• Follow Us on

Home ဆိပ်ဖြူမြို့နယ် ထန်းပင်ချောင်းအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးအပါအဝင် ဆရာမ လေးဦးအား စစ်သွေးကြွတွေ ဖမ်းဆီးသွား

ဆိပ်ဖြူမြို့နယ် ထန်းပင်ချောင်းအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးအပါအဝင် ဆရာမ လေးဦးအား စစ်သွေးကြွတွေ ဖမ်းဆီးသွား

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၀

 

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ ထန်းပင်ချောင်းရွာ အထက်တန်းကျောင်းတွင် တာဝန် ထမ်းဆောင်လျှက်ရှိသည့် ကျောင်းအုပ်ဆရာမကြီးအပါအဝင် ဆရာမ လေးဦးအား စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

 

စက်တင်ဘာလ (၉)ရက် နေ့ခင်း (၂)နာရီအချိန်က ထန်းပင်ချောင်းကျေးရွာ အထက်တန်းကျောင်းတွင် တာဝန်ကျနေသည့် ဆရာမ လေးဦးကို စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ ကျောင်းအတွင်း ဝင်ရောက်ကာ ဖမ်းဆီးသွားခြင်းဖြစ်သည်။

 

စစ်သွေးကြွ PDF အဖွဲ့ဝင်များ ဖမ်းဆီးသွားသည့် ဆရာမများမှာ- အသက် (၄၆)နှစ်အရွယ်ရှိ ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်ခင်ချို ၊ အသက် (၃၆)နှစ်အရွယ်ရှိ ဆရာမ ဒေါ်သင်းသင်းရွှေ၊ အသက် (၃၈)နှစ်အရွယ်ရှိ ဆရာမဒေါ်အိမွန်ဌေးနှင့် အသက် (၃၃)နှစ်အရွယ်ရှိ ဆရာမဒေါ်ခင်လေးနွယ်တို့ ဖြစ်ကြောင်း သိရသည်။

 

စစ်သွေးကြွ PDF အဖွဲ့ဝင်များသည် စက်တင်ဘာလ (၅)ရက်က ဖမ်းဆီးခဲ့သည့် လက်ဆည် အထက်တန်း ကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ယခုဖမ်းဆီးထားသည့် ဆရာမလေးဦးတို့အား အရှေ့ကံတွင်း စာသင်ကျောင်းတွင် ချုပ်နှောင်ထားကြောင်း သိရသည်။

 

ဆိပ်ဖြူမြို့နယ် ထန်းပင်ချောင်းကျေးရွာသည် ဆိပ်ဖြူ- ဆော လမ်းပိုင်းနှင့် ဆိပ်ဖြူ- ပေါက်- ပခုက္ကူ လမ်းခွဲအနီးတွင် တည်ရှိသည့် ကျေးရွာဖြစ်သည်။

 

#PeopleMedia


Share this post