ဆိုက်ဘာစစ်ဆင်ရေးအတွက် သီးခြားဆိုက်ဘာတပ်ဖွဲ့တစ်ခုတည်ထောင်ရန် အင်ဒိုနီးရှားအစိုးရကို တိုက်တွန်းနေ
PUBLISHED - July 11, 2024
နိုင်ငံတကာ၊ ဇူလိုင် ၁၁
ဆိုက်ဘာစစ်ဆင်ရေးတစ်ခုတည်းအတွက် ရည်ရွယ်ထားတဲ့ သီးခြားတပ်ဖွဲ့တစ်ခု တည်ထောင်ဖို့ အင်ဒိုနီးရှား အစိုးရကို အားပေးတိုက်တွန်းနေကြပါတယ်။
အဆိုပြုထားတဲ့အစီအစဉ်ဟာ လက်ရှိအချိန်မှာ ရှောင်လွှဲလို့မရတော့ကြောင်း အမျိုးသားကြံ့ခိုင်မှုအင်စတီကျု (National Resilience Institute) ရဲ့ အုပ်ချုပ်ရေးမှူးဟောင်း အန်ဒီးဝီဂျာဂျန်တိုက ပြောခဲ့တဲ့အတွက် စတုတ္ထ မြောက်တပ်ဖွဲ့တစ်ခု ဖွဲ့စည်းဖို့အတွက် ဂျကာတာမှာ ဆွေးနွေးနေကြပါတယ်။
အစိုးရအဖွဲ့အစည်းတွေရော အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေရော ကွန်ပျူတာကွန်ရက်တွေကတစ်ဆင့် နိုင်ငံ ကို တိုက်ခိုက်မှုတွေ မြှင့်တင်ဆောင်ရွက်လာနိုင်စွမ်းရှိပုံရတဲ့အတွက် အခုအစီအစဉ်ကို မြန်မြန်ဆန်ဆန် အ ကောင်အထည်ဖော်ဖို့ အစိုးရအတွက် အလွန်အရေးကြီးကြောင်းလည်း ၎င်းက ပြောပါတယ်။
တပြိုင်တည်းမှာပဲ နိုင်ငံတော်ထောက်လှမ်းရေးကောလိပ်က ဆိုက်ဘာလုံခြုံရေးကျွမ်းကျင်သူ ပရာတာမာပါဆာ ဒါက “ကွန်ပျူတာကွန်ရက်တွေကတစ်ဆင့် တိုက်ခိုက်မှုဟာ နိုင်ငံတစ်ခုရဲ့စီးပွားရေးကို အလျင်အမြန် ဆိုးရွားစွာ ထိခိုက်စေနိုင်ကြောင်းပြောဆိုရင်း” ဆိုက်ဘာစစ်ပွဲအန္တရာယ်ကို ရှင်းပြပါတယ်။
ဆိုက်ဘာတိုက်ခိုက်မှုဟာ ၎င်းရဲ့ပစ်မှတ်တွေကို ပိုမိုတိုက်ခိုက်ရလွယ်ကူပြီး သမရိုးကျလက်နက်တွေနဲ့ တုံ့ပြန် တိုက်ခိုက်ဖို့ မလွယ်ကူတဲ့ တိုက်ခိုက်မှုအမျိုးအစားတစ်ရပ်လည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လ နှောင်းပိုင်းက အင်ဒိုနီးရှားနိုင်ငံမှာ အကြီးမားဆုံးဆိုက်ဘာတိုက်ခိုက်မှုခံခဲ့ရတဲ့အတွက် သီခြားဆိုက် ဘာတပ်ဖွဲ့တစ်ခု တည်ထောင်ဖို့ ဆွေးနွေးမှုတွေ ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။
ကန်ပျူတာစနစ်တစ်ခုရဲ့လမ်းကြောင်းတွေကို ပိတ်ပစ်တဲ့ဆော့ဖ်ဝဲတိုက်ခိုက်မှုတစ်ခုကြောင့် အဓိကလေဆိပ် ကြီးတွေက လူဝင်မှုကြီးကြပ်ရေးစနစ်နဲ့ လေဆိပ်လုပ်ငန်းဆောင်ရွက်မှုစနစ်တွေအပါအဝင် ဂျကာတာမှာရှိတဲ့ အစိုးရဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ ထိခိုက်ပျက်စီးခဲ့ရပါတယ်။
ဆိုက်ဘာတိုက်ခိုက်သူတွေက သူတို့တောင်းဆိုထားတဲ့ ဒေါ်လာ ၈ သန်း မရသွားပေမဲ့ အစိုးရအဖွဲ့အစည်း ၂၃၀ ကျော် ထိခိုက်ခဲ့ကြောင်း အင်ဒိုနီးရှားအစိုးရက ပြောပါတယ်။
အင်ဒိုနီးရှားတပ်မတော်မှာ ဆိုက်ဘာတပ်ဖွဲ့ငယ်တစ်ခုရှိပြီးသားဖြစ်ပေမဲ့ အဲဒီတပ်ဖွဲ့ငယ်ဟာ ပြည်တွင်းလုပ်ငန်း စဉ်တွေကိုသာဆောင်ရွက်နေခြင်းဖြစ်ပြီး စစ်ဘက်ဆိုင်ရာ အဓိက စနစ်တွေကိုသာ ထောက်ပံ့နေခြင်းဖြစ်ပါ တယ်။
မကြာသေးခင်ကလည်း အင်ဒိုနီးရှားတပ်မတော်ရဲ့ “မဟာဗျူဟာမြောက်ထောက်လှမ်းရေးအဖွဲ့” ကို ဆိုက်ဘာ တိုက်ခိုက်မှုလုပ်ဖို့ ကြိုးပမ်းခဲ့တဲ့အကြောင်း မီဒီယာတချို့မှာဖော်ပြခဲ့တာတောင်မှ အင်ဒိုနီးရှားနိုင်ငံမှာ ဆိုက်ဘာ တိုက်ခိုက်မှု ခုခံနိုင်စွမ်းနည်းပါးနေသေးတဲ့ အခြေအနေမှာသာရှိနေပါသေးတယ်။
Ref: Indonesia Urged to Create Separate Military Branch for Cyber Warfare
#PeopleMedia