ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားကို ရခိုင်ပြည်နယ်ရှိ မြို့နယ်အနှံများ၌ ယနေ့ကျင်းပ

PUBLISHED - September 9, 2021
နေပြည်တော်၊ စက်တင်ဘာ ၉ (People Media)
ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို ရခိုင်ပြည်နယ် မြို့နယ်များ၌ ယနေ့ ကျင်းပခဲ့ကြကြောင်း သိရသည်။
ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ကိုယ်တိုင်ဦးဆောင်ကျင်းပခဲ့သလို မြို့ နယ်အလိုက်မှာလည်း ရခိုင်ပြည်သူလူထုက ဂုဏ်ပြုပန်းခွေများနှင့် ပူဇော်ကန်တော့ခဲ့ကြကြောင်း သိရသည်။
ဆရာတော် ဦးဥတ္တမသည် အမျိုးသားစိတ်ဓာတ် ဝံသာနုစိတ်ဓာတ်များ တစ်မျိုးသားလုံး၌ ရှိစေရန် တတ်စွမ်း သမျှ လှည့်လည်ဟောပြောခဲ့မှုများကြောင့် လွတ်လပ်ရေးမရမီအချိန်၌ အကြိမ်ကြိမ် အကျဉ်းချခံခဲ့ရသည့် ဆရာတော်တစ်ပါးဖြစ်သည်။
ဆရာတော် ဦးဥတ္တမ၏ ငယ်နာမည်မှာ ပေါ်ထွန်းအောင် ဖြစ်ပြီး၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ရူပရပ်၊ ချောင်းနား တန်းတွင် အဖဦးမြသာဦး၊ အမိ ဒေါ်အောင်ကြော့ဖြူတို့မှ ခရစ်နှစ် ၁၈၈၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့၌ မွေးဖွားခဲ့ပြီး၊ ၁၉၃၉ ခုနှစ် စက်တင်ဘာ ၉ ရက်နေ့၌ ရန်ကုန်ဆေးရုံကြီး၌ပင် ပျံလွန်တော်မူခဲ့ပြီး ဆရာတော် ပျံလွန်တော်မူချိန်မှာတာ့ သက်တော် ၆၀ သိက္ခာတော် ၄၁ ဝါ ရှိပြီဖြစ်သည်။
#PeopleMedia #ဆရာတော်ဦးဥတ္တမ
(unicode)
…………………………………………………………………..
#PeopleMedia #ဆရာတောျဦးဥတ်တမ