ဆိုင်ကယ်ဖြင့် ဈေးဝယ်ရန်သွားသည့် အမျိုးသားတစ်ဦးကို PDF အဖွဲ့ဝင်များမှ လက်ပြန်ကြိုးတုပ်ပြီး သေနတ် ဖြင့် ပစ်ခတ်သတ်ဖြတ်
PUBLISHED - January 26, 2024
နေပြည်တော်၊ ဇန်နဝါရီ ၂၆
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ အောင်ပန်းကုန်းကျေးရွာတွင် ဆိုင်ကယ်ဖြင့် ဈေးဝယ်ရန်သွားသည့် အမျိုးသား တစ်ဦးကို PDF အဖွဲ့ဝင်များမှ လက်ပြန်ကြိုးတုပ်ပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ ဆိုင်ကယ် အား ယူဆောင်သွားကြောင်း သိရသည်။
ဇန်နဝါရီလ (၂၅) ရက် မွန်းလွဲ (၂) နာရီအချိန်က နွားထိုးကြီးမြို့နယ်၊ အောင်ပန်းကုန်းကျေးရွာတွင် နေထိုင် သည့် အသက် (၂၄) နှစ်အရွယ်ရှိ ကိုအေးချမ်းသည် CZI -125 ဆိုင်ကယ်ဖြင့် နွားထိုးကြီးမြို့ပေါ်သို့ ဈေး ဝယ်ရန် သွားရောက်ခဲ့ပြီး အောင်ပန်းကုန်းကျေးရွာသို့ ပြန်လာခဲ့သည်။
ယင်းနောက်တွင် PDF အဖွဲ့ဝင် သုံးဦးမှ သေနတ် အတို/ အရှည်များ ကိုင်ဆောင်ကာ ဆိုင်ကယ်နှစ်စီးဖြင့် အသင့်စောင့်ဆိုင်းနေပြီး ကိုအေးချမ်း ကျေးရွာအဝင်သို့ ရောက်ရှိလာချိန်တွင် PDF အဖွဲ့ဝင်များမှ ကိုအေးချမ်း အား လက်ပြန်ကြိုးတုပ်ကာ သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး အေးချမ်း၏ ဆိုင်ကယ်အား ယူဆောင်ကာ မလှိုင်မြို့ ဘက်သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ကိုအေးချမ်းတွင် ဝဲ၊ ယာဘက်လက်ပြင် ဖောက်ဝင်ဒဏ်ရာ (၂) ချက်၊ ဝဲ ဘက်ရင်အုံ ဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ ဦးခေါင်း ယာဘက်ခြမ်း ပွင့်ထွက်ဒဏ်ရာ (၁)ချက်တို့ဖြင့် အခင်း ဖြစ်ပွါးသည့် နေရာတွင် သေဆုံးသွားကြောင်း သိရသည်။
#PeopleMedia