• Follow Us on
Latest News

Home ဆိုင်းယမ်ပါရဂွန်ဈေးဝယ်စင်တာအတွင်း ဆယ်ကျော်သက်အရွယ်ပစ်ခတ်မှု ၂ ဦးသေ၊ ၅ ဦး ဒဏ်ရာရ

ဆိုင်းယမ်ပါရဂွန်ဈေးဝယ်စင်တာအတွင်း ဆယ်ကျော်သက်အရွယ်ပစ်ခတ်မှု ၂ ဦးသေ၊ ၅ ဦး ဒဏ်ရာရ

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၄

 

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်ကောင်မှာရှိတဲ့ ဆိုင်းယမ်ပါရဂွန်ဈေးဝယ်စင်တာအတွင်း အင်္ဂါနေ့ (အောက်တို ဘာလ ၃ ရက်နေ့) ညနေပိုင်းက အသက် ၁၄ နှစ်အရွယ်ယောကျ်ားလေးတစ်ဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့ရာ တ ရုတ်နိုင်ငံသား ၁ ဦးနဲ့ မြန်မာနိုင်ငံသား အလုပ်သမား ၁ ဦးသေဆုံးခဲ့ပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

 

ကနဦးသတင်းတွေအရ သေဆုံးသူဦးရေ ၃ ဦးဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောပေမဲ့ နောက်ပိုင်းမှာသေဆုံးသူဦးရေ ၂ ဦးသာဖြစ်ပြီး ၁ ဦးက အပြင်းအထန်ဒဏ်ရာရရှိထားကြောင်း ပြောပါတယ်။

 

တရုတ်နိုင်ငံသားကတော့ သေနတ်ထိမှန်မှန်ချင်း ချက်ချင်းသေဆုံးသွားပြီး မြန်မာအလုပ်သမားကတော့ ရရှိ ထားတဲ့ဒဏ်ရာနဲ့ ဆေးရုံမှာသေဆုံးသွားတာဖြစ်ပါတယ်။ သေဆုံးသွားတဲ့သူတွေရဲ့နာမည်ကို ရဲတပ်ဖွဲ့ကထုတ် ပြန်ခြင်းမရှိသေးပါဘူး။

 

အမည်မသိသေးတဲ့သေနတ်သမားဟာ ကျည်ကုန်သွားတဲ့အချိန်မှာ လက်နက်ချအဖမ်းခံခဲ့တယ်လို့ဆိုပါတယ်။

 

အဲဒီသေနတ်မသမားလူငယ်ကို တတိယထပ်မှာရှိတဲ့ ဈေးဆိုင်ခန်းတစ်ခုမှာ ဖမ်းဆီးရရှိခဲ့တာဖြစ်ပါတယ်။

 

သေနတ်သမားဟာ ဈေးဝယ်စင်တာနဲ့ ချိတ်ဆက်ထားတဲ့ လမ်းကတစ်ဆင့် ဆိုင်းယမ်ကမ်ပင်စကီဟိုတယ်ဘန် ကောက်ဘက်ကို ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမဲ့ ဟိုတယ်က ချိတ်ဆက်ထားတဲ့ အဲဒီအဝင်ပေါက်ကို ပိတ်ထားလိုက် တယ်လို့ ဆိုပါတယ်။

 

ပစ်ခတ်မှုစတင်ခဲ့တဲ့ ညနေ ၄ နာရီအချိန်မှာ ဈေးဝယ်ပြည်သူတွေကို ဘေးကင်းရာခိုလှုံနေဖို့ တိုက်တွန်းနှိုးဆော် ခဲ့ပါတယ်။ ကြောက်ရွံ့နေတဲ့ဈေးဝယ်သူတွေဟာ ဈေးဝယ်စင်တာထဲက ထွက်ပြေးဖို့ကြိုးစားခဲ့ကြပြီး လူအများအ ပြားကတော့ ဆိုင်ခန်းပိုင်ရှင်တွေက တံခါးဖွင့်ပေးတဲ့အတွက် ဆိုင်ခန်းတွေထဲ ပြေးဝင်ကြပါတယ်။

 

