• Follow Us on

Home ဆားလင်းကြီး ထွေအုပ်ရုံးကို စစ်သွေးကြွတွေ လက်လုပ်စိန်ပြောင်းဖြင့်ပစ်ခတ်၊ စာရင်းစစ်ရုံးခေါင်မိုး ထိမှန်ပြီး သွပ် (၂)ချပ် ပျက်စီး

ဆားလင်းကြီး ထွေအုပ်ရုံးကို စစ်သွေးကြွတွေ လက်လုပ်စိန်ပြောင်းဖြင့်ပစ်ခတ်၊ စာရင်းစစ်ရုံးခေါင်မိုး ထိမှန်ပြီး သွပ် (၂)ချပ် ပျက်စီး

Share this post

နေပြည်တော်၊ အောက်တိုဘာ ၁၁

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

 

အောက်တိုဘာလ (၉)ရက် ညနေ (၃)နာရီ (၁၀)မိနစ်အချိန်က ဆားလင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအတွင်းသို့ စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ လက်လုပ်စိန်ပြောင်းများဖြင့် ဗုံးသီး (၁၀)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

 

စစ်သွေးကြွများ ပစ်ခတ်သည့် ဗုံးသီးများသည် ထွေအုပ်ရုံး၏ တောင်ဘက်ရှိ ဘောလုံးကွင်းအတွင်းသို့ လည်း ကောင်း၊ မြောက်ဘက်ရှိ မင်ကန်ကြီး ကန်ဘောင်ပေါ်သို့လည်းကောင်း  ကျရောက်ပေါက်ကွဲခဲ့ပြီး ဗုံးသီး (၁)လုံးသည် မြို့နယ် စာရင်းစစ်ရုံးခေါင်မိုး အနောက်ဘက် အစွန်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အမိုးသွပ် (၂)ချပ် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

ယင်းနောက်တွင် စစ်သွေးကြွများ အနေဖြင့် ညနေ (၃)နာရီ (၃၅)မိနစ်တွင် ပစ်ခတ်မှုရပ်တန့်သွားပြီး မြို့၏တောင်ဘက်ရှိ တောင်ပေါ်ကျောင်းဘက်သို့ ထွက်ခွါသွားကြောင်း သိရသည်။

 

#PeopleMedia


Share this post