ဆီသယ္ယာဉ္ျဖင့္ တရားမဝင္သစ္မ်ား သယ္ေဆာင္သူ ႏွစ္ဦး ဖမ္းမိ

PUBLISHED - November 18, 2019
ျဖစ္စဉ္မွာ ႏိုဝင္ဘာ (၁၄)ရက္ေန႔တြင္ မႏၲေလးတိုင္းေဒသႀကီး၊ ေက်ာက္ဆည္ခ႐ိုင္၊ ေက်ာက္ဆည္ၿမိဳ႕နယ္၊ သစ္ေတာဦးစီးဌာနမွ ဦးစီးအရာရွိ ဦးေဆာင္ေသာ သစ္ေတာဝန္ထမ္းမ်ား၊ မႏၲေလးတိုင္းေဒသႀကီး ဒုစ႐ိုက္ႏွိမ္နင္းေရး၊ မႈခင္းအကူဌာနစိတ္မွ တပ္ဖြဲ႕ဝင္မ်ား၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ေက်ာက္ဆည္ၿမိဳ႕ေတာင္ဘက္အထြက္ ရန္ကုန္-မႏၲေလးလမ္းေဟာင္းေနရာ၌ ေမာ္ေတာ္ယာဉ္အမွတ္ (BGO 6N/9574) MITSUBUSHI FUSO TRUCK ယာဉ္ကို စစ္ေဆးခဲ့သည္။
အဆိုပါ ယာဉ္ေပၚမွ တရားမဝင္တမလန္းဓါးေရြ(၃၁)ေခ်ာင္း(၄.၀၂၇၆)တန္အား တရားခံ(၂)ဦးႏွင့္အတူ ဖမ္းဆီးရမိခဲ့ၿပီး တရားခံအား ဥပေဒႏွင့္အညီ ထိေရာက္စြာ အေရးယူႏိုင္ေရး သက္ဆိုင္ရာရဲစခန္းတြင္ အမႈဖြင့္လွစ္ေဆာင္ရြက္လ်က္ ရွိသည္။
#PeopleMedia
(unicode)
ဆီသယ်ယာဉ်ဖြင့် တရားမဝင်သစ်များ သယ်ဆောင်သူ နှစ်ဦး ဖမ်းမိ
…………………………………………………………………………..
ဖြစ်စဉ်မှာ နိုဝင်ဘာ (၁၄)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မန္တလေးတိုင်းဒေသကြီး ဒုစရိုက်နှိမ်နင်းရေး၊ မှုခင်းအကူဌာနစိတ်မှ တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျောက်ဆည်မြို့တောင်ဘက်အထွက် ရန်ကုန်-မန္တလေးလမ်းဟောင်းနေရာ၌ မော်တော်ယာဉ်အမှတ် (BGO 6N/9574) MITSUBUSHI FUSO TRUCK ယာဉ်ကို စစ်ဆေးခဲ့သည်
အဆိုပါ ယာဉ်ပေါ်မှ တရားမဝင်တမလန်းဓါးရွေ(၃၁)ချောင်း(၄.၀၂၇၆)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိသည်။
#PeopleMedia