• Follow Us on
Latest News

Home ဆီးရီးယားနိုင်ငံထဲက ဟားမတ်စ်ထိပ်တန်းခေါင်းဆောင်တစ်ဦးကို သုတ်သင်ရှင်းလင်းလိုက်ကြောင်း အစ္စရေး စစ်တပ်ပြော

ဆီးရီးယားနိုင်ငံထဲက ဟားမတ်စ်ထိပ်တန်းခေါင်းဆောင်တစ်ဦးကို သုတ်သင်ရှင်းလင်းလိုက်ကြောင်း အစ္စရေး စစ်တပ်ပြော

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၀

 

အစ္စရေးနိုင်ငံထဲကို ရော့ကက်တွေပစ်ခတ်နေတဲ့ စစ်ဆင်ရေးကို အဓိကဦးစီးနေတဲ့ ဆီးရီးယားနိုင်ငံထဲက ဟား မတ်စ်ထိပ်တန်းခေါင်းဆောင်တစ်ဦးကို သုတ်သင်ရှင်းလင်းလိုက်ကြောင်း အစ္စရေးကြည်းတပ်က တနင်္လာနေ့ (ဇန်နဝါရီလ ၈ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

အစ္စရေးသိမ်းပိုက်ထားတဲ့ ဂိုလန်ကုန်းမြင့်နဲ့ နီးကပ်စွာတည်ရှိပြီး ဆီးရီးယားအစိုးရထိန်းချုပ်ထားတဲ့ နယ်မြေတစ် ခုဖြစ်တဲ့ ဘိုက်ဂျင်မြို့မှာရှိတဲ့ ဟားမတ်စ်ထိပ်တန်းခေါင်းဆောင် ဟက်ဆန်အက်ကာရှာကို သုတ်သင်ရှင်းလင်းခဲ့ ပြီးဖြစ်ကြောင်း အစ္စရေးကြည်းတပ်က ပြောပါတယ်။

 

“သူဟာ မကြာသေးခင်ကာလတွေက ဆီးရီးယားပိုင်နက်ထဲကနေ အစ္စရေးနိုင်ငံထဲကို ရော့ကက်တွေပစ်လွှတ်ခဲ့ တဲ့ကိစ္စမှာ အဓိကတာဝန်ရှိတဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။” လု့ိ အစ္စရေးစစ်တပ်ရဲ့ ထုတ်ပြန်ချက်ထဲ မှာ ဖော်ပြထားပါတယ်။

 

“စစ်ပွဲစတင်ကတည်းက ဆီးရီးယားနယ်မြေထဲကနေ အစ္စရေးနိုင်ငံကို ရော့ကက်တွေပစ်လွှတ်ခဲ့တဲ့ ဟားမတ်စ် အကြမ်းဖက်သမားတွေကို အက်ကာရှာက ညွှန်ကြားခဲ့တာပါ။” လို့ ဖော်ပြထားပါတယ်။

 

ဂါဇာကမ်းမြောင်ဒေသမှာ ပါလက်စတိုင်းစစ်သွေးကြွတွေကို အစ္စရေးက တိုက်ခိုက်နေတဲ့အတွက် ဒေသတွင်း တင်းမာမှုတွေမြင့်တင်နေတဲ့အချိန်မှာ အခုလို ဟားမတ်စ်ထိပ်တန်းခေါင်းဆောင်တစ်ဦးကို အစ္စရေးစစ်တပ်က ချေမှုန်းသုတ်သင်ခဲ့တာဖြစ်ပါတယ်။

 

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့က ဟားမတ်စ်စစ်သွေးကြွတွေက အစ္စရေးနိုင်ငံတောင်ပိုင်းကို အငိုက် ဖမ်းဝင်ရောက်တိုက်ခိုက်ခဲ့ရာ အရပ်သားအများစုပါဝင်တဲ့ အစ္စရေးလူမျိုး ၁၂၀၀ ဝန်းကျင်သေဆုံးခဲ့ပြီးနောက် စစ်ပွဲစတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

 

အစ္စရေးက လက်တုံ့ပြန်တဲ့အနေနဲ့ ဂါဇာကမ်းမြောင်ဒေသကို ကြည်း၊ ရေ၊ လေ ဘက်ပေါင်းစုံက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ အမျိုးသမီးနဲ့ ကလေးသူငယ်အများဆုံးပါဝင်တဲ့ ပါလက်စတိုင်းလူမျိုး ၂၃၀၈၄ ဦး သေဆုံးသွား ပြီဖြစ်ကြောင်း ဟားမတ်စ် ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

 

အစ္စရေးနိုင်ငံဟာ ဆီးရီးယားထဲက သီးခြားပစ်မှတ်တွေကိုတိုက်ခိုက်တာနဲ့ပတ်သက်ပြီး မှတ်ချက်ပြုပြောကြား လေ့မရှိပေမဲ့ ဆီးရီးယားသမ္မတဘရှားအယ်လ်အာဆတ်ကိုထောက်ပံ့ပေးနေတဲ အဓိကရန်သူတော် အီရန်နိုင်ငံ ကို အဲဒီဒေသမှာ ဆက်လက်တိုးချဲ့ခွင့်ပြုမှာမဟုတ်ကြောင်း ထပ်ဖန်တလဲလဲ ပြောကြားခဲ့ပါတယ်။

 

“ဆီးရီးယားနယ်မြေထဲကနေ အကြမ်းဖက်တိုက်ခိုက်မှုတွေလုပ်မှာကို ကျွန်တော်တို့ ခွင့်ပြုမှာ မဟုတ်ပါဘူး။ ဆီး ရီးယားပိုင်နက်ထဲကနေ ထွက်ပေါ်လာတဲ့ အကြမ်းဖက်မှုတွေအတွက်လည်း ဆီးရီးယားအစိုးရမှာ တာဝန်ရှိပါ တယ်။” လို့ အစ္စရေးစစ်တပ်ရဲ့ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

 

Ref: Israel Army Says Killed ‘Central’ Hamas Figure in Syria

 

#PeopleMedia


Share this post