• Follow Us on
Latest News

Home ဆိုင်ကယ်မောင်း သင်နေသည့် ကလေးငယ်နှစ်ဦး PDF ထောင်ထားသည့် မိုင်းနင်းမိပြီး တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရ

ဆိုင်ကယ်မောင်း သင်နေသည့် ကလေးငယ်နှစ်ဦး PDF ထောင်ထားသည့် မိုင်းနင်းမိပြီး တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရ

Share this post

နေပြည်တော်၊ ဇွန် ၁၁

 

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ရှောက်ပင်ရိုးကျေးရွာအုပ်စု၊ နွယ်ရုံကျေးရွာတွင် ဆိုင်ကယ်မောင်း သင်နေသည့် ကလေးငယ်နှစ်ဦး PDF ထောင်ထားသည့် မိုင်းနင်းမိပြီး တစ်ဦးသေဆုံးသွားကာ တစ်ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

 

ဇွန်လ (၈)ရက် ညနေ (၃)နာရီခွဲ အချိန်က အသက် (၁၄)နှစ်အရွယ် မောင်စိုင်းလုံ (ခ) အိုက်လုံချမ်းနှင့် အသက် (၁၃)နှစ်အရွယ် မောင်ဝင်းဝင်းတောက်တို့ နှစ်ဦးသည် နွယ်ရုံကျေးရွာသုဿန်၏ အနောက်ဘက်ရှိ ဘောလုံး ကွင်းဘေး နွယ်ရုံ-ရေမျက်သွားလမ်းတွင် ဆိုင်ကယ်မောင်းသင်နေကြောင်း သိရသည်။

 

ယင်းသို့ သင်နေစဉ် PDF အဖွဲ့ဝင်များ ထောင်ထားသည့် မိုင်းအား နင်းမိပြီး မောင်စိုင်းလုံ (ခ) အိုက်လုံချမ်းတွင် ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ (၁)ချက်၊ အထက်နှုတ်ခမ်း ပေါက်ပြဲဒဏ်ရာ (၁)ချက်၊ လည်ပင်း ပေါက်ပြဲ ဒဏ်ရာ (၁)ချက်၊ ဝဲနံဘေး ပေါက်ပြဲဒဏ်ရာ (၁)ချက်၊ ဝဲလက် ပေါက်ပြဲဒဏ်ရာ (၁)ချက်၊ နားခေါင်း ပေါက်ပြဲ ဒဏ်ရာ (၁)ချက်စသည့် ဒဏ်ရာများ ရရှိခဲ့ပြီး မောင်ဝင်းဝင်းတောက်သည် ရရှိဒဏ်ရာများဖြင့် အခင်းဖြစ်ပွါး သည့်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

 

လက်ရှိအချိန်တွင် သေဆုံးသွားသည့် မောင်ဝင်းဝင်းတောက်နှင့် ဒဏ်ရာရရှိခဲ့သည့် မောင်စိုင်းလုံ(ခ) အိုက်လုံ ချမ်းတို့အား စဉ့်ကူးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုပေးခြင်းနှင့် စစ်ဆေးခြင်းများ ပြုလုပ် လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post