• Follow Us on
Latest News

Home ဆလိုဗက်ကီးယားက ဝယ်ယူထားတဲ့ ပထမဦးဆုံး F-16 Block 70 ဂျက်တိုက်လေယာဉ် ပထမဦးဆုံးအကြိမ် စမ်းသပ်ပျံသန်း

ဆလိုဗက်ကီးယားက ဝယ်ယူထားတဲ့ ပထမဦးဆုံး F-16 Block 70 ဂျက်တိုက်လေယာဉ် ပထမဦးဆုံးအကြိမ် စမ်းသပ်ပျံသန်း

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၄

 

ဆလိုဗက်ကီးယားနိုင်ငံအတွက် ရောင်းချပေးတဲ့ နောက်ဆုံးပေါ် F-16 Block 70 ဂျက်တိုက်လေယာဉ် ပထမဦး ဆုံးအသုတ်က လေယာဉ်တစ်စင်းကို လော့ဟိမာတင်ကုမ္ပဏီက ပထမဦးဆုံး စမ်းသပ်ပျံသန်းခဲ့ပါတယ်။

 

လေယာဉ်ထုတ်လုပ်ရေးစက်ရုံတည်ရှိတဲ့ တောင်ကာရိုလိုင်းနားပြည်နယ်၊ ဂရင်းဗေးလ်မှာ စက်တင်ဘာလ ၂၉ ရက်နေ့က စမ်းသပ်ပျံသန်းခဲ့တာဖြစ်ကြောင်း လော့ဟိမာတင်ကုမ္ပဏီက ပြောပါတယ်။

 

အခုလိုစမ်းသပ်ပျံသန်းတဲ့အတွက် လေယာဉ်ထုတ်လုပ်ရေးစက်ရုံအနေနဲ့ လေယာဉ်ရဲ့စနစ်ပေါင်းစုံကို စမ်းသပ် နိုင်သလို လေယာဉ်ရဲ့စွမ်းဆောင်ရည်နဲ့ ဆူပါဆောနစ်စွမ်းရည်တွေကိုလည်း သက်သေပြနိုင်ခဲ့တယ်လို့ ဆိုပါ တယ်။

 

အခုစမ်းသပ်ပျံသန်းမှုဟာ ဆလိုဗက်ကီးယားလေတပ်က လိုအပ်နေတဲ့ ဂျက်တိုက်လေယာဉ်ရဲ့ စွမ်းရည်တွေကို တိကျသေချာအောင်ဆောင်ရွက်ရာမှာ အရေးကြီးတဲ့အဆင့်တစ်ဆင့်ဖြစ်ကြောင်း လော့ဟိမာတင်ကုမ္ပဏီရဲ့ ဒုတိယဥက္ကဋ္ဌ အိုဂျေဆန်းချက်က ပြောပါတယ်။

 

“ဒီနောက်ဆုံးပေါ်ပွဲတွေ့ဂျက်တိုက်လေယာဉ်ကို ပေါင်းစပ်မှုကြောင့် ဆလိုဗက်ကီးယားလေတပ်အနေနဲ့ ၎င်းတို့ရဲ့ နယ်စပ်ကို ထိထိရောက်ရောက်ကာကွယ်သွားနိုင်မှာဖြစ်သလို ဥရောပ၊ နေတိုးအဖွဲ့၊ ကမ္ဘာတစ်ဝန်းက မဟာမိတ် တပ်ဖွဲ့တွေနဲ့လည်း လက်တွဲဆောင်ရွက်သွားနိုင်မှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

၂၀၁၈ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ ဒေါ်လာ သန်း ၈၀၀ တန်စာချုပ်ရဲ့အစိတ်အပိုင်းတစ်ရပ်အဖြစ် F-16 Block 70 ဂျက် တိုက်လေယာဉ် ၁၄ စင်းကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလမတိုင်ခင် ဘရာတစ်ဆာလဗာကို လွှဲပြောင်းပေးသွားမှာဖြစ် ပါတယ်။

 

ဆလိုဗက်ကီးယားနိုင်ငံဟာ အမေရိကန်ထုတ် နောက်ဆုံးပေါ် F-16 Block 70 ဂျက်တိုက်လေယာဉ်ကို ပထမဦး ဆုံးလက်ခံရရှိပြီး အသုံးပြုတဲ့ ဥရောပနိုင်ငံဖြစ်လာမှာဖြစ်ပါတယ်။

 

လော့ဟိမာတင်ကုမ္ပဏီထုတ် F-16 Block 70 ဂျက်တိုက်လေယာဉ်ဟာ လေယာဉ်ရဲ့ နောက်ဆုံးပေါ် ခေတ်မီ စက်ပစ္စည်းအစိတ်အပိုင်းတွေကြောင့် ဘက်စုံသုံးတိုက်လေယာဉ်တွေထဲမှာ ဝယ်လိုအား အမြင့်တက်ဆုံးတိုက် လေယာဉ်ဖြစ်တယ်လို့ ဆိုပါတယ်။

 

F-16 Block 70 ဂျက်တိုက်လေယာဉ်မှာ ခေတ်မီအီလက်ထရောနစ်ပစ္စည်းများ၊ ခေတ်မီရေဒါ၊ လေယာဉ်ချင်း တိုက်ခိုက်မှုကနေ အလိုအလျောက်ရှောင်ရှားတဲ့စနစ်၊ အမြင်ကြည်လင်ရှင်းလင်းပြတ်သားမှုကိုထောက်ပံ့ပေးတဲ့ လေယာဉ်ဒိုင်ခွက်တို့ ပါရှိတယ်လို့ဆိုပါတယ်။

 

ဒါ့အပြင် F-16 Block 70 ဂျက်တိုက်လေယာဉ်ဟာ ရှေ့ပိုင်းကထုတ်ခဲ့တဲ့ F-16 ဂျက်တိုက်လေယာဉ်တွေထက် လေယာဉ်သက်တမ်းကို ၅၀ ရာခိုင်နှုန်းတိုးမြှင့်ထားတဲ့အတွက် အခုထုတ်လိုက်တဲ့လေယာဉ်တွေဟာ ၂၀၇၀ ပြည့်နှစ် ဒါမှမဟုတ် အဲဒီကာလထက် ကျော်လွန်ပြီး အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။

 

F-16 Block 70 ဂျက်တိုက်လေယာဉ်ဟာ တစ်နာရီကို မိုင် ၁၅၀၀ (၂၄၁၄ ကီလိုမီတာ) နှုန်းနဲ့ ပျံသန်းနိုင် ကြောင်း လော့ဟိမာတင်ကုမ္ပဏီက ပြောပါတယ်။

 

ဆလိုဗက်ကီးယားနိုင်ငံအပြင် မကြာသေးခင်က F-16 Block 70 ဂျက်တိုက်လေယာဉ်တွေဝယ်ယူခဲ့တဲ့အထဲမှာ ဂျော်ဒန်နိုင်ငံနဲ့ ဘူလ်ဂေးရီးယားနိုင်ငံတို့လည်း ပါဝင်ကြောင်း သိရပါတယ်။

 

Ref: Slovakia’s First F-16 Block 70 Fighter Jet Completes Maiden Flight

 

#PeopleMedia


Share this post