• Follow Us on

Home ဆလိုဗက်ကီးယားရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ရုရှားလိုလားတဲ့ပါတီက ယူကရိန်းကို စစ်ရေးအထောက်အပံ့ ပေးတော့မှာမဟုတ်ကြောင်း ပြောဆို

ဆလိုဗက်ကီးယားရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ရုရှားလိုလားတဲ့ပါတီက ယူကရိန်းကို စစ်ရေးအထောက်အပံ့ ပေးတော့မှာမဟုတ်ကြောင်း ပြောဆို

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၂

 

ရုရှားလိုလားပြီး အမေရိကန်ဆန့်ကျင်တဲ့ ကမ်ပိန်းလှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့ပြီးနောက် တနင်္ဂနွေနေ့က ဆလိုဗက် ကီးယားပါလီမန်ရွေးကောက်ပွဲမှာ ပြိုင်ဘက်ပါတီကိုအနိုင်ရခဲ့တဲ့ လက်ဝဲပါတီက ထင်ရှားတဲ့ဝန်ကြီးချုပ်ဟောင်း ရောဘတ်ဖီကိုက ယူကရိန်းကို နောက်ထပ်စစ်ရေးအကူအညီပေးနေတာတွေ ရပ်တန့်လိုက်တော့မှာဖြစ်တယ် လို့ ပြောကြားလိုက်ပါတယ်။

 

မဲဆန္ဒနယ် ၆၀၀၀ ဝန်းကျင်က မဲအရေအတွက် ၉၉.၂ ရာခိုင်နှုန်းကို ဆလိုဗက်ကီးယား စာရင်းအင်းရုံးက တနင်္ဂ နွေနေ့ (အောက်တို ဘာလ ၁ ရက်နေ့) အစောပိုင်းက ရေတွက်ပြီးချိန်မှာ ဝန်ကြီးချုပ်ဟောင်း ရောဘတ် ဖီကိုရဲ့ SMER-SSD လက်ဝဲပါတီဟာ မဲအရေအတွက် ၂၃.၃ ရာခိုင်နှုန်းနဲ့ မဲအရေအတွက် ၁၇ ရာခိုင်နှုန်းသာရရှိတဲ့ တိုး တက်သောဆလိုဗက်ကီးယားပါတီကို အနိုင်ရရှိခဲ့ပါတယ်။

 

အရှိန်ပြင်းနေတဲ့ ရွေးကောက်ပွဲမဲဆွယ်ပွဲတစ်ခုမှာ ဥရောပသမဂ္ဂနဲ့ နေတိုးအဖွဲ့ကို ရည်ရွယ်ပြီး ယူကရိန်းနိုင်ငံကို နောက်ထပ် စစ်ရေးအကူအညီပေးနေတာတွေကို ကန့်ကွက်ကြောင်း ပြောဆိုလိုက်တာဖြစ်ပါတယ်။

 

“ယူကရိန်းမှာဖြစ်ပွားနေတဲ့စစ်ပွဲဟာ ၂၀၁၄ ခုနှစ်တုန်းက ယူကရိန်းဖက်ဆစ်တွေက ရုရှားနိုင်ငံသားအရပ်သား သားကောင်တွေကို ပစ်မှတ်ထားသတ်ဖြတ်ခဲ့တဲ့အချိန်က စတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။” လို့ အသက် ၅၉ နှစ် အရွယ် ဖီကိုက ဗီဒီယိုဖိုင်တစ်ခုမှာ ပြောပါတယ်။

 

“ရုရှားနိုင်ငံအပါအဝင် ကမ္ဘာပေါ်က နိုင်ငံတိုင်းနဲ့ ဆက်ဆံရေးကောင်းမွန်ဖို့ဆိုတာ ကျွန်တော်တို့နိုင်ငံအတွက် အ လွန်အရေးကြီးတဲ့ အကျိုးစီပွားဖြစ်ပါတယ်။ အနောက်တိုင်းလိုလားတဲ့အတိုက်အခံတွေဟာ စစ်မီးမွှေးနေတဲ့သူ တွေဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

တိုးတက်သောဆလိုဗက်ကီးယားပါတီခေါင်းဆောင် မီးခိုင်ဆိုင်မက်ကာက “အနာဂတ်ကိုရွေးချယ်ဖို့” ပြည်သူ တွေကို တိုက်တွန်းလိုက်ပြီး ဖီကိုရဲ့ဝန်ကြီးချုပ်သုံးကြိမ်မြောက်ဖြစ်လာမှာကို ရည်ရွယ်ပြီး ဆလိုဗက်ကီးယား ရဲ့အတိတ်ကို ရှင်းထုတ်ပစ်ဖို့ သံန္နိဋ္ဌာန်ချထားကြောင်း ပြောပါတယ်။

 

ယူကရိန်းကို ဆက်လက်ထောက်ပံ့ဖို့ ဆုံးဖြတ်ထားတဲ့ ဆိုင်မက်ကာက ဘရာတစ်ဆလာဗာမြို့က မဲတွေကို ရေ တွက်ပြီးတဲ့အချိန်ကျရင် ရွေးကောက်ပွဲရလဒ်ကို ကျေနပ်စွာလက်ခံသွားမှာဖြစ်ကြောင်း ပြောပါတယ်။

 

“ဆလိုဗက်ကီးယားနိုင်ငံမှာ ကိုယ့်နိုင်ငံနဲ့ ကိုယ့်မိသားစုတွေအတွက် ဂုဏ်သိက္ခာရှိတဲ့ ဥရောပအနာဂတ် တစ်ခု ကို လိုချင်နေကြတဲ့ နိုင်ငံသားအများအပြားရှိတာ အလွန်ကောင်းမွန်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

၁၉၉၃ ခုနှစ်မှာ ချက်သမ္မတနိုင်ငံကနေ လွတ်လပ်ရေးကြေညာပြီး ခွဲထွက်လာခဲ့တဲ့ ဆလိုဗက်ကီးယားနိုင်ငံမှာ ပါလီမန်ရွေးကောက်ပွဲတွေကို နဝအကြိမ်မြောက် ကျင်းပနေတာဖြစ်ပါတယ်။

 

အသက် ၁၈ နှစ်နဲ့ ၂၁ နှစ်ကြား လူငယ်မဲဆန္ဒရှင်ဦးရေ ၁၈၅၀၀၀ ဟာ ပထမဦးဆုံးအကြိမ်အဖြစ် မဲပေးခွင့်ရခဲ့ ကြတာဖြစ်ကြောင်း သိရပါတယ်။

 

Ref: Pro-Russia party opposed to Ukraine aid wins Slovakia election

 

#PeopleMedia


Share this post