• Follow Us on

Home ဆီဆိုင်မြို့နှင့် ဝိန်းကောင်ရွာကြားရှိ သံကူကွန်ကရစ်တံတားအား အကြမ်းဖက်သမားများမှ မိုင်းထောင် ဖောက်ခွဲဖျက်ဆီး

ဆီဆိုင်မြို့နှင့် ဝိန်းကောင်ရွာကြားရှိ သံကူကွန်ကရစ်တံတားအား အကြမ်းဖက်သမားများမှ မိုင်းထောင် ဖောက်ခွဲဖျက်ဆီး

Share this post

နေပြည်တော်၊ မေ ၆

 

ဒေသအတွင်း လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြည်သူများ ခရီးသွားလာမှု လွယ်ကူမြန်ဆန်စေရေး အတွက် အခြေခံအဆောက်အအုံဖြစ်သည့် လမ်း/တံတားများ ဖောက်လုပ်တည်ဆောက်ပေးလျက်ရှိရာ အကြမ်းဖက်သောင်းကျန်းသူများက လမ်း/တံတားများအား လက်လုပ်မိုင်း၊ လက်လုပ်ဗုံးများဖြင့် မိုင်းထောင် ဖောက်ခွဲ၊ တိုက်ခိုက်ခြင်းများကို ဆင်ခြင်တုံတရား နည်းပါးစွာဖြင့် ကျူးလွန်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

 

ထိုသို့ မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်းများပြုလုပ်လျက်ရှိရာ ပြီးခဲ့သည့်ရက်ပိုင်းက ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ဆီဆိုင်မြို့နယ်၊ ဆီဆိုင်-စံကားလမ်း(ဆီဆိုင်မြို့နှင့် ဝိန်းကောင်ရွာကြား)ရှိ တံတားအမှတ် ၅/၅ ဝိန်းကောင်သံကူ ကွန်ကရစ်တံတားအား KNDF အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမား များက မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့သဖြင့် ပေါက်ကွဲမှုကြောင့် ဆီဆိုင်ဘက်ခြမ်းတံတားအဝင်ကြမ်းခင်းနှင့် တံတားယက်မ ပျက်စီးခဲ့မှုကြောင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်ခြင်း မရှိကြောင်း သိရသည်။

 

ထိုသို့ အများပြည်သူ သွားလာအသုံးပြုလျက်ရှိသည့် သံကူကွန်ကရစ်တံတားအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post