• Follow Us on

Home ဆာ့ဘ်လူမျိုးတွေနဲ့ တင်းမာမှုတွေမြင့်တက်နေစဉ် အနောက်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကိုဆိုဗိုအစိုးရကို အမေရိကန်တိုက်တွန်း

ဆာ့ဘ်လူမျိုးတွေနဲ့ တင်းမာမှုတွေမြင့်တက်နေစဉ် အနောက်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကိုဆိုဗိုအစိုးရကို အမေရိကန်တိုက်တွန်း

Share this post

နိုင်ငံတကာ၊ သြဂုတ် ၉

 

ဆာ့ဘ်တွေနဲ့ ပြန်လည်မြင့်တက်လာတဲ့ တင်းမာမှုတွေ လျှော့ချဖို့အတွက် ကာလရှည်ထောက်ပံ့လာတဲ့ အ နောက်နိုင်ငံတွေရဲ့ အကြံပေးချက်ကို အလေးထား ဂရုပြုဖို့ ကိုဆိုဗိုနိုင်ငံကို အမေရိကန်ပြည်ထောင်စုက ဗုဒ္ဓဟူး နေ့ (သြဂုတ်လ ၇ ရက်နေ့) က တိုက်တွန်းလိုက်ပါတယ်။

 

ကိုဆိုဗိုဝန်ကြီးချုပ် အယ်လ်ဘင်ကာတီက ပြဿနာတက်နေတဲ့တံတားတစ်စင်းကို ဖွင့်လှစ်ဖို့ တောင်းဆိုလိုက် တဲ့အတွက် ဆန္ဒပြပွဲတွေဖြစ်ပေါ်လာသလို အာဏာပိုင်တွေကလည်း အခုသီတင်းပတ်ထဲမှာပဲ ဆားဘီးယားက ရန်ပုံငွေတွေကို ထိန်းသိမ်းထားတဲ့ ဒေသခံတွေ ကာလရှည်အသုံးပြုနေတဲ့ စာတိုက်တွေကို ဝင်ရောက်စီးနင်းခဲ့ ကြပါတယ်။

 

“ကိုဆိုဗိုခေါင်းဆောင်ပိုင်းက ကသောင်းကနင်း ဆုံးဖြတ်ချက်တွေ ချနေတာကို ကျွန်တော်တို့ စိုးရိမ်ပူပန်မိပါ တယ်။” လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မက်သရူးမီလာက ပြောပါတယ်။

 

နိုင်ငံတကာအသိုင်းအဝိုင်းထဲကို ကိုဆိုဗိုအစိုးရဝင်ရောက်နိုင်ဖို့အတွက် အမေရိကန်ရဲ့ ကာလရှည်ပံ့ပိုးမှုနဲ့ပတ် သက်ပြီး ပြောကြားရာမှာ “ကိုဆိုဗိုနိုင်ငံတည်ထောင်ဖို့ ကျွန်တော်တို့ ကူညီခဲ့တဲ့ အခွင့်အလမ်းတွေကို အန္တရာယ် တွင်းထဲရောက်အောင် သူတို့လုပ်နေတယ်လို့ ထင်ပါတယ်။” လို့ မီလာက ပြောပါတယ်။

 

“ကိုဆိုဗိုအစိုးရဆောင်ရွက်ဖို့ှု ကျွန်တော်တို့တိုက်တွန်းမှာကတော့ အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ၊ နေ တိုးအဖွဲ့တို့နဲ့ ရင်းရင်းနှီးနှီး ပြန်လည်ေပေါင်းသင်းပြီး အပြုသဘောဆောင်တဲ့ ဆက်ဆံရေးတွေ တည်ဆောက်ဖို့ ပဲဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

အယ်လ်ဘေးနီးယားလူမျိုးအများစုနေထိုင်တဲ့ ကိုဆိုဗိုပြည်နယ် ဆားဘီးယားက ခွဲထွက်ပြီး ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရရှိဖို့အတွက် ၁၉၉၉ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ နေတိုးစစ်ဆင်ရေးကို အမေရိကန်ပြည်ထောင်စုက ဦးဆောင်ခဲ့တာ ဖြစ်ပြီး အဲဒီစစ်ပွဲအတွင်း လူဦးရေ ၁၃,၀၀၀ သေဆုံးခဲ့ပါတယ်။

 

ကိုဆိုဗိုဟာ ၂၀၀၈ ခုနှစ်မှာ လွတ်လပ်ရေးကြေညာခဲ့ပြီး အဲဒီလွတ်လပ်ရေးကို ဆားဘီးယားက အသိအမှတ်မပြု သလို အနောက်နိုင်ငံတချို့က အသိအမှတ်မပြုပေမဲ့ အမေရိကန်ပြည်ထောင်စုအပါအဝင် အနောက်နိုင်ငံအများ စုက အသိအမှတ်ပြုလက်ခံခဲ့ပါတယ်။

 

ကိုဆိုဗိုနိုင်ငံထဲမှာ ယူရိုငွေကိုသာ တစ်ခုတည်းသောတရားဝင်ငွေကြေးအဖြစ် သတ်မှတ်လိုက်တဲ့အတွက် ဆားဘီးယားဒီနာငွေ အသုံးပြုလို့မရတော့တာ အပါအဝင် ကာတီအစိုးရရဲ့ မကြာသေးခင်က ဆောင်ရွက်ချက် တွေကြောင့် တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။

 

ကိုဆိုဗိုအစိုးရက မီထရိုဗီဆာမှာ လူ့အဖွဲ့အစည်းနှစ်ခုကို နှစ်ပိုင်းခွဲခြားထားတဲ့ တံတားကို ပြန်လည်ဖွင့်လှစ်ဖို့ ကြိုးပမ်းမယ်ဆိုရင် ၎င်းတို့အနေနဲ့ ကြားဝင်ဆောင်ရွက်ရမှာဖြစ်ကြောင်း နေတိုးဦးဆောင်တဲ့ ငြိမ်းချမ်းမှုထိန်း သိမ်းရေးတပ်ဖွဲ့က အင်္ဂါနေ့က သတိပေးလိုက်ပါတယ်။

 

Ref: US Urges Kosovo to Cooperate as Serb Tensions Rise

 

#PeopleMedia


Share this post