• Follow Us on

Home ဆီးရီးယားနိုင်ငံ ဒမတ်စကတ်လေဆိပ်နဲ့ အလက်ပိုလေဆိပ် အစ္စရေးဒုံးကျည်ထိမှန်

ဆီးရီးယားနိုင်ငံ ဒမတ်စကတ်လေဆိပ်နဲ့ အလက်ပိုလေဆိပ် အစ္စရေးဒုံးကျည်ထိမှန်

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၁၃

 

အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ ဆီးရီးယားနိုင်ငံက အဓိကနိုင်ငံတကာလေဆိပ်နှစ်ခုကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း ဆီးရီးယားအစိုးရပိုင် မီဒီယာတွေက ကြေညာလိုက်ပါတယ်။

 

ဆီးရီးယားနိုင်ငံ ဒမတ်စကတ်လေဆိပ်နဲ့ အလက်ပိုလေဆိပ်နှစ်ခုစလုံးမှာရှိတဲ့ လေယာဉ်ပြေးလမ်းတွေ ထိခိုက် ပျက်စီးခဲ့တဲ့အတွက် လေယာဉ်ခရီးစဉ်တွေကို ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းမှာရှိတဲ့ လာတာခီယာမြို့ ကို ပြောင်းရွှေ့ထားကြောင်း အစိုးရပိုင်မီဒီယာက ပြောပါတယ်။

 

အခုတိုက်ခိုက်မှုအတွက် အစ္စရေးဘက်က ဝန်ခံပြောကြားခြင်းမရှိပါဘူး။ အစ္စရေးတပ်ဖွဲ့တွေဟာ ဆီးရီးယားနိုင်ငံ ထဲက အီရန်နဲ့ဆက်နွယ်နေတဲ့ပစ်မှတ်တွေကို နဂိုကတည်းက တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

 

အီရန်နိုင်ငံခြားရေးဝန်ကြီးကတော့ သောကြာနေ့ (အောက်တိုဘာလ ၁၃ ရက်နေ့) မှာ ဆီးရီးယားနိုင်ငံကို လေ ကြောင်းကနေ သွားရောက်ဖို့ စီစဉ်နေပါတယ်။

 

ဆီးရီးယားနိုင်ငံမှာရှိတဲ့ ဒမတ်စကတ်လေဆိပ်နဲ့ အလက်ပိုလေဆိပ်တို့ကို အရပ်ဘက်လေကြောင်းလိုင်းတွေက သာအသုံးပြုနေတာမဟုတ်ဘဲ အီရန်နိုင်ငံထုတ် စစ်လက်နက်ပစ္စည်းတွေကို ဆီးရီးယားနဲ့ လက်ဘနွန်မှာ အင် အားအကောင်းဆုံး စစ်သွေးကြွအုပ်စုဖြစ်တဲ့ ဟစ်ဘိုဘာစစ်သွေးကြွအုပ်စုထံ ပေးပိုရာမှာ ကြားစခန်းတစ်ခုအ ဖြစ် စစ်ရေးအတွက်လည်း အသုံးပြုနေတာဖြစ်ပါတယ်။

 

အစ္စရေးတွေရဲ့ တပြိုင်တည်းတိုက်ခိုက်မှုကြောင့် လေဆိပ်နှစ်ခုစလုံးမှာရှိတဲ့ လေယာဉ်ပြေးလမ်းတွေ ထိခိုက် ပျက်စီးသွားပြီး အသုံးပြုလို့မရတော့ကြောင်း၊ ဒီတိုက်ခိုက်မှုဟာ ဂါဇာကိုတိုက်ခိုက်နေတဲ့အစ္စရေးရဲ့ လုပ်မိလုပ် ရာ အာရုံလွှဲပြောင်းမှုတစ်ခုဖြစ်ကြောင်း အမည်မဖော်လိုတဲ့စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

 

