• Follow Us on
Latest News

Home ဆီးရီးယားစစ်တက္ကသိုလ်ကျောင်းဆင်းပွဲ ဒရုန်းနဲ့ တိုက်ခိုက်ခံရမှု လူ ၁၀၀ ထက်မနည်းသေဆုံး

ဆီးရီးယားစစ်တက္ကသိုလ်ကျောင်းဆင်းပွဲ ဒရုန်းနဲ့ တိုက်ခိုက်ခံရမှု လူ ၁၀၀ ထက်မနည်းသေဆုံး

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၆

 

ဆီးရီးယားနိုင်ငံ ဟွမ်းစ်မြို့မှာရှိတဲ့ စစ်တက္ကသိုလ်ကို ကြာသပတေးနေ့ (အောက်တိုဘာလ ၅ ရက်နေ့) က ဒရုန်း တွေနဲ့တိုက်ခိုက်ခဲ့ရာ လူဦးရေ ၁၀၀ ထက်မနည်းသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

 

တိုက်ခိုက်ရေးဒရုန်းတွေဟာ ဗိုလ်လောင်းမိသားစုဝင်တွေတက်ရောက်လာကြတဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံးတဲ့သူတွေထဲမှာ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေပါရှိကြောင်း သိရပါတယ်။

 

မွန်းလွဲပိုင်းမှာ ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပပြီးနောက် လက်နက်တပ်ဆင်ထားတဲ့ တိုက်ခိုက်ရေးဒရုန်း လေးငါးစင်းဟာ စစ်တက္ကသိုလ်ကို တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ဆီးရီးယားတပ်မတော်စစ်ဦးစီးဌာနချုပ်ရဲ့ ထုတ် ပြန်ကြေညာချက်ကို ကိုးကားပြီး ဆီးရီးယားအစိုးရ ဆာနာသတင်းဌာနက ပြောပါတယ်။

 

အခုတိုက်ခိုက်မှုကို မျှော်လင့်မထားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုအဖြစ်သတ်မှတ်လိုက်ပြီး အဲဒီအကြမ်း ဖက်သမားတွေ ဘယ်နေရာမှာပဲရှိနေသည်ဖြစ်စေ ပြတ်ပြတ်သားသား လက်တုံ့ပြန်ချေမှုန်းတိုက်ခိုက်သွားမှာ ဖြစ်ကြောင်း ဆီးရီးယားတပ်မတော်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

 

တိုက်ခိုက်မှုကြောင့် လူ ၁၀၀ ထက်မနည်းသေဆုံးခဲ့ပြီး ၂၀၀ ကျော်ဒဏ်ရာရရှိခဲ့ရာ သေဆုံးသူတွေထဲမှာ အမျိုး သမီး ၆ ဦးနဲ့ ကလေးသူငယ် ၆ ဦး ပါဝင်ကြောင်း နောက်ပိုင်းမှာ ကျန်းမာရေးဝန်ကြီး ဟက်ဆန်အယ်လ်ဂတ် ဘက်ရှ်က ပြောပါတယ်။

 

“အခမ်းအနားအပြီး လူတွေ ကွင်းပြင်ဘက်ထွက်လာတဲ့အချိန်မှာ ပေါက်ကွဲမှုတွေဖြစ်ပွားလာခဲ့တာပါပဲ။ ဘယ်နေ ရာကပစ်နေတယ်ဆိုတာ မသိပါဘူး။ အလောင်းတွေတော့ မြေပြင်မှာ ပြန့်ကျဲနေတယ်။” လို့ အခမ်းအနားပြင် ဆင်သူတစ်ဦးက ပြောပါတယ်။

 

တိုက်ခိုက်မှုအပြိး ထွက်ပေါ်လာတဲ့ ဗီဒီယိုဖိုင်တစ်ခုထဲမှာတော့ အလောင်းတွေအများအပြားကြားမှာ အော်ဟစ် အကူအညီတောင်းနေတဲ့ပုံတွေကို မြင်ရသလို သေနတ်သံတွေကိုလည်း ကြားနေရပါတယ်။

 

ဆီးရီးယားကာကွယ်ရေးဝန်ကြီးဟာ အဲဒီဘွဲ့နှင်းသဘင် အခမ်းအနားကို တက်ရောက်ခဲ့ပြီး ဒရုန်းတိုက်ခိုက်မှုမ ဖြစ်ခင်မှာပဲ ပြန်လည်ထွက်ခွာသွားတာဖြစ်ကြောင်း ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (Syrian Observatory for Human Rights- SOHR) က ပြောပါတယ်။

 

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တရားဝင်နိုင်ငံတကာတပ်ဖွဲ့တွေက ထောက်ခံထားတဲ့ အကြမ်းဖက်အုပ်စုတွေကို ဆီးရီး ယားတပ်မတော်က ပြစ်တင်ဝေဖန်လိုက်ပါတယ်။

 

ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဆီးရီးယားနိုင်ငံထဲက ပြည်တွင်းစစ်ပွဲမှာ ပါဝင်တိုက်ခိုက်နေတဲ့ သူပုန်အဖွဲ့တွေနဲ့ ဂျီဟတ် ဝါဒီတွေဆီကတော့ အခုတိုက်ခိုက်မှုဟာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာတာမတွေ့ရ သေးပါ ဘူး။

 

ဒီဒရုန်းတိုက်ခိုက်မှုကို ဟွမ်းစ်မြို့ အနောက်မြောက်ဘက်က အတိုက်အခံအဖွဲ့တွေထိန်းချုပ်ထားတဲ့နယ်မြေက နေ လာရောက်တိုက်ခိုက်တာဖြစ်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

 

Ref: Syria war: At least 100 dead in drone attack on cadet graduation ceremony

 

#PeopleMedia


Share this post