ဆိုမာလီယာႏိုင္ငံ ဟိုတယ္တိုက္ခိုက္ခံရမႈျဖစ္စဥ္၌ အရပ္သား ၁၀ ဦးအပါအဝင္ ၁၆ ဦး ေသဆုံး

PUBLISHED - August 17, 2020
ၾသဂုတ္ ၁၇
ဆိုမာလီယာႏိုင္ငံ၊ မိုဂါဒစ္႐ွဴးၿမိဳ႕ေတာ္ရွိ ကမ္းေျခဟိုတယ္တစ္လုံး၌ ယမန္ေန႔က အယ္လ္ရွာဘတ္အဖြဲ႕မွ တိုက္ခိုက္ေရးသမားမ်ား၏ တိုက္ခိုက္မႈတစ္ခုအတြင္း အရပ္သားဆယ္ဦးႏွင့္ ရဲတပ္ဖြဲ႕ဝင္တစ္ဦး ေသ ဆုံးခဲ့ေၾကာင္း တာဝန္ရွိသူတစ္ဦးက ေျပာၾကားခဲ့သည္။
တိုက္ခိုက္ေရးသမားငါးဦးက ယမန္ေန႔ညေနပိုင္းတြင္ မိုဂါဒစ္႐ွဴးၿမိဳ႕ေတာ္ လီဒိုကမ္းေျခရွိ ဇိမ္ခံဟိုတယ္ တစ္လုံးအား စီးနင္းတိုက္ခိုက္ခဲ့ရာ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ယင္းဟိုတယ္အား ျပန္လည္ထိန္းခ်ဳပ္ႏိုင္ရန္ ေလး နာရီ ၾကာျမင့္ခဲ့ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာန၊ ေျပာေရးဆိုခြင့္ရွိသူ အစၥေမးလ္မူခ္တာအိုမာက ေျပာသည္။
“အရပ္သားဆယ္ဦး၊ စစ္ေသြးႂကြငါးဦးအျပင္ ဆိုမာလီယာ အထူးရဲတပ္ဖြဲ႕ဝင္တစ္ဦး ေသဆုံးခဲ့ပါတယ္” ဟု အိုမာက ေျပာသည္။
ဆိုမာလီယာ လုံၿခဳံေရးတပ္ဖြဲ႕က ဟိုတယ္အား စီးနင္းတိုက္ခိုက္မႈႏွင့္ တိုက္ခိုက္ေရးသမားမ်ားကို မည္ကဲ့သို႔ သုတ္သင္ခဲ့သည္မွာ မရွင္းလင္းေပ။
ကားဗုံးေပါက္ကြဲမႈအတြင္း တိုက္ခိုက္ေရးသမားတစ္ဦး ေသဆုံးၿပီး ပစ္ခတ္မႈတစ္ခုအတြင္း ႏွစ္ဦး ေသဆုံးခဲ့ ေၾကာင္း အေစာပိုင္းတြင္ အမည္မေဖာ္လိုသည့္ လုံၿခဳံေရးသတင္းရင္းျမစ္တစ္ခုက ေျပာၾကားခဲ့သည္။
လူ ၂၈ ဦးထက္မနည္း ဒဏ္ရာရရွိခဲ့ေၾကာင္း အခင္းျဖစ္ပြားရာေနရာရွိ လူနာတင္ယာဥ္လုပ္သားမ်ားက ေျပာၾကားခဲ့သည္။
တိုက္ခိုက္မႈကို လုပ္ေဆာင္ခဲ့သည္ဟု အယ္လ္ရွာဘတ္အဖြဲ႕က ေျပာၾကားခဲ့သည္ဟု ထုတ္ျပန္ခ်က္တစ္ခုအရ သိရသည္။
အယ္လ္ရွာဘတ္အဖြဲ႕သည္ တစ္ခ်ိန္က ဆိုမာလီယာႏိုင္ငံရွိ ေဒသအမ်ားစုႏွင့္ မိုဂါဒစ္႐ွဴးၿမိဳ႕ေတာ္တို႔ကို ထိန္း ခ်ဳပ္ႏိုင္ခဲ့ေသာ္လည္း ၂၀၁၁ ခုႏွစ္တြင္ ယင္းအဖြဲ႕မွာ မိုဂါဒစ္႐ွဴးၿမိဳ႕ေတာ္ျပင္ပ ေမာင္းထုတ္ခံခဲ့ရၿပီးေနာက္ စစ္ ေသြးႂကြမ်ားက ပုံမွန္တိုက္ခိုက္မႈမ်ား ျပဳလုပ္ကာ အစိုးရအား ဆက္လက္ဆန္႔က်င္လ်က္ရွိသည္။
ကိုးကား ။ ။ ေအအက္ဖ္ပီ
Ref; Deadly gun and bomb attack at hotel in Somalia’s capital Mogadishu
(unicode)
ဆိုမာလီယာနိုင်ငံ ဟိုတယ်တိုက်ခိုက်ခံရမှုဖြစ်စဉ်၌ အရပ်သား ၁၀ ဦးအပါအဝင် ၁၆ ဦး သေဆုံး
