ဆားတောင်မြို့နယ်၌ သားဖြစ်သူကို ကျောင်းသို့ပို့ပြီးအပြန် ဖခင်ဖြစ်သူသည် လမ်း၌ သေနတ်ဖြင့် လုပ်ကြံခံရ၍ သေဆုံး

PUBLISHED - February 4, 2022
မုံရွာ၊ ဖေဖော်ဝါရီ ၄ (People Media)
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ ဆားတောင်မြို့၊ အ-ထ-က ကျောင်း၌ ပညာသင်ကြားနေသည့် သားဖြစ် သူကို ကျောင်းသို့ လိုက်ပို့ပြီး အပြန် ဖခင်ဖြစ်သူသည် လမ်းခရီး၌ သေနတ်ဖြင့် လုပ်ကြံခံရ၍ သေဆုံးခဲ့သည်။
သေနတ်ဖြင့် လုပ်ကြံခံရသူ ဦးဇော်ဝင်းသည် အသက် (၅၀) အရွယ်ရှိပြီး ဆာတောင်မြို့နယ် ညောင်ပင်ရှည်ရွာ၌ နေထိုင်သူဖြစ်သည်။ ဦးဇော်ဝင်း၏ မိသားစုများသည် တောင်ယာလုပ်ငန်းကို လုပ်ကိုင်နေသူများဖြစ်ပြီး ပါတီနိုင် ငံရေးကင်းရှင်းသူများဖြစ်တယ်လို့ ဒေသခံများက ပြောဆိုသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၃ ရက်နေ့ နံနက်ပိုင်းက ဦးဇော်ဝင်းသည် ၎င်း၏ သားဖြစ်သူကို ဆားတောင်မြို့နယ် အ-ထ-က ကျောင်းသို့ ဆိုင်ကယ်ဖြင့် လိုက်ပို့ပြီးအပြန် သာဇင်ကျေးရွာအနီး၌ သေနတ်သမားများက ဆိုင်ကယ်ဖြင့် စောင့်ဆိုင်းနေပြီး လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
ဦးဇော်ဝင်းနေထိုင်ရာ ညောင်ပင်ရှည်ကျေးရွာနှင့် ဆားတောင်မြို့သည် ၃ မိုင်ခန့်သာကွာဝေးပြီး လုပ်ကြံသတ် ဖြတ်ခံရသည့်နေရာသည် မြို့နှင့် အနီးဆုံးနေရာ၌ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
Photo – Credit
#PeopleMedia #ဆားတောင်မြို့
(unicode)
……………………………………………………………
Photo – Credit