ဆရာလေး ခေမာရံသီမှ ဒလမြို့နယ်ရှိ ကျူးကျော်အိမ်ခြေ (၃၀၀) ထံ စားသောက်ဖွယ်ရာများနှင့် အလှူငွေများ သွားရောက်လှူဒါန်း

PUBLISHED - November 23, 2021
ရန်ကုန်၊ နိုဝင်ဘာ ၂၃ (People Media)
ဆရာလေးခေမာရံသီမှ ဒလမြို့နယ်ရှိ ကျူးကျော်အိမ်ခြေ (၃၀၀) ထံ စားသောက်ဖွယ်ရာများနှင့် အလှူငွေများ ကို နိုဝင်ဘာ ၂၁ ရက်နေ့က သွားရောက်လှူဒါန်းခဲ့သည်။
ယခုကဲ့သို့ ကပ်ရောဂါဘေးနှင့် အခက်အခဲမျိုးစုံ တွေ့ကြုံနေရသည့်ကာလတွင် အခြေခံလူတန်းစားများ စားဝတ် နေရေး အလွန်ခက်ခဲလာကြခြင်းကြောင့် ဆင်းရဲခြင်းဒုက္ခ အထိုက်အလျောက်သက်သာစေရန် ရည်ရွယ်၍ ဆရာ လေးခေမာရံသီမှ ဦးဆောင်၍ စုပေါင်းဇီဝိတဒါန ကုသိုလ်ရှင်များမှ သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
ထိုသို့ လှူဒါန်းရာတွင် ဆန်၊ ဆီ၊ ကြက်ဥ၊ ကြက်သွန်၊ အာလူး၊ ကြာဇံများနှင့် အလှူငွေများအား ဒလမြို့နယ်ရှိ ကျူးကျော်တဲ အိမ်ခြေ (၃၀၀) ထံ လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရှေ့ဆက်ပြီးလည်း အလွန်ချို့တဲ့စွာနေထိုင်ကြရသော အခက်အခဲအဖြစ်ဆုံးနေရာများ ရွေးချယ်၍ စားသောက် ဖွယ်များ ဆက်တိုက်ကူညီလှူဒါန်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
#PeopleMedia #ဘာသာရေး #သာသနာရေး #ဆရာလေးခေမာရံသီ
(unicode)
…………………………………………………………..