ဆားလင်းကြီးမြို့နယ်၌ မိဘ အမွေခွဲရာ မောင်နှမ ၅ ယောက် အပြန်အလှန်ခိုက်ရန်ဖြစ်ပွားပြီး တစ်ဦး သေဆုံး၊ တစ်ဦး ပြင်းထန်ဒဏ်ရာရ၊ ကျန်သုံးဦး ဆေးကုသနေရ

PUBLISHED - November 19, 2021
မုံရွာ၊ နိုဝင်ဘာ ၁၉ (People Media)
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့၊ ဖောင်းကတာရွာ၌ မိဘအမွေခွဲရာ မောင်နှမ ၅ ယောက် အပြန်အ လှန်ခိုက်ရန်ဖြစ်ပွားပြီး တစ်ဦး သေဆုံး၊ တစ်ဦး ပြင်းထန်ဒဏ်ရာရပြီး ကျန်သုံးဦးသည် ဆေးကုသမှုခံနေရ ကြောင်း ဒေသခံအချို့က People Media သို့ ပြောပါတယ်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၈ ရက်နေ့ ညနေပိုင်း၌ မိဘအမွေကိစ္စခွဲရာ မျှတမှုမရှိဟုဆို၍ မောင်နှမ ၅ ယောက် အပြန်အလှန် ခိုက်ရန်ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။
“မိသားစု အမွေခွဲတာ အဲ့ဒီမှာ စကားများကြတာ။ ထိခိုက်တာက အကုန်လုံးထိခိုက်တာပါ။ ကျား ၃ ဦး၊ မ ၂ ဦးဖြစ်တယ်။ ကျားတစ်ဦးက နေရာမှာ ပွဲချင်းပြီး သေသွားတယ်။ နောက် ကျားတစ်ဦးကလည်း တော်တော် စိုးရိမ်ရတယ်။ ကျန်တဲ့သူတွေက ဆေးကုသမှု ခံယူနေရတယ်” လို့ ဒေသခံတစ်ဦး၏ ပြောဆိုချက်အရ သိရပါ တယ်။
အဆိုပါ အပြန်အလှန်ခိုက်ရန်ဖြစ်ပွားမှု ဖြစ်စဉ်၌ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့သူများကို မြန်မာနိုင်ငံကြက် ခြေနီအသင်းက မုံရွာပြည်သူ့ဆေးရုံကြီးထံ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
#PeopleMedia #ဆားလင်းကြီးမြို့ #မိဘအမွေ
(unicode)
……………………………………………………………..