• Follow Us on
Latest News

Home ဆိုက်ဘာတိုက်ခိုက်မှုတုံ့ပြန်ဖို့အတွက် “ဆိုက်ဘာတိုက်ခိုက်ရေးမဟာဗျူဟာစင်တာ” တစ်ခု ယူကရိန်း ဖွဲ့စည်း တည်ထောင်

ဆိုက်ဘာတိုက်ခိုက်မှုတုံ့ပြန်ဖို့အတွက် “ဆိုက်ဘာတိုက်ခိုက်ရေးမဟာဗျူဟာစင်တာ” တစ်ခု ယူကရိန်း ဖွဲ့စည်း တည်ထောင်

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၁၁

 

အရေးကြီးတဲ့ စစ်ရေးအခြေခံအဆောက်အအုံတွေ တိုက်ခိုက်ခံလာရတဲ့အခါ ပြန်လည်တုံ့ပြန်တိုက်ခိုက်နိုင်ဖို့ ရည်ရွယ်ပြီး “ဆိုက်ဘာတိုက်ခိုက်ရေးမဟာဗျူဟာစင်တာ” တစ်ခုကို ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက တည်ထောင်လိုက်ပါတယ်။

 

တခြားနိုင်ငံတွေမှာ တည်ထောင်ထားသလို “စစ်ဘက်ဆိုင်ရာကွန်ပျူတာအရေးပေါ်တုံ့ပြန်မှုအဖွဲ့” တစ်ဖွဲ့ ဒါမှမ ဟုတ် MilCERT လို့ခေါ်တဲ့ အဖွဲ့နဲ့ အလားသဏ္ဍန်တူလုပ်ငန်းတာဝန်တွေကို အဆိုပါ စင်တာအသစ်က ဆောင် ရွက်သွားမှာဖြစ်ကြောင်း အခုသီတင်းပတ်အစောပိုင်းက ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲမှာ ဖော်ပြ ထားပါတယ်။

 

၂၀၁၈ ခုနှစ်က လတ်ဗီးယားနိုင်ငံမှာ ပထမဦးဆုံး တည်ထောင်ခဲ့တဲ့ MilCERT ကို ဆိုက်ဘာတိုက်ခိုက်မှုတွေကို ကာကွယ်ဖို့နဲ့ ကာကွယ်ရေးဝန်ကြီးဌာနအတွင်း ဆက်သွယ်ရေးကွန်ရက်တွေ ဘေးကင်းလုံခြုံရေးအတွက် အ ထူးစစ်ဆေးမှုလုပ်ငန်းတွေကို ဆောင်ရွက်ဖို့ တာဝန်ပေးထားပါတယ်။

 

ယူကရိန်းရဲ့ “ဆိုက်ဘာတိုက်ခိုက်ရေးမဟာဗျူဟာစင်တာ” ကတော့ အဆိုပါတာဝန်ထမ်းဆောင်မှုတွေအပြင် ဆိုက်ဘာခြိမ်းခြောက်မှုတွေကို ထိထိရောက်ရောက် ပြန်လည်တုံ့ပြန်နိုင်ဖို့အတွက် နေတိုးအဖွဲ့ဝင်နိုင်ငံ တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။

 

ယူကရိန်းမှာ ဆိုက်ဘာလုံခြုံရေးအတွက် အဓိကရည်ရွယ်ပြီးဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ဖွဲ့ရှိပြီးသားဖြစ်ပေမဲ့ အခုလို သီးခြားစင်တာတစ်ခု တည်ထောင်လိုက်တာဟာ အရေးကြီးတဲ့အခြေခံအဆောက်အအုံတွေကို ကာကွယ်ရာမှာ စွမ်းရည်ပိုမိုမြှင့်တင်သွားနိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

 

“ဆိုက်ဘာအဖွဲ့ ပူးပေါင်းတာဝန်ထမ်းဆောင်မယ့် ကျွမ်းကျင်သူအသစ်တွေကို ကျွန်မတို့ တောက် လျှောက်ရှာ ဖွေနေပါတယ်။ ကျွန်မတို့နဲ့ လက်တွဲအလုပ်လုပ်နေတဲ့ အတော်ဆုံးကျွမ်းကျင်သူတွေ ရှိပါတယ်။ သူတို့က သူတို့ လုပ်ငန်းနယ်ပယ်ထဲမှာ အကြီးမားဆုံး ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြော ပါတယ်။” လို့ ဒစ်ဂျစ် တယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဒုတိယကာကွယ်ရေးဝန်ကြီး ကက်တရီးနားချာနိုဟိုရန်ကိုက ပြောပါတယ်။

 

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ရုရှားကျူးကျော်တိုက်ခိုက်မှုစတင်ကတည်းက ယူကရိန်းနိုင်ငံဟာ ဆို်က်ဘာခြိမ်း ခြောက်မှုတွေ အကြီးအကျယ်ရင်ဆိုင်ခဲ့ရပါတယ်။ ရုရှား၊ ဘယ်လာရုစ်နိုင်ငံတို့နဲ့ ဆက်နွယ်တဲ့ဟက်ကာအုပ်စု လေးငါးဖွဲ့ဟာ စစ်ပွဲအတွင်း ယူကရိန်းတပ်မတော် အရာရှိတွေရဲ့ လူမှုကွန်ရက်အကောင့်တွေကို အောင်မြင်စွာ ချိုးဖောက်ဝင်ရောက်နိုင်ခဲ့ကြောင်း ဖေ့စ်ဘွတ်ခ် ကုမ္ပဏီကြီး Meta က ပြောပါတယ်။

 

ယူကရိန်းအစိုးရပိုင် နျူကလီးယား ကုမ္ပဏီကြီးဖြစ်တဲ့ Energoatom ကုမ္ပဏီကလည်း ၎င်းတို့ ဝက်ဆိုက် တိုက် ခိုက်ခံရတာနဲ့ ပတ်သက်ပြီး ရုရှားအစိုးရကို ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

 

ဒါ့အပြင် ရုရှားဟက်ကာတွေဟာ စစ်ရာဇဝတ်မှုကျူးလွန်မှုအထောက်အထားတွေကို အကဲဖြတ်ကြည့်ရှုနိုင်ဖို့အ တွက် ယူကရိန်းလုံခြုံရေးအဖွဲ့အစည်းတွေရဲ့ ကွန်ပျူတာစနစ်တွေကို စိမ့်ဝင်ထိုးဖောက်ဖို့ ကြိုးပမ်းခဲ့ကြောင်း ယူကရိန်းဆိုက်ဘာကာကွယ်ရေးအကြီးအကဲက ပြီးခဲ့တဲ့နှစ်က ပြောပါတယ်။

 

ရုရှားနိုင်ငံဟာ ယူကရိန်းကို ဆိုက်ဘာတိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်လာတဲ့အတွက် ဆိုက်ဘာကာကွယ် ရေးအပိုင်းကို မြှင့်တင်ဆောင်ရွက်ဖို့ ယူကရိန်းအစိုးရကို အမေရိကန်က သတိပေးထားခဲ့ပါတယ်။

 

Ref: Ukraine Sets Up Strategic Center to Combat Cyberattacks

 

#PeopleMedia


Share this post