……………………………………………………
ဩဂုတ် ၁၇
ဆိုမာလီယာနိုင်ငံ၊ မိုဂါဒစ်ရှူးမြို့တော်ရှိ ကမ်းခြေဟိုတယ်တစ်လုံး၌ ယမန်နေ့က အယ်လ်ရှာဘတ်အဖွဲ့မှ တိုက်ခိုက်ရေးသမားများ၏ တိုက်ခိုက်မှုတစ်ခုအတွင်း အရပ်သားဆယ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေ ဆုံးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
တိုက်ခိုက်ရေးသမားငါးဦးက ယမန်နေ့ညနေပိုင်းတွင် မိုဂါဒစ်ရှူးမြို့တော် လီဒိုကမ်းခြေရှိ ဇိမ်ခံဟိုတယ် တစ်လုံးအား စီးနင်းတိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ယင်းဟိုတယ်အား ပြန်လည်ထိန်းချုပ်နိုင်ရန် လေး နာရီ ကြာမြင့်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ အစ္စမေးလ်မူခ်တာအိုမာက ပြောသည်။
“အရပ်သားဆယ်ဦး၊ စစ်သွေးကြွငါးဦးအပြင် ဆိုမာလီယာ အထူးရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ပါတယ်” ဟု အိုမာက ပြောသည်။
ဆိုမာလီယာ လုံခြုံရေးတပ်ဖွဲ့က ဟိုတယ်အား စီးနင်းတိုက်ခိုက်မှုနှင့် တိုက်ခိုက်ရေးသမားများကို မည်ကဲ့သို့ သုတ်သင်ခဲ့သည်မှာ မရှင်းလင်းပေ။
ကားဗုံးပေါက်ကွဲမှုအတွင်း တိုက်ခိုက်ရေးသမားတစ်ဦး သေဆုံးပြီး ပစ်ခတ်မှုတစ်ခုအတွင်း နှစ်ဦး သေဆုံးခဲ့ ကြောင်း အစောပိုင်းတွင် အမည်မဖော်လိုသည့် လုံခြုံရေးသတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။
လူ ၂၈ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း အခင်းဖြစ်ပွားရာနေရာရှိ လူနာတင်ယာဉ်လုပ်သားများက ပြောကြားခဲ့သည်။
တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့သည်ဟု အယ်လ်ရှာဘတ်အဖွဲ့က ပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်တစ်ခုအရ သိရသည်။
အယ်လ်ရှာဘတ်အဖွဲ့သည် တစ်ချိန်က ဆိုမာလီယာနိုင်ငံရှိ ဒေသအများစုနှင့် မိုဂါဒစ်ရှူးမြို့တော်တို့ကို ထိန်း ချုပ်နိုင်ခဲ့သော်လည်း ၂၀၁၁ ခုနှစ်တွင် ယင်းအဖွဲ့မှာ မိုဂါဒစ်ရှူးမြို့တော်ပြင်ပ မောင်းထုတ်ခံခဲ့ရပြီးနောက် စစ် သွေးကြွများက ပုံမှန်တိုက်ခိုက်မှုများ ပြုလုပ်ကာ အစိုးရအား ဆက်လက်ဆန့်ကျင်လျက်ရှိသည်။
ကိုးကား ။ ။ အေအက်ဖ်ပီ
Ref; Deadly gun and bomb attack at hotel in Somalia’s capital Mogadishu