• Follow Us on
Latest News

Home ဆိပ်ဖြူမြို့တွင် ခရီးသည်ယာဉ်တစ်စီး မိုင်းပေါက်ကွဲ၍ ကလေးတစ်ဦးအပါအဝင် (၃) ဦးဒဏ်ရာရရှိ

ဆိပ်ဖြူမြို့တွင် ခရီးသည်ယာဉ်တစ်စီး မိုင်းပေါက်ကွဲ၍ ကလေးတစ်ဦးအပါအဝင် (၃) ဦးဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၂၉

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့၊ ဆိပ်ဖြူ-ဆောသွားသည့် ကားလမ်းမပေါ်တွင် PDF များထောင်ထားသည့် မိုင်းအားကြိတ်မိ၍ ခရီးသည်ယာဉ်တစ်စီး မိုင်းပေါက်ကွဲရာ ခရီးသည် ကလေး တစ်ဦးအပါအဝင် (၃) ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဒီဇင်ဘာလ ၂၇ ရက် ညနေ ၄ နာရီကျော်တွင် ဆိပ်ဖြူမြိုနယ်ပြည်သူ့ဆေးရုံတွင် မိုင်းထိလူနာ (၃) ဦးဆေး ကုသနေကြောင်း သတင်းရရှိသောကြောင့် ဖြစ်စဉ်နေရာသို့ လုံခြုံရေးတပ်ဖွဲ့များမှ သွားရောက်စစ်ဆေးခဲ့ ကြောင်း သိရသည်။

 

ထိုမိုင်းထိမှန်မူကြောင့် ဒဏ်ရာရရှိသူများမှာ အသက်(၇) နှစ်အရွယ် မောင်ရဲမင်းမော်မှာ ဘယ်ဘက်တင်ပါး ဆုံအထက်ခါးဆစ်တွင်ပွန်းဒဏ်ရာ (မစိုးရိမ်ရ)၊ အသက်(၃၃) နှစ်အရွယ် ဒေါ်ခင်စန်းမှာ ဦးခေါင်း ညာဘ က်ချိုေ စာင်းဖူးရောင်(မစိုးရိမ်ရ) နှင့် အသက်(၆၄) နှစ်အရွယ် ဦးမြင့်စိုးမှာ ညာဘက်ပါးပွန်း၊ အောက်နှုတ် ခမ်းညာဘ က်ပွန်း၊ ခါးနာကျင်၊ ညာဘက်လက်ကောက်ဝတ်ဝတ်ဖူးရောင်ဒဏ်ရာ(မစိုးရိမ်ရ)သည့် ဒဏ်ရာများ ရရှိကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post