ သေဆုံး

PUBLISHED - November 29, 2021
ပဲခူး၊ နိုဝင်ဘာ ၂၉ (People Media)
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာအနီး၌ ယနေ့ မွန်းလွဲ နေ့လယ် ၁ နာရီ ခန့်က ဆရာတော်တစ်ပါး မောင်းနှင်လာသော Honda Fit အမျိုးအစား လိုင်စင်မဲ့မော်တော်ယာဉ်နှင့် ဆိုင် ကယ်တို့ ယာဉ်တိုက်မှုဖြစ်ရာ ဆိုင်ကယ်မောင်းသူ သေဆုံးခဲ့တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
သေဆုံးသူ အမျိုးသားသည် ဘန့်ဘွေးကုန်းချောင်းနားရွာဒေသခံဖြစ်ပြီး ဈေးရောင်းသူတစ်ဦးဖြစ်ပါတယ်။
“ဘုန်းကြီးကားက တိုက်လိုက်တာ တော်တော်ပြင်းထန်တယ်။ အဲ့ဒီဒဏ်ရာနဲ့ ဆေးရုံရောက်တော့ ဆုံးသွားတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဆိုပါ ဆရာတော်မောင်းနှင်လာသည့် မော်တော်ယာဉ်သည် လိုင်စင်မဲ့ယာဉ်ဖြစ်တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
တိုင်းဒေသကြီး/ပြည်နယ်များ၌ ဘုန်းတော်ကြီးကျောင်းများ၌ တရားမဝင် လိုင်စင်မဲ့ယာဉ်များ အသုံးပြုနေကြ သလို ဆရာတော်များသည် မော်တော်ယာဉ်များကို ကိုယ်တိုင်မောင်းနှင်မှုကြောင့် ယာဉ်တိုက်မှုများ မကြာ ခဏဖြစ်ပေါ်လျက်ရှိပါတယ်။
Photo – Credit
#PeopleMedia #ကြို့ပင်ကောက်မြို့နယ်
(unicode)
……………………………………………………
Photo – Credit