• Follow Us on

Home ဆီရီရပ်ဂျ်ဆေးရုံကြီးအနီးတစ်ဝိုက် ကွန်ဒိုတိုက်ခန်းများ အရောင်းမြင့်တက်

ဆီရီရပ်ဂျ်ဆေးရုံကြီးအနီးတစ်ဝိုက် ကွန်ဒိုတိုက်ခန်းများ အရောင်းမြင့်တက်

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၁၀

 

နိုင်ငံတွင်း မြေရာရရှိမှုအကန့်အသတ်နဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကျောင်းသားတွေရဲ့ အလွန်မြင့်တက်လာ တဲ့ဝယ်လိုအားကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဆီရီရပ်ဂျ်ဆေးရုံကြီးအနီးက ကွန်ဒိုတိုက်ခန်းတွေအ ရောင်းဟာ ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်အတွင်း ၇၇% မြင့်တက်ခဲ့ပါတယ်။

 

အဲဒီလို အရောင်းရာခိုင်နှုန်းမြင့်တက်ခဲ့တဲ့အတွက် ဆီရီရပ်ဂျ်ဆေးရုံကြီးအနီးတစ်ဝိုက်က မြို့လယ်ကောင်နဲ့ ဆင်ခြေဖုံးရပ်ကွက် ကွန်ဒိုတိုက်ခန်း ဈေးကွက်မှာ ၆၃.၁% ကို ကျော်လွန်သွားခဲ့ကြောင်း CBRE Thailand အိမ်ခြံမြေရောင်းဝယ်ရေး ကုမ္ပဏီရဲ့ ဒေသတွင်း အိမ်ခြံမြေရောင်းဝယ်ရေးစီမံချက်အကြီးအကဲ အာတီတာယာ ကာဆမ်လဝန်က ပြောပါတယ်။

 

“အခုလို အရောင်းမြင့်တက်လာတဲ့အခြေခံအကြောင်းရင်းတွေကတော့ ဝယ်လိုအားမြင့်တက်ခြင်း၊ မြေရှားပါး ခြင်း၊ မြေကွက်အကန့်အသတ်ရှိနေခြင်း၊ ဥပဒေလုပ်ထုံးလုပ်နည်းတွေ များပြားနေခြင်းနဲ့ လွှဲပြောင်းမှုစနစ်တွေပဲ ဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

၂၀၂၄ ခုနှစ် ပထမနှစ်ဝက်ကာလအတွင်း မြို့တွင်း/ဆင်ခြေဖုံးရပ်ကွက်တွေရဲ့ စုစုပေါင်းကွန်ဒိုတိုက်ခန်းအ ရောင်းဟာ တိုက်ခန်းပေါင်း ၈၅၂,၁၅၀ ရှိပြီး အရောင်းရာခိုင်နှုန်း ၆၃.၁% ရှိကြောင်း CBRE အိမ်ခြံမြေရောင်း ဝယ်ရေး ကုမ္ပဏီက ပြောပါတယ်။

 

ချာရာဆာနီဝေါင်းလမ်းမကြီး (ချာရန် ၁၃၊ ဖိုင်ချိုင်၊ ဘန်းခွန်နန်နဲ့ ဘန်းယီချန်း ဘူတာရုံများ) တစ်လျှောက် MRT ဘူတာရုံ ၄ ခု ဝန်းကျင်ပါဝင်တဲ့ ဆီရီရပ်ဂျ်ဆေးရုံကြီးအနီးတစ်ဝိုက်မှာ စုစုပေါင်းကွန်ဒိုတိုက်ခန်းအရောင်း ၄၁၉၇ ခန်းရှိတယ်လို့ ဆိုပါတယ်။

 

အဲဒီဘူတာရုံတွေအနီးတစ်ဝိုက် တစ်ကီလိုမီတာအဝန်းအဝိုင်းအတွင်းမှာ တည်ရှိတဲ့ ကွန်ဒိုတိုက်ခန်းအရောင်း ရာခိုင်နှုန်းဟာ ၈၁% ဝန်းကျင်ရှိတယ်လို့ဆိုပါတယ်။

 

“အဲဒီ ၈၁% ရာခိုင်နှုန်းဟာ အကန့်အသတ်ရှိတဲ့ ဇိမ်ခံကွန်ဒိုတိုက်ခန်းတွေအရောင်းနဲ့ နှိုှုင်းယှဉ်နိုင်လောက်တဲ့အ ထိမြင့်တက်လာတာဖြစ်ပါတယ်။ အဓိက အကြောင်းရင်းကတော့ ဆေးရုံ/ဆေးခန်းတွေ ရှိတဲ့ ဗဟိုချက်နေရာဖြစ် တာရယ်၊ ပညာရေးအဆောက်အအုံတွေရှိနေတဲ့ နေရာဖြစ်တာရယ်ကြောင့်ပါ။” လို့ မစ္စ အာတီတာယာက ပြော ပါတယ်။

 

ဆီရီရပ်ဂျ်ဆေးရုံကြီးမှာ ဆရာဝန်/သူနာပြု/ကျန်းမာရေးဝန်ထမ်းပေါင်း ၁၇,၀၀၀ ကျော်ရှိပြီး တစ်ရက်ကို ပြင်ပ လူနာပေါင်း ၁၂,၀၀၀ ကျော်ရှိကြောင်း ဆေးရုံကြီးရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဒါ့အပြင် မဟီဒေါတက္ကသိုလ်ရဲ့ ဆီရီရပ်ဂျ်ဆေးရုံဌာနခွဲ၊ သမ်မာဆတ်တက္ကသိုလ်နဲ့ ဆဲလ်ပါခွန်တက္ကသိုလ်တို့မှာ လာရောက်ပညာသင်ကြားနေတဲ့ တက္ကသိုလ်ကျောင်းသားကလည်း ၈,၀၀၀ ကျော်ရှိတယ်လို့ဆိုပါတယ်။

 

Ref: Condo sales surge around hospital: Bangkok Post

 

#PeopleMedia


Share this post