• Follow Us on
Latest News

Home ဆီမီးကွန်ဒတ်တာထုတ်လုပ်ရေး အဆင့်မြင့်အင်ဂျင်နီယာတွေ မွေးထုတ်နိုင်ဖို့အတွက် လူသားရင်းမြစ်သင်တန်း တွေ ဗီယက်နမ်ဖွင့်လှစ်

ဆီမီးကွန်ဒတ်တာထုတ်လုပ်ရေး အဆင့်မြင့်အင်ဂျင်နီယာတွေ မွေးထုတ်နိုင်ဖို့အတွက် လူသားရင်းမြစ်သင်တန်း တွေ ဗီယက်နမ်ဖွင့်လှစ်

Share this post

နိုင်ငံတကာ၊ ဧပြီ ၂

 

ဗီယက်နမ်-ကိုရီးယား တက္ကသိုလ် (VKU) က ဆီမီးကွန်ဒတ်တာ (တစ်ပိုင်းလျှပ်ကူးပစ္စည်း) ထုတ်လုပ်ရေးနယ် ပယ်အတွက် လူသားရင်းမြစ်သင်တန်းကို စတင်ဖွင့်လှစ်လိုက်ပြီး အဲဒီသင်တန်းကနေ ပထမဦးဆုံးအကြိမ်အ ဖြစ် ၂၀၂၈ ခုနှစ်မှာ အင်ဂျင်နီယာ ၆၀၀ ကနေ ၁,၀၀၀ မွေးထုတ်သွားမှာဖြစ်ကြောင်း သိရပါတယ်။

 

ဗီယက်နမ်မြို့တော်မှာ အမေရိကန်၊ ဂျပန်၊ ကိုရီးယား၊ ထိုင်ဝမ်နဲ့ ဥရောပနိုင်ငံတွေက ဆီမီးကွန်ဒတ်တာထုတ် လုပ်ရေး ရင်းနှီးမြှုပ်နှံမှုလှိုင်းတွေကို လက်ခံနိုင်ရေး အဆင့်မြင့်အင်ဂျင်နီယာတွေ မွေးထုတ်နိုင်ဖို့အတွက် အခုလို ပထမဦးဆုံးအကြိမ် လူသားရင်းမြစ်သင်တန်းစီမံချက်ကို စတင်အကောင်အထည်ဖော်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

 

ဆီမီးကွန်ဒတ်တာနယ်ပယ်မှာ အနာဂတ်ကာလသင်တန်းစီမံချက်တွေအတွက် အဓိကအင်အားစုတစ်ရပ်အဖြစ် စီမံချက်အခြေပြုကထိကတွေနဲ့ ကျောင်းသားတွေ ၂၅ ဦးပါဝင်တဲ့ ပထမဦးဆုံးအဆင့်မြင့်သင်တန်းကို ဗီယက် နမ်-ကိုရီးယား တက္ကသိုလ် (VKU) က စတင်ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။

 

ဒါနန်မြို့နဲ့ နိုင်ငံတစ်ဝန်းမှာ ကွန်ပျူတာသိပ္ပံ၊ သတင်းနဲ့ နည်းပညာ၊ အီလက်ထရောနစ်ပစ္စည်းထုတ်လုပ်ရေးနဲ့ ဆီမီးကွန်ဒတ်တာထုတ်လုပ်ရေးတာဝန်တွေ ထမ်းဆောင်နိုင်ဖို့အတွက် မဟာဗျူဟာမြောက်လူသားရင်းမြစ်စီမံ ချက်နယ်ပယ်မှာ အခုသင်တန်းဟာ ပထမဦးဆုံးအဆင့်ဖြစ်ကြောင်း VKU တက္ကသိုလ်ရဲ့ ပါမောက္ခချုပ် ဝင်း ကောင်းဖက်ပ်က ပြောပါတယ်။

 

VKU တက္ကသိုလ်အနေနဲ့ ၂၀၂၄-၂၀၂၇ ခုနှစ်အတွင်း ဗီယက်နမ်နိုင်ငံအလယ်ပိုင်းမှာ ဆီမီးကွန်ဒတ်တာနဲ့ ချိ (ပ်) ဒီဇိုင်းအင်ဂျင်နီယာ ၅၀၀ ကိုလည်း ပထမဦးဆုံးအကြိမ်အဖြစ် လေ့ကျင့်သင်ကြား မွေးထုတ်ပေးသွားမှာဖြစ် ကြောင်း ပါမောက္ခချုပ်က ပြောပါတယ်။

