• Follow Us on

Home ဆလိုဗက်ကီးယားအတွက် F-16 Block 70 ဂျက်တိုက်လေယာဉ် ပထမအသုတ် ၂ စင်း လော့ဟိမာတင်ပေးပို့

ဆလိုဗက်ကီးယားအတွက် F-16 Block 70 ဂျက်တိုက်လေယာဉ် ပထမအသုတ် ၂ စင်း လော့ဟိမာတင်ပေးပို့

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၂

 

အမေရိကန်လော့ဟိမာတင်ကုမ္ပဏီက ဆလိုဗက်ကီးယားနိုင်ငံက ဝယ်ယူထားတဲ့ F-16 Block 70 ဂျက်တိုက် လေယာဉ် ၁၄ စင်းအနက် ပထမအသုတ် ၂ စင်းကို တင်ပို့လိုက်ပြီဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့နှစ်က ပို့ဆောင်ပေးဖို့ စီစဉ်ထားတဲ့ F-16 Block 70 ဂျက်တိုက်လေယာဉ်တွေကို တောင်ကာရိုလိုင်းနား ပြည်နယ် ဂရီးန်ဗီးလ်မြို့မှာရှိတဲ့ ကုမ္ပဏီရဲ့စက်ရုံက ထုတ်လုပ်တာဖြစ်ပါတယ်။

 

ဆလိုဗက်ကီးယားနိုင်ငံရဲ့ ဝယ်ယူတဲ့ F-16 Block 70 ဂျက်တိုက်လေယာဉ်တွေတန်ဖိုးဟာ ဒေါ်လာ သန်း ၈၀၀ ဖိုးဖြစ်ပြီး နိုင်ငံအတွက် အကြီးမားဆုံး စစ်လက်နက်ပစ္စည်းဝယ်ယူမှုဖြစ်တယ်လို့ဆိုပါတယ်။

 

နောက်ဆုံးအသုတ် F-16 ဂျက်တိုက်လေယာဉ်တွေကို ၂၀၂၅ ခုနှစ်လောက်မှာ ပို့ဆောင်ပေးမှာဖြစ်ပြီး အဲဒီအ ချိန်မှာ ဆလိုဗက်ကီးယားနိုင်ငံမှာရှိတဲ့ ရုရှားထုတ် MiG-29 ဂျက်တိုက်လေယာဉ်တွေကို အစားထိုးလဲလှယ်သွား မှာဖြစ်ပါတယ်။

 

မူလက ၂၀၁၈ ခုနှစ်မှာ ဆလိုဗက်ကီးယားကာကွယ်ရေးဝန်ကြီးဌာနက လက်မှတ်ရေးထိုးခဲ့တဲ့ ဂျက်တိုက် လေယာဉ်ဝယ်ယူမှုကို ဘဏ္ဍာရေးဝန်ကြီးဌာနက အတည်မပြုခဲ့တဲ့အတွက် အဲဒီအချိန်က ဝန်ကြီးချုပ်ပီတာ ပယ်လီဂရိန်းနီးက တရားမဝင်ဘူးလို့ မှတ်ယူခဲ့ပါတယ်။

 

ဒါပေမဲ့ နောက်လမှာပဲ ဆလိုဗက်ကီးယားကာကွယ်ရေးဝန်ကြီး ပီတာဂိုက်ဒေါ့စ်နဲ့ လော့ဟိမာတင်ကုမ္ပဏီရဲ့ ဒုတိယဥက္ကဋ္ဌ အန်နာဝူဂေါ့စကီတို့ F-16 ဂျက်တိုက်လေယာဉ်တွေ ၁၄ စင်းအတွက် အရောင်းအဝယ်စာချုပ် ချုပ်ဆိုလိုက်ပြီးနောက်မှာ အဲဒီပြဿနာပြေလည်သွားပါတယ်။

 

ဝန်ကြီးဌာနဝန်ကြီးနှစ်ဦးကြားက အဆင်မပြေမှုဟာ ပြည်တွင်းအင်အားပြိုင်ဆိုင်မှုရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ် ကြောင်း နိုင်ငံရေးလေ့လာသူတွေက ပြောပါတယ်။

 

နိုင်ငံပေါင်း ၂၅ နိုင်ငံမှာအသုံးပြုနေတဲ့ F-16 ဘက်စုံသုံးဂျက်တိုက်လေယာဉ်တွေမှာ ဆုံလည်စက်အမြောက်၊ ဆုံလည်စက်သေနတ်နဲ့ ဒုံးကျည်တွေ တပ်ဆင်နိုင်ပါတယ်။

 

တစ်နာရီကို မိုင် ၁၅၀၀ (၂၄၁၄ ကီလို မီတာ) နှုန်းအထိ ပျံသန်းနိုင်တဲ့ နောက်ဆုံးထုတ် F-16 Block 70/72 ဂျက်တိုက်လေယာဉ်တွေမှာ အဆင့်မြင့် APG-83 AESA ရေဒါ၊ အနီအောက်ရောင်ခြည်သုံး ရှာဖွေရေးနဲ့ ခြေရာခံ ကိရိယာ၊ ဒစ်ဂျစ်တယ်လ်ဆက်သွယ်ရေးစနစ်တို့ကို တပ်ဆင်ထားတယ်လို့ ဆိုပါတယ်။

 

Ref: Lockheed Martin Delivers Slovakia’s First Two F-16s

 

#PeopleMedia


Share this post