ဆိုးလ်မြို့မှာ ဘီလျံနာ ၂၀ အပါအဝင် သန်းကြွယ်သူဌေး ၈၀,၀၀၀ ကျော်ရှိ
PUBLISHED - May 9, 2024
နိုင်ငံတကာ၊ မေ ၉
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ဒေါ်လာ ၁ သန်းကျော်ချမ်းသာတဲ့ သန်းကြွယ်သူဌေး ၈၀,၀၀၀ ကျော်ရှိပြီး သန်းကြွယ်သူဌေး ကမ္ဘာ့အဆင့် ၁၉ ရှိကြောင်း မကြာသေးခင်ကမှ ပြုလုပ်ခဲ့တဲ့စစ်တမ်းတစ်ရပ်က ဖော်ပြလိုက် ပါတယ်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိ ဆိုးလ်မြို့မှာ ဒေါ်လာ ၁ သန်းကျော်ချမ်းသာတဲ့ သန်းကြွယ်သူဌေး ၈၂,၅၀၀ ဦးရှိ ကြောင်း နိုင်ငံတကာသတင်းအချက်အလက်ရှာဖွေရေး ကုမ္ပဏီ New World Wealth နဲ့ ပူးပေါင်းပြီး ရင်းနှီးမြှုပ် နှံမှုရွှေ့ပြောင်းရေးအကြံပေးကုမ္ပဏီ Henry & Partners က ထုတ်ပြန်လိုက်တဲ့ “၂၀၂၄ ကမ္ဘာ့အချမ်းသာဆုံး မြို့ကြီးများ” အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ချမ်းသာကြွယ်ဝမှုကို တိုင်းတာရာမှာ လူပုဂ္ဂိုလ်တစ်ဦးချင်းပိုင်ဆိုင်တဲ့ ပြန်လည်ရောင်းချဖို့လွယ်ကူတဲ့ ပစ္စည်း တွေ၊ ကုမ္ပဏီပိုင်ဆိုင်မှုတွေ၊ ငွေသားပိုင်ဆိုင်မှုတွေနဲ့ အကြွေးကင်းစင်တဲ့ ဦးအိမ်အဆောင်အအုံပိုင်ဆိုင်မှုတွေ ကို အခြေခံပြီး နှစ်ပတ်လည်အစီရင်ခံစာမှာထည့်သွင်းဖော်ပြခဲ့တာဖြစ်ကြောင်း Henry & Partners က ပြောပါ တယ်။
သန်းကြွယ်သူဌေး ၉၀,၉၀၀ ဦးရှိတဲ့ တက္ကဆက်ပြည်နယ် ဟူစတန်မြို့နဲ့ သန်းကြွယ်သူဌေး ၈၈,၄၀၀ ဦးရှိတဲ့ ဇူးရစ်မြို့ပြီးရင် သန်းကြွယ်သူဌေး ၈၂,၅၀၀ ဦးရှိတဲ့ ဆိုးလ်မြို့ဟာ ကမ္ဘာ့အဆင့် ၁၉ နေရာကို ရရှိခဲ့တာဖြစ် ပါတယ်။
သန်းကြွယ်သူဌေး ၇၉,၈၀၀ ဦးရှိတဲ့ ဂျီနီဗာမြို့နဲ့ သန်းကြွယ်သူဌေး ၇၂,၅၀၀ ဦးရှိတဲ့ ဒူဘိုင်းတို့ကတော့ ဆိုးလ် မြို့ရဲ့နောက်မှာရှိပါတယ်။ ဒါ့အပြင် အဲဒီစာရင်းထဲမှာ ဆိုးလ်မြို့မှာ ဒေါ်လာ သန်း ၁၀၀ ကျော်ချမ်းသာတဲ့သူဌေး ၁၉၅ ဦးရှိပြီး ဒေါ်လာ ၁ ဘီလျံ (သန်း ၁,၀၀၀) ကျော်ချမ်းသာတဲ့သူဌေး ၂၀ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
ဆိုးလ်မြို့မှာ ဘီလျံနာ ၂၀ ရှိတဲ့အတွက် ဘီလျံနာ ၁၄ ဦးသာရှိတဲ့ တိုကျိုမြို့ထက် ဘီလျံနာဦးရေ ပိုမိုများပြားပါ တယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်က နောက်ဆုံးအစီရင်ခံစာမှာ ဆိုးလ်မြို့မှာ သန်းကြွယ်သူဌေး ၉,၇၀၀၀ ဦးရှိတဲ့အတွက် တစ် နှစ်အတွင်း သူဌေးဦးရေ ၁၀,၀၀၀ ကျော် လျော့ကျသွားတာဖြစ်တယ်လို့ ဆိုပါတယ်။
ကနဦးအစီရင်ခံစာမှာ သန်း ၁၀၀ အထက်ချမ်းသာသူ ၂၂၉ ဦးရှိပြီး သန်း ၁,၀၀၀ အထက်ချမ်းသာတဲ့ ဘီလျံနာ ၂၄ ဦးရှိတဲ့အတွက် ဒီအစီရင်ခံစာပါဦးရေဟာ လျော့ကျသွားတာဖြစ်ပါတယ်။
သန်းကြွယ်သူဌေးဦးရေ လျော့ကျသွားရတဲ့အကြောင်းရင်းကို အစီရင်ခံစာမှာ အသေးစိတ်ဖော်ပြထားခြင်းမရှိပေ မဲ့ တောင်ကိုရီးယားစတော့အိပ်ချိန်းဈေးကွက်က အားနည်းနေပြီး အိမ်ခြံမြေဈေးကွက်ကလည်း ကာလရှည် ကျ ဆင်းနေတယ်လို့ ဆိုပါတယ်။
အစီရင်ခံစာဖော်ပြချက်အရ သန်းကြွယ်သူဌေး ၃၄၉,၅၀၀ ဦး ရှိတဲ့ နယူးယောက်မြို့ကတော့ ကမ္ဘာ့အချမ်းသာ ဆုံးမြို့အဖြစ် ထိပ်ဆုံးကရပ်တည်နေပါတယ်။
အဲဒီနောက်မှာတော့ ဆန်ဖရန်စစ္စကိုနဲ့ ဆီလီကွန်တောင်ကြားပါဝင်တဲ့ ဘေးနယ်မြေက သူဌေး ၃၀၅,၇၀၀ ဦး၊ တိုကျိုမြို့က ၂၉၈,၃၀၀ ဦး၊ စင်္ကာပူက ၂၄၄,၈၀၀ ဦးနဲ့ လန်ဒန်က ၂၂၇,၀၀၀ ဦးတို့ဖြစ်ပါတယ်။
နယူယောက်မြို့သားသူဌေးတွေရဲ့ စုစုပေါင်းပိုင်ဆိုင်မှုဟာ ဒေါ်လာ ၃ ထရီလီယန်ရှိတဲ့အတွက် အစီရင်ခံစာပါ အချမ်းသာဆုံးအဓိကမြို့ကြီး ၂၀ ရဲ့ စုစုပေါင်းပိုင်ဆိုင်မှုထက် ကျော်လွန်တယ်လို့ ဆိုပါတယ်။
Ref: Over 80,000 millionaires, 20 billionaires in Seoul: report
#PeopleMedia