• Follow Us on
Latest News

Home ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် တက္ကစီဒရိုင်ဘာဘဝဖြင့် အပိုဝင်ငွေရှာဖွေခဲ့ရကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်ပြော

ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် တက္ကစီဒရိုင်ဘာဘဝဖြင့် အပိုဝင်ငွေရှာဖွေခဲ့ရကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်ပြော

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၃ (People Media)

 

ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲခြင်းသည် သမိုင်းဝင်ရုရှားကို အဆုံးသတ်လိုက်ခြင်းဖြစ်ကြောင်းပြောဆိုရင်း ဆိုဗီ ယက်ပြည်ထောင်စုပြိုကွဲပြီးနောက် စားဝတ်နေရေးအတွက် တက္ကစီမောင်းခဲ့ရကြောင်း ရုရှားသမ္မတဗလာဒီမာ ပူတင်က ပြောဆိုလိုက်သည်။

 

ဆိုဗီယက်ပြည်ထောင်စုပြိုကွဲခြင်းအတွက် ဝမ်းနည်းကြေကွဲနေသော ဆိုဗီယက်ပြည်ထောင်စုခေတ် KGB ထောက်လှမ်းရေးဟောင်းတစ်ဦးဖြစ်သူ ပူတင်က လွန်ခဲ့သည့်နှစ်ပေါင်းသုံးဆယ်အတွင်းက တိုင်းပြည်ပြိုကွဲမှုမှာ နိုင်ငံသားအများစုအတွက် ကြေကွဲဖွယ်ရာဖြစ်ရပ်ဖြစ်ကြောင်း ပြောသည်။

 

“ဘာပဲဖြစ်ဖြစ် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲခဲ့ပါပြီ။ တကယ်တော့ ဒါဟာ ဆိုဗီယက်ပြည်ထောင်စုဆိုတဲ့နာမည် နဲ့ သမိုင်းဝင်ရုရှားနိုင်ငံ ပြိုကွဲတာပါပဲ” ရုရှားခေါင်းဆောင်ပူတင်၏စကားကို ကိုးကား၍ ရုရှားအစိုးရပိုင် RIA Novosti သတင်းဌာနက ထုတ်လွှင့်ခဲ့သည်။

 

ဆိုဗီယက်ပြည်ထောင်စုပြိုကွဲခဲ့စဉ်အခါက ဆိုဗီယက်ပြည်ထောင်စုအပေါ်သစ္စာစောင့်သိခဲ့သော ထောက်လှမ်း ရေးတစ်ဦးဖြစ်သူ ပူတင်မှာ စိတ်ထိခိုက်ကြေကွဲခဲ့ရကြောင်း၊ ဆိုဗီယက်ပြိုကွဲခြင်းကို ၂၀ ရာစု၏ အကြီးမားဆုံး သော ပထဝီနိုင်ငံရေးဆိုင်ရာဘေးဒုက္ခကြီးဖြစ်ကြောင်း ၎င်းကပြောသည်။

 

ရုရှားသမ္မတပူတင်သည် ယခင်ဆိုဗီယက်ပြည်ထောင်စုဟောင်းအဖွဲ့ဝင်နိုင်ငံများဆီသို့ အနောက်နိုင်ငံစစ်တပ်၏ ရည်ရွယ်ချက်ရှိရှိချဲ့ထွင်မှုကို အကဲဆတ်သူတစ်ဦးဖြစ်သည်။ နေတိုးအဖွဲ့အနေဖြင့် ဂျော်ဂျီယာနှင့် ယူကရိန်းနိုင်ငံ များနှင့် ဆက်ဆံရေးတံခါးသစ်ဖွင့်လှစ်ရန် ဆုံးဖြတ်ခဲ့သည့် ၂၀၀၈ ခုနှစ် ဆုံးဖြတ်ချက်ကို တရားဝင်ပြင်ဆင်ရန် ယခုသီတင်းပတ်အတွင်း ရုရှားနိုင်ငံက တောင်းဆိုလိုက်သည်။

 

ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် စီးပွားရေးမတည်ငြိမ်မှုများ အရှိန်မြင့်တက်လာပြီး ရုရှားနိုင်ငံတွင်း ဆင်း ရဲဒုက္ခရောက်ခဲ့ကြသည်။ ရုရှားနိုင်ငံသစ်အနေဖြင့် ကွန်မြူနစ်စနစ်ကျင့်သုံးနေသည့်နိုင်ငံအဖြစ်မှ အရင်းရှင်စနစ် ကျင့်သုံးသည့်နိုင်ငံအဖြစ်သို့ ကူးပြောင်းခဲ့သည်။

 

ပူတင်အနေဖြင့် ထိုအချိန်က အပိုဝင်ငွေရှာဖွေရန် တက္ကစီကားမောင်းနှင်ခဲ့ရသည်ဟု ပြောကြားခဲ့ကြောင်း RIA Novosti သတင်းဌာနက ထုတ်လွှင့်ခဲ့သည်။

 

“တစ်ခါတစ်လေ ကျွန်တော် အပိုဝင်ငွေရှာရပါတယ်။ ကျွန်တော်ဆိုလိုတာ ကျွန်တော် တက္ကစီဒရိုင်ဘာဘဝနဲ့ အပိုဝင်ငွေရှာရတယ်လို့ ပြောတာပါ။ ရိုးရိုးသားသားပြောရရင် အခုလိုပြောရတာမျိုး ဘယ်ပြောချင်ပါ့မလဲဗျာ။ ဒါပေမဲ့ ဒါက တကယ်ဖြစ်ခဲ့တာပါ” ဟု ပူတင်ကပြောသည်။

 

အနောက်ဘက်ကမ်းခြေရှိ ဘော်လတစ်ကမ်းခြေနိုင်ငံများမှသည် ဗဟိုအာရှနိုင်ငံများအထိ ပါဝင်သော (ထို စဉ်က) ပြည်နယ် ၁၅ ပြည်နယ်ထဲတွင် ရုရှားသည် ဆိုဗီယက်ပြည်ထောင်စု၏ ဗဟိုချက်မပြည်နယ်တစ်ခု ဖြစ်ခဲ့ သည်။ ၁၉၉၁ ခုနှစ်တွင် စီးပွားရေးဒုက္ခပေါင်းစုံကြောင့် ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲပြီးနောက် ရုရှားသည် လွတ်လပ်သောနိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့သည်။

 

Ref: Russia’s Vladimir Putin says he drove a taxi after fall of Soviet Union

 

#PeopleMedia

 

(unicode)


…………………………………………………………

 


 


 


 


 


 


 


 


 


 


 

Ref: Russia’s Vladimir Putin says he drove a taxi after fall of Soviet Union

 

#PeopleMedia


Share this post