ဆိုက်ဘာကျွမ်းကျင်တပ်ဖွဲ့ဝင်စုဆောင်းရေး ဗြိတိန်တပ်မတော် အရှိန်မြှင့်ဆောင်ရွက်မည်

PUBLISHED - February 8, 2025
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၈
လွန်ခဲ့တဲ့နှစ်နှစ်အတွင်း ဆိုက်ဘာတိုက်ခိုက်မှုတွေ မြင့်တက်လာတာကို တုံ့ပြန်တဲ့အနေနဲ့ ဗြိတိန်တပ်မတော်ဟာ ဆိုက် ဘာကာကွယ်ရးတပ်ဖွဲ့ဝင်စုဆောင်းရေးကို အရှိန်မြှင့်ဆောင်ရွက်နေပါတယ်။
စီမံချက်အရ ဆိုက်ဘာကျွမ်းကျင်တပ်ဖွဲ့ဝင်တွေအတွက် စံသတ်မှတ်ထားတဲ့ သင်တန်းကာလ ၁၀ ပတ် (နှစ်လခွဲ) ကို တစ်လအထိ လျှော့ချသွားမှာဖြစ်ကြောင်း ဗြိတိန်ဒုတိယကာကွယ်ရေးဝန်ကြီး လုခ်ပိုလဒ်က ပြောပါတယ်။
ဆိုက်ဘာကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲ့လစာကို ဝင်ဝင်ချင်း တစ်နှစ် ပေါင် ၄၀၀၀၀ (ဒေါ်လာ ၄၉,၇၄၇) ပေးမှာဖြစ်တဲ့အ တွက် ဒီလစာပမာဏဟာ ဗြိတိန်တပ်မတော်ထဲက လစာအမြင့်ဆုံးတွေထဲမှာ ပါဝင်ပါတယ်။
ရွေးချယ်ခံရတဲ့တပ်ဖွဲ့ဝင်ဟာ အခြေခံသင်တန်းပြီးတာနဲ့ နှစ်အကုန်မှာ စစ်ဆင်ရေးတာဝန်တွေထမ်းဆောင်မယ့်တပ်ရင်း ကို သတင်းမပို့ခင် အောက်စဖို့ဒ်ရှိုင်းယားကောင်တီ၊ ရှာဗနန်ကျေးရွာမှာရှိတဲ့ တပ်မတော်ဆိုက်ဘာတက္ကသိုလ် (Defence Cyber Academy) မှာ အဆင့်မြင့်သင်တန်း ၃ လ ဆက်လက်တက်ရောက်ရမှာဖြစ်ပါတယ်။
ဆိုက်ဘာကာကွယ်ရေးတပ်ဖွဲ့အတွက် သီးသန့်တာဝန်တွေထဲမှာ ဝန့်လ်တ်ရှိုင်းယားကောင်တီ၊ ကိုရှမ်းမှာရှိတဲ့ စစ်ဌာန ချုပ်တစ်ဝန်း တပ်မတော်ကွန်ရက်ကာကွယ်ရေးနဲ့ ဆိုက်ဘာဝန်ဆောင်မှုလုပ်ငန်းတွေပါ ပါဝင်ပါတယ်။
ဗြိတိန်တော်ဝင်ကြည်းတပ် ဆိုက်ဘာတပ်ဖွဲ့ဝင်စုဆောင်းရေးကို ၂၀၂၆ ခုနှစ်မှာ စတင်ဆောင်ရွက်မှာဖြစ်ပြီး လက်ရှိတပ် ဖွဲ့ဝင်သစ်တွေကတော့ တော်ဝင်ရေတပ်နဲ့ တော်ဝင်လေတပ်မှာ တာဝန်ချထားမှာဖြစ်ပါတယ်။
ဆိုက်ဘာကာကွယ်ရေးတပ်ဖွဲ့ မဟာဗျူဟာအရ အခုနှစ်မှာ ဆိုက်ဘာကျွမ်းကျင်တပ်ဖွဲ့ဝင် ၃၂ ဦးကို စုဆောင်းလေ့ကျင့် ပေးသွားမှာဖြစ်ပြီး လာမယ့်နှစ်တွေမှာတော့ အင်အားတိုးမြှင့်ခေါ်ယူသွားမှာဖြစ်ပါတယ်။
“ပြီးခဲ့တဲ့နှစ်နှစ်အတွင်း ဗြိတိန်တပ်မတော်ရဲ့ကွန်ရက်တွေဟာ အကြိမ်ရေ ၉၀,၀၀၀ ကျော် ဆိုက်ဘာတိုက်ခိုက်မှုခံခဲ့ရ တာကြောင့် ကျွန်တော်တို့ရဲ့ ဆိုက်ဘာကာကွယ်ရေးကို အဆင့်မြှင့်တင်ဖို့ အရေးတကြီးလိုအပ်နေပြီဖြစ်ပါတယ်။” လို့ လုခ်ပိုလဒ်က ပြောပါတယ်။
“ကျွန်တော်တို့ဟာ ဆိုက်ဘာအာကာသနဲ့အတူ စစ်မျက်နှာသစ်တစ်ခုအဖြစ် ခြိမ်းခြောက်မှုအသစ်တစ်ခုနဲ့ ရင်ဆိုင်နေရ ပြီဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ ဆိုက်ဘာကျွမ်းကျင်တပ်ဖွဲ့ဝင်သစ်တွေ ရှာဖွေစုဆောင်းခြင်း၊ ပြောင်းလဲမှုအ တွက် စီမံချက်ရဲ့ အခြေခံအုတ်မြစ်အဖြစ် အမျိုးသားလုံခြုံရေးမြှင့်တင်ခြင်းအားဖြင့် ကာကွယ်ရေးအတွက် ဆောင်ရွက် သွားမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
အဆင့်မြင့်ဆိုက်ဘာကျွမ်းကျင်တပ်ဖွဲ့ဝင်တွေ တပ်မတော်ထဲကို ဝင်ရောက်လာတာဟာ ၂၁ ရာစု ပြိုင်ဘက်တွေနဲ့ တခြား ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ဖို့အတွက် တပ်ဖွဲ့ဝင်တွေကို ပိုမိုကောင်းမွန်တဲ့လက်နက်တွေ တပ်ဆင်ပေးလိုက်တာဖြစ် ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂျွန်ဟီလီက ပြောပါတယ်။
Ref: British Military to ‘Fast-Track’ Cyber Workforce Expansion
#PeopleMedia