 

ဒါနန်တက္ကသိုလ်လက်အောက်ခံ VKU တက္ကသိုလ်ဟာ Synopsys ကုမ္ပဏီနဲ့ ပူးပေါင်းပြီး ဆီမီးကွန်ဒတ်တာနဲ့ ချိ (ပ်) ဒီဇိုင်းဆိုင်ရာ သင်တန်းနဲ့ သုတေသနလုပ်ငန်းတွေအတွက် ထောက်ပံ့ပေးမယ့် ဆီမီးကွန်ဒတ်တာနဲ့ စမတ် နည်းပညာဌာနကြီးတစ်ခုကိုလည်း ဖွင့်လှစ်ခဲ့ပါတယ်။

 

ဒါ့အပြင် ဆီမီးကွန်ဒတ်တာနဲ့ AI နည်းပညာတွေနဲ့ပတ်သက်တဲ့ သုတေသန၊ သင်တန်းနဲ့ ဒီဇိုင်းရေးဆွဲခြင်းလုပ် ငန်းတွေအတွက် နိုင်ငံတကာစင်တာတစ်ခုအဖြစ် မြို့တော်တစ်ခုတည်ဆောက်ဖို့ မြို့တော် ဆီမီးကွန်ဒတ်တာချိ (ပ်) ထုတ်လုပ်ရေးနဲ့ ဒီဇိုင်းစီမံချက်ရဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် ပထမဦးဆုံး ဒါနန် ဆီမီးကွန်ဒတ်တာ သုတေ သန၊ ဒီဇိုင်း လေ့ကျင့်ရေးနဲ့ AI စင်တာ (Da Nang Semiconductor Research, Design Training & AI Centre – DSAC) ကိုလည်း ဒါနန်တက္ကသိုလ်က တည်ထောင်ခဲ့ပါတယ်။

 

ဆီမီးကွန်ဒတ်တာ တပ်ဆင်ရေး၊ စမ်းသပ်ရေး၊ ထုတ်ပိုးရေး (ATP) နဲ့ ဆီမီးကွန်ဒတ်တာ ထုတ်လုပ်မှုဖွံ့ဖြိုးတိုး တက်ရေးမြှင့်တင်ဖို့အတွက် စင်တာတစ်ခုတည်ထောင်ရာမှာ ကူညီပံ့ပိုးဖို့ ဗီယက်နမ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် မာ့ခ်အီးကနတ်ပါကို ဒါနန်တက္ကသိုလ်က အကူအညီတောင်းခံခဲ့ပါတယ်။

 

ဒါနန်ြမို့က Intel ကုမ္ပဏီ၊ Marvell Technology Group၊ Qualcomm ကုမ္ပဏီနဲ့ Synopsys ကုမ္ပဏီ တို့ကို လည်း လာရောက်ရင်းနှီးမြှုပ်နှံဖို့ ကမ်းလှမ်းခဲ့ပါတယ်။

 

ဒါနန်မြို့မှာ စမတ်ဖုန်းစက်ရုံတွေ ပထမဦးဆုံးအကြိမ်တည်ဆောက်ရာမှာ တောင်ကိုရီးယားနိုင်ငံရဲ့ ကမ္ဘာကျော် အီလက်ထရောနစ်ကုမ္ပဏီကြီးဖြစ်တဲ့ Samsung ကုမ္ပဏီဟာ ဒူတန် တက္ကသိုလ်မှာ Samsung Innovation Campus (SIC) ကို တည်ထောင်ခဲ့ပြီး Trung Nam Group နဲ့ Tan Long Paper and Package ကုမ္ပဏီတို့ ကို ပံ့ပိုးကူညီလျက်ရှိပါတယ်။

 

Intel ကုမ္ပဏီနဲ့ Qualcomm ကုမ္ပဏီတို့ကလည်း ဆီမီးကွန်ဒတ်တာထုတ်လုပ်ရေးအတွက် လူသားရင်းမြစ် သင် ကြားရေးတွေ ပံ့ပိုးပေးဖို့ ဒါနန်တက္ကသိုလ်လက်အောက်ခံ ဒူတန်တက္ကသိုလ်နဲ့ လက်မှတ်ရေးထိုးခဲ့ပါတယ်။

 

Ref: Key semiconductor manpower training course opens in Vietnam

 

#PeopleMedia


Share this post