• Follow Us on

Home ဆိုက်ဘာကာကွယ်ရေးစနစ်တစ်ခု ထုတ်လုပ်ပေးဖို့ အမေရိကန်ကြည်းတပ်က SealingTech ကုမ္ပဏီကို လုပ်ငန်းအပ်နှံ

ဆိုက်ဘာကာကွယ်ရေးစနစ်တစ်ခု ထုတ်လုပ်ပေးဖို့ အမေရိကန်ကြည်းတပ်က SealingTech ကုမ္ပဏီကို လုပ်ငန်းအပ်နှံ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၉

 

အမေရိကန်ကြည်းတပ်ဟာ ၎င်းတို့ရဲ့ DDS-Mv2 စီမံချက် ခေါ် Deployable Defensive Cyber Operations System – Modular version 2 (လိုအပ်တဲ့နေရာမှာတပ်ဖြန့်ချထားနိုင်တဲ့ ဆိုက်ဘာစစ်ဆင်ရေးကာကွယ်မှု စနစ် – Modular version 2) ထုတ်လုပ်ပေးဖို့အတွက် ဒေါ်လာ ၉.၅၉ သန်း တန်ကြေးရှိ ကန်ထရိုက်စာချုပ်တစ် ခုကို Sealing Technologies ကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆိုလိုက်ပါတယ်။

 

ကွန်ပျူတာနဲ့ သတင်းအချက်အလက်တွေ သိုလှောင်ထိန်းသိမ်းထားတဲ့စနစ်ဟာ ဆိုက်ဘာကာကွယ်ရေးအဖွဲ့ရဲ့ ဆိုက်ဘာစစ်ဆင်ရေး ကွန်ပျူတာပရိုဂရမ် ဆက်နွယ်တဲ့စုစည်းမှုအတွက် ထောက်ပံ့ပေးသလို ဒီစနစ်ကြောင့် ကမ္ဘာပေါ်က နေရာတိုင်းမှာ တပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်ဆင်ရေးတွေ ဆောင်ရွက်နိုင်ကြောင်း မေရီလန်းပြည်နယ် အခြေစိုက် Sealing Technologies ကုမ္ပဏီက ပြောပါတယ်။

 

“ဆိုက်ဘာကာကွယ်ရေးစွမ်းရည်တွေကို မြှင့်တင်ရာမှာ အမေရိကန်ကြည်းတပ်ကို ပံ့ပိုးခွင့်ရတဲ့အတွက် ကျွန် တော်တို့ ဂုဏ်ယူပါတယ်။” လို့ SealingTech ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် ဘရန်ဒွန်ဝှာလန်းက ပြောပါ တယ်။

 

“ဆိုက်ဘာခြိမ်းခြောက်မှုတွေကို ရှာဖွေဖော်ထုတ် တိုက်ခိုက်သွားဖို့ အနာဂတ်စစ်ဆင်ရေးဆောင်ရွက်ရာမှာ ဆက်လက်ပြီး ကြိုတင်ဖန်တီးဆောင်ရွက်နိုင်ဖို့အတွက် အမေရိကန်ဖက်ဒရယ်အစိုးရနဲ့ တပ်မတော်ကို ကူညီ သွားဖို့ SealingTech ကုမ္ပဏီက သံန္နိဋ္ဌာန်ချထားပြီးဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

စီမံချက်ကာလ တစ်နှစ်ချုပ်ဆိုထားတဲ့ အဲဒီသဘောတူစာချုပ်ဟာ နောက်ထပ် သက်တမ်းတစ်နှစ်ထပ်မံတိုး သွားနိုင်ဖို့အတွက်လည်း လမ်းဖွင့်ထားတယ်လို့ ဆိုပါတယ်။

 

“ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ဆိုက်ဘာနယ်ပယ်မှာ ရန်သူ့နိုင်ငံတွေထက် ပိုမိုအားကောင်းလာစေဖို့အ တွက် ကြည်းတပ်ဆိုက်ဘာဌာနချုပ်ရဲ့ ဆိုက်ဘာကာကွယ်ရေးတပ်တွေ တီထွင်ဖန်တီးဒီဇိုင်းရေးဆွဲထားတဲ့ စွမ်း ရည်တွေကို ထောက်ပံ့နေတဲ့ စစ်ဆင်ရေးမိတ်ဖက်အဖွဲ့အစည်းတစ်ရပ်ဖြစ်လာဖို့ပဲဖြစ်ပါတယ်။” လို့ Sealing Tech ကုမ္ပဏီရဲ့ ကြည်းတပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးစီမံချက်မန်နေဂျာ ဝိတ်ဒ်ဆောင်းဒါးက ပြောပါတယ်။

 

Ref: US Army Contracts SealingTech for Defensive Cyber Ops System

 

#PeopleMedia


Share this post