ဆိပ်ကမ်းမြို့နယ် ပယ်ဖျက်ကာ နယ်နမိတ်ချင်းထိစပ်နေသော မြို့နယ်များအတွင်း ထည့်သွင်းမယ့်အပေါ်မှာ ပါတီတွေဘာပြောလဲ
PUBLISHED - May 27, 2019
“ ၂၀၁၈ ကြားဖြတ်ရယ် စည်ပင်ရွေးကောက်ပွဲရယ် တစ်ဖက်က တာဝန်ရှိတဲ့အဖွဲ့က ပုဂ္ဂိုလ်တွေ နယ်မြေကိုမှ အခုလိုလုပ်တယ်ဆိုတဲ့ဟာသည် ဘယ်အတွက်ကြောင့် လုပ်တယ်ဆိုတဲ့ဟာသည် စဉ်းစားတွေးခေါ်တက်တဲ့သူတိုင်းက စဉ်းစားကြည့်ရင် သိနိုင်ပါတယ်” ဦသိန်းထွန်းဦး (USDP)
“ ဒါကတော့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာအရ လိုအပ်ချက်ကြောင့် လုပ်တယ်လို့ပဲ မြင်ပါ တယ်” ဒေါက်တာမျိုးညွန့် (NLD)
“ အဲ့ဒီလိုသာ အနိုင်မရတဲ့မြို့နယ်ကို အနိုင်ရတဲ့ မြို့နယ်ထဲကို ပေါင်းထည့်ပြီးတော့ လုပ်မယ်ဆိုရင် အခြားတိုင်းနဲ့ပြည်နယ်တွေမှာကော အနိုင်မရတဲ့ မြို့နယ်ကို အနိုင်ရ တဲ့မြို့နယ်ထဲပေါင်းထည့်ပြီးတော့ NLD ပါတီနိုင်ခြေရှိအောင် မြို့နယ်တွေ ပေါင်း ထည့်ပြီးတော့ ရွေးကောက်ပွဲဝင်ခိုင်းမယ်ဆိုရင် တရားမျှတမှုရဲ့ အမှတ်လက္ခဏာ မရှိတော့ပါဘူး” ဦးခင်မောင်ဆွေ (NDF)
“ အရင်တုန်းက စေတနာမှန်မှန် နဲ့ ဘယ်လောက်ပဲ လုပ်ခဲ့လုပ်ခဲ့ အစီအစဉ်တွေရှိခဲ့ရှိခဲ့ အခုအချိန်ကျမှ ဒီလိုထလုပ်တာ လူတွေကလည်း သတင်းကလည်း ကြိုမသိထားတဲ့ အခါကျတော့ ဒါက အနိုင်ရပါတီတစ်ခုအနေနဲ့ မလုပ်သင့်မလုပ်ထိုက်တဲ့ သဘောမျိုး သက်ရောက်သွားတယ်” ဦးသောင်းဝင်း (UDP)
ယခုအစိုးရထက် ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ၂၀၁၉ စည်ပင်ရွေးကောက်ပွဲ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် နှစ်ကြိမ်တိုင် ရှုံးနိုပ်ခဲ့သည့် ဆိပ်ကမ်းမြို့ နယ် ပယ်ဖျက်ကာ နယ်နမိတ်ချင်းထိစပ်နေသော မြို့နယ်များအတွင်း ထည့်သွင်းရန် စီစဉ်နေသည့်အပေါ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ၊ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ၊ ပြည်ထောင်စုဒီမိုကရေစီပါတီ သဘောထားနှင့်အမြင်များကို စုစည်းတင်ပြလိုက်ပါသည်။
https://www.facebook.com/303185163868226/videos/2335324320128135/