ဆားလင်းကြီးမြို့တွင် PDF (၃) လောင်းနှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
PUBLISHED - September 30, 2023
နေပြည်တော်၊ စက်တင်ဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့၊ မြင်းညာဘွားကျေးရွာအနီးတွင် PDF အလောင်း (၃) လောင်းနှင့်အတူ လက်နက်၊ ခဲယမ်းများကို လုံခြုံရေးတပ်ဖွဲ့များမှ သိမ်းဆည်းရရှိကြောင်း သိရသည်။
စက်တင်ဘာလ ၃၉ ရက်တွင် လုံခြုံရေးတပ်ဖွဲ့များမှ ဆားလင်းကြီးမြို့ရှိ ကျေးရွာတစ်ချို့အား နယ်မြေရှင်းလင်း ရေးဆောင်ရွက်နေစဉ်အတွင်း မြင်ညာကျေးရွာအနီးတွင် PDF များနှင့် လုံခြုံရေးတပ်ဖွဲ့တို့ အပြန်အလှန် ပစ် ခတ်ခဲ့ကြောင်း သိရသည်။
ထိုပစ်ခတ်ရာတွင် PDF အလာင်း (၃) လောင်း၊ ၎င်းတို့ကိုင်ဆောင်သည့် M-22 ၁ လက်၊ ကာဘိုင် ၁ လက်၊ ကျည်အိမ် ၂ ခု နှင့်အတူ ကျည် ၁၅ တောင့်တို့အား သိမ်းဆည်းရရှိကြောင်း သိရသည်။
အလားတူ ဆားလင်းကြီးမြို့ရှိ ရွှေသမင်ကျေးရွာအနီးတွင် PDF အလောင်း (၁) လောင်းနှင့်အတူ လက်နက်ခဲ ယမ်းများကို လုံခြုံရေးတပ်ဖွဲ့များမှ သိမ်းဆည်းရရှိကြောင်းသိရသည်။
Photo – Credit
#PeopleMedia