ဆားလင်းကြီးမြို့တွင် PDF (၁) လောင်းနှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
PUBLISHED - September 30, 2023
နေပြည်တော်၊ စက်တင်ဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ရွှေသမင်ကျေးရွာအနီးတွင် PDF အလောင်း (၁) လောင်းနှင့်အတူ လက်နက်ခဲယမ်းများကို လုံခြုံရေးတပ်ဖွဲ့များမှ သိမ်းဆည်းရရှိကြောင်း သိရသည်။
စက်တင်ဘာလ ၂၉ ရက် နံနက် ၄ နာရီခန့်အချိန်တွင် လုံခြုံရေးတပ်ဖွဲ့များမှ ဆားလင်းကြီးမြို့ရှိ ရွှေသမင် ကျေးရွာအနီး PDF များကို သွားရောက်ရှင်းလင်းရှင်းလင်းခဲ့ကြောင်း သိရသည်။
ထိုရှင်းလင်းရာတွင် PDF အလောင်း (၁) လောင်း၊ ၎င်းကိုဆောင်သည့် အမ်-၂၂ သေနတ် ၁ လက်၊ ကာဘိုင် သေနတ် ၁ လက်၊ အမ်-၂၂ကျည်အိမ် ၁ ခု၊ ကာဘိုင်ကျည်အိမ် ၁ ခု၊ အမ်-၂၂ ကျည် ၅ တောင့် နှင့်အတူ ကာဘိုင်ကျည် ၁၀ တောင့်တို့အား သိမ်းဆည်းရရှိကြောင်း သိရသည်။
Photo – Credit
#PeopleMedia