True Shop ဆိုတဲ့ဈေးဆိုင်ခန်းပိုင်ရှင်က လူအများအပြားကို ၎င်းဈေးဆိုင်ထဲဝင်ခိုင်းပြီး စတိုခန်းထဲမှာ ပုန်းနေ ခိုင်းထားတယ်လို့ ဈေးဝယ်သူတစ်ဦးက ထိုင်း Channel 3 ရုပ်သံဌာနကိုပြောပါတယ်။

 

ညနေ ၅ နာရီ ၁၅ မိနစ်မှာ သေနတ်သမားကို ဖမ်းမိပြီးဖြစ်ကြောင်း ရုပ်သံဌာနကကြေညာလိုက်ပြီးနောက် ဆိုင် ရှင်တွေကို ဈေးဝယ်စင်တာထဲကနေ ထွက်ခွာသွားကြဖို့ တိုက်တွန်းလိုက်ပါတယ်။

 

ဆိုင်ရှင်တွေ၊ စတိုးဆိုင်ဝန်ထမ်းတွေအများအပြား ထိတ်လန့်တုန်လှုပ်စွာနဲ့ ဈေးဝယ်စင်တာထဲက ထွက်ခွာသွား နေကြတဲ့ပုံတွေကို Channel 3 ရုပ်သံဌာနရဲ့ ညနေ ၆ နာရီအထိ ထုတ်လွှင့်ခဲ့တဲ့ သတင်းမှာတွေ့မြင်နေရပါ တယ်။

 

ဒဏ်ရာရတဲ့သူတွေကိုတော့ ရဲတပ်ဖွဲ့အထွေထွေဆေးရုံကြီး၊ ချူလာလောင်ကွန်ဆေးရုံကြီးနဲ့ ဟွာချီးယူဆေးရုံတို့ ကို ပို့ဆောင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

 

အခင်းဖြစ်ပွားရာနေရာမှာ ရဲတပ်ဖွဲ့ဝင်တွေက အဲဒီလူငယ်လေးကို စစ်ဆေးမေးမြန်းရာမှာ အဲဒီသေနတ်သမားက တစ်စုံတစ်ယောက်က ၎င်းကိုတိုက်ခိုက်ဖို့လာနေတယ်လု့ိထင်လို့ ၎င်းရဲ့ပစ္စတိုသေနတ်ကိုထုတ်ပြီး ပစ်ခတ်ခဲ့တာ ဖြစ်ကြောင်း ထွက်ဆိုခဲ့တယ်လို့ဆိုပါတယ်။

 

အဲဒီလူငယ်လေးဟာ ဈေးဝယ်စင်တာအနီးက ကျူရှင်ကျောင်းတစ်ခုမှာ ကျောင်းတက်နေတဲ့ ကျောင်းသားတစ် ဦးဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

 

အဲဒီလူငယ်လေးဟာ ဘန်းကေးနယ်မြေမှာနေထိုင်တဲ့သူဖြစ်ပြီး ၎င်းထံက အော်တိုမစ်တစ် ၉ မမ Glock ပစ္စတို တစ်လက်သိမ်းဆည်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ အခင်းဖြစ်ပြီးပြီးချင်း တော်ဝင်ထိုင်းရဲတပ်ဖွဲ့မင်းကြီး ရဲချုပ်ကြီးထောဆိတ်ဆတ်ဗီမိုလ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ အခင်းဖြစ်နေရာကို ရောက်ရှိလာကြပါတယ်။

 

ကနဦးစစ်ဆေးချက်တွေအရ သိရတာကတော့ အဲဒီသေနတ်သမားလူငယ်လေးဟာ ကွန်ပျူတာဂိမ်းနဲ့ သေနတ် ပစ်ခတ်မှုကို စွဲနေတဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။

 

အဲဒီလူငယ်ကို ဥပဒေအရ အရေးယူဆောင်ရွက်ဖို့အတွက် ဖသမ်ဝမ်ရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ၎င်း ရဲ့မိဘတွေကို ရဲစခန်းကို ဆင့်ခေါ်ထားကြောင်း သိရပါတယ်။

 

Ref: Teen, 14, kills two people, injures 5 in shooting spree at Bangkok’s Siam Paragon

 

#PeopleMedia


Share this post