ဆီးရီးယားနိုင်ငံကိုသွားရောက်ဖို့ စီစဉ်ထားတဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီး ဟော့စိန်အေမီယာအဗ္ဗဒူလာဟီယန် ဟာ ကြာသပတေးနေ့ (အောက်တိုဘာလ ၁၂ ရက်နေ့) က အီရတ်နိုင်ငံကို ရောက်ရှိခဲ့ပြီး လက်ဘနွန်နိုင်ငံကို လည်း သွားရောက်မယ်လို့ ခန့်မှန်းထားပါတယ်။

 

အီရန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်ဟာ ဟားမတ်စ်တွေအတွက် ဒေသတွင်းစုစည်းထောက်ခံမှုရဖို့ လိုက်လံ စည်းရုံးနေတဲ့ အီရန်အစိုးရရဲ့ကြိုးပမ်းမှုတစ်ရပ်အဖြစ် ရှုမြင်ထားကြပါတယ်။

 

အစ္စရေးနိုင်ငံအပေါ် ခါးသည်းပြင်းထန်စွာရန်လိုနေတဲ့ အီရန်နိုင်ငံဟာ အစ္စရေးလူမျိုး ၁၃၀၀ ဝန်းကျင်သေဆုံးခဲ့ တဲ့ ဟားမတ်စ်အဖွဲ့ရဲ့အလစ်အငိုက်တိုက်ခိုက်မှုကို ချီးကျူးပြောဆိုခဲ့ပါတယ်။

 

ဂါဇာကမ်းမြောင်ဒေသကို လက်တုံ့ပြန်တိုက်ခို်က်ခဲ့တဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှုကို အီရန်နိုင်ငံက ပြင်းပြင်းထန် ထန် ပြစ်တင်ရှုတ်ချခဲ့ပြီး အစ္စရေးတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းလူမျိုး ၁၄၀၀ ကျော် သေဆုံးသွားပြီဖြစ် ကြောင်း ပါလက်စတိုင်းအရာရှိတွေက ပြောပါတယ်။

 

ဟားမတ်စ်အဖွဲ့တိုက်ခိုက်ခဲ့တဲ့အချိန်ကစပြီး အစ္စရေးနဲ့ ဘက်ဘနွန်နိုင်ငံ/ ဆီးရီးယားနိုင်ငံ တောင်ပိုင်းဒေသက စစ်သွေးကြွအုပ်စုတွေ နယ်စပ်ဒေသတချို့မှာ အပြန်အလှန်ပစ်ခတ်ခဲ့ကြပါတယ်။

 

အစ္စရေးနိုင်ငံက ဟစ်ဘိုလာတိုက်ခိုက်မှုတွေဝင်ရောက်လာနိုင်တဲ့ နိုင်ငံမြောက်ပိုင်းက နယ်စပ်ဒေသတွေကို စစ် အင်အားတွေ တိုးမြှင့်ချထားလိုက်ပါတယ်။

 

ဆီးရီးယားနိုင်ငံထဲက အစ္စလာမ်မစ်နိုင်ငံတော်ခေါ် အိုင်အက်စ်အဖွဲ့ကို ကာလရှည်တိုက်ခိုက်ရာမှာ အီရန်၊ ဟစ် ဘိုလာနဲ့ ရုရှားနိုင်ငံတို့ဟာ ဆီးရီးယားသမ္မတဘရှားအယ်လ်အာဆတ်ရဲ့ မဟာမိတ်တွေဖြစ်ပါတယ်။

 

ဆီးရီးယားကို အစ္စရေးက ဒုံးကျည်နဲ့တိုက်ခိုက်ခဲ့တာကို ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြစ်တင်ရှုတ်ချလိုက်ပြီး “အပြစ်မဲ့ပြည်သူတွေရဲ့အသက်တွေနဲ့ နိုင်ငံတကာလေကြောင်းလိုင်းတွေရဲ့လုံခြုံမှုတွေ ခြိမ်းခြောက်ခံနေရပြီ။” လို့ ပြောဆိုလိုက်ပါတယ်။

 

Ref: Syria says Damascus and Aleppo airports hit by Israeli missiles

 

#PeopleMedia


Share this post