ဆိပ်ဖြူမြို့တွင် လယ်ကွင်းထဲတွင် နွားစာရိတ်နေသည့် အမျိုးသမီးတစ်ဦး မိုင်းပေါက်ကွဲ၍ ဒဏ်ရာရ

PUBLISHED - January 29, 2024
နေပြည်တော်၊ ဇန်နဝါရီ ၂၉
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့၊ ပုသိမ်-မုံရွာကားလမ်းဘေးရှိ လယ်ကွင်းအတွင်းထဲတွင် နွား စာရိတ်နေသည့် အမျိုးသမီးတစ်ဦး မိုင်းပေါက်ကွဲ၍ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဇန်နဝါရီလ ၂၇ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် အမျိုးသမီးတစ်ဦး လယ်ကွင်းအတွင်းအရောက်တွင် PDF များထောင်ထားသည့် မိုင်းမှာပေါက်ကွဲ ဒဏ်ရာရရှိသောကြောင့် ဆိပ်ဖြူမြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသ နေကြောင်း သတင်းရရှိသောကြောင့် ဖြစ်စဉ်နေရာသို့ တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရ သည်။
မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသည့် အသက် (၄၀) နှစ်အရွယ် ဒေါ်မူမူမှာ ခန္ဓာကိုယ်အနှံပွန်းပဲ့ဒဏ်ရာများ၊ ညာဘက်လက်ဖျံ ဖူးရောင် ညိုမဲဒဏ်ရာ ၁ ချက်၊ ညာဘက်လက်မောင်းရင်း မိုင်းစဖောက်ဝင်ဒဏ်ရာ ၁ ချက် (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း၊ ၎င်းမှာ ဆိပ်ဖြူမြိုနယ် သက္ကယ်ကျင်းကျေးရွာနေသူဖြစ်ကြောင်း သိရသည်။
Photo – Credit
#PeopleMedia