• Follow Us on
Latest News

Home ဆီထွက်သီးနှံအမျိုးမျိုးမှ တစ်နှစ်လျှင် တန်ချိန် ၃၅၀၀၀ ထွက်ရှိမည့် စားသုံးဆီထုတ်လုပ်မှုလိုင်းတည်ဆောက် ရေး မြန်မာ-ရုရှား ဆွေးနွေး

ဆီထွက်သီးနှံအမျိုးမျိုးမှ တစ်နှစ်လျှင် တန်ချိန် ၃၅၀၀၀ ထွက်ရှိမည့် စားသုံးဆီထုတ်လုပ်မှုလိုင်းတည်ဆောက် ရေး မြန်မာ-ရုရှား ဆွေးနွေး

Share this post

နေပြည်တော်၊ မတ် ၁၅

 

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့နံနက်ပိုင်းတွင် ရုရှားနိုင်ငံ NPP A-Engineering LLC Company မှ Chief Commercial Officer Mr. Alexei Shoshin ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့အား စက်မှုဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

 

တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံအမျိုးမျိုးမှ တစ်နှစ်လျှင် တန်ချိန် ၃၅၀၀၀ ထွက်ရှိမည့် စားသုံးဆီ ထုတ်လုပ်မှုလိုင်းတည်ဆောက်ရေး၊ ဆီကြိတ်ခွဲရာမှ ထွက်ရှိသည့် ဘေးထွက်ပစ္စည်းများဖြင့် တိရစ္ဆာန်အစား အစာနှင့် လောင်စာတောင့်များ ထုတ်လုပ်ရေး၊ သီးနှံများစိုက်ပျိုးခြင်း၊ ပြုပြင်ထုပ်ပိုးခြင်း၊ သင်တန်းများဖွင့် လှစ်ခြင်း၊ ကုန်ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက် စက်များတပ်ဆင်ခြင်းနှင့် စမ်းသပ်လည်ပတ်ခြင်း၊ ကြီး ကြပ်ပေးခြင်းစသည့် လုပ်ငန်းများဆောင်ရွက်ရေးစသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ထို့ပြင် ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေး၊ စိုက်ဧကများ အားလုံးတွင် သတ်မှတ်ပန်းတိုင်အထွက်နှုန်းများ ရရှိရေး၊ ဆီထွက်သီးနှံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရေး၊ မျိုးကောင်းမျိုးသန့် ရွေးချယ်ခြင်း၊ စိုက်နည်းစနစ်နှင့် စိုက်ချိန်မှန်ကန်ခြင်း၊ မြေပြုပြင်ခြင်းနှင့် သွင်းအားစုများ ထည့်သွင်းခြင်း၊ ပိုးမွှားရောဂါနှိမ်နင်းခြင်း၊ စနစ်တကျရိတ်သိမ်းခြွေလှေ့ခြင်း စသည့်ကိစ္စရပ်များကို နိုင်ငံတော်မှ တွန်းအားပေး ဆောင်ရွက်နေမှု၊ စားသုံးဆီများကို အစားအစာဘေးကင်းလုံခြုံမှု စည်းမျဉ်းစည်းကမ်းများနှင့် အညီ နိုင်ငံတကာစံချိန်စံညွှန်းများနှင့် ကိုက်ညီစွာ အဆင့်မြှင့်တင်ထုတ်လုပ်ရေး၊ မိရိုးဖလာဆီထုတ်လုပ်သည့် လုပ်ငန်းနည်းစနစ်မှ ပိုမိုကောင်းမွန်သည့် ဆီချောထုတ်လုပ်နိုင်ရန် ဆီသန့်စင်သည့် Refinery ဆိုင်ရာ နည်း ပညာများလိုအပ်ခြင်းနှင့် ဆီသန့်စင်စက်များ ဝယ်ယူတင်သွင်းနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post