ဆိုင်ကယ် Taxi မောင်းသည့် အမျိုးသားတစ်ဦးကို ငှားရမ်းသည့် အမျိုးသားမှ ဓားဖြင့်ထိုး

PUBLISHED - October 4, 2023
နေပြည်တော်၊ အောက်တိုဘာ ၄
ရှမ်းပြည်နယ်၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့၊ မလိပါကော်ရွာ၊ တံတားအသစ်အနီးရှိ လယ်ကွင်းဘေးတွင် ဆိုင်ကယ် Taxi မောင်းသည့် အမျိုးသားတစ်ဦးကို ငှားရမ်းသည့် အမျိုးသားမှ ဓားဖြင့်ထိုးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာလ ၃ ရက် နေ့လည် ၁ နာရီအချိန်တွင် အမျိုးသားတစ်ဦးမှ ဆိုင်ကယ် taxi 835 ယာဉ် အား မိုင်းကိုးမလိပါကော်ရွာသို့ငှားရမ်းခဲ့ပြီး မလိပါကော်ရွာထိပ်အရောက်တံတားအသစ်အနီးရှိ လယ်ကွင်းဘေး တွင် ဆိုင်ကယ် Taxi 835 အား မောင်းသည့် အမျိုးသားတစ်ဦးကို ငှားရမ်းသည့် အမျိုးသားမှ ဓားဖြင့်ထိုးခဲ့ ကြောင်း သိရသည်။
ထို ဆိုင်ကယ် Taxi 835 အားမောင်းသည့် မော်တော်ဆိုင်ကယ်ကို လှဲချပြီး ငှားရမ်းသည့် အမျိုးသားကို ပြန် လည်လုံးထွေးခဲ့ကြောင်း၊ ထိုမော်တော်ဆိုင်ကယ်မောင်းသည့် အမျိုးသား၏ နောက်ကျောတွင်ထိုးသွင်းဒဏ်ရာ (၁) ချက်ရရှိမှုကြောင့် ရွှေမယ်ယန်းပရဟိတမှ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Photo – Credit
#PeopleMedia