• Follow Us on

Home ဆီးရီးယားနဲ့ အီရတ်နိုင်ငံတွေမှာ နယ်စပ်ဖြတ်ကျော်စစ်ဆင်ရေးတွေလုပ်ဖို့ တူရကီလွှတ်တော်က နောက်ထပ် သက်တမ်း ၂ နှစ် ထပ်တိုး

ဆီးရီးယားနဲ့ အီရတ်နိုင်ငံတွေမှာ နယ်စပ်ဖြတ်ကျော်စစ်ဆင်ရေးတွေလုပ်ဖို့ တူရကီလွှတ်တော်က နောက်ထပ် သက်တမ်း ၂ နှစ် ထပ်တိုး

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၁၉

 

တူရကီနိုင်ငံက ဆီးရီးယားနဲ့ အီရတ်နိုင်ငံတွေမှာ နယ်စပ်ဖြတ်ကျော်စစ်ဆင်ရေးလုပ်နေတာတွေကို နောက်ထပ် ၂ နှစ် ထပ်မံသက်တမ်းတိုးလိုက်ကြောင်း တူရကီလွှတ်တော်က အင်္ဂါနေ့ (အောက်တိုဘာလ ၁၇ ရက်နေ့) ကဆုံးဖြတ်လိုက်ပါတယ်။

 

အစ္စလာမ်မစ်နိုင်ငံတော် အမည်ခံ အိုင်အက်စ်အကြမ်းဖက်အုပ်စုကို နိုင်ငံတကာစစ်ဆင်ရေးအနေနဲ့တိုက်ခိုက်တဲ့ နေရာမှာ ထောက်ပံ့ကူညီဖို့အတွက် အဲဒီနယ်စပ်ဖြတ်ကျော်စစ်ဆင်ရေးတွေကို တူရကီလွှတ်တော်က ၂၀၁၃ ခု နှစ်ကတည်းက ခွင့်ပြုခဲ့တာဖြစ်ပြီး နှစ်စဉ် သက်တမ်းတိုးခဲ့တာဖြစ်ပါတယ်။

 

အဲဒီကန့်သတ်နယ်မြေထဲမှာ ကာဒစ်ရှ်စစ်သွေးကြွတွေကို တိုက်ခိုက်နိုင်ဖို့အတွက် သမ္မတရီဆက်တေယစ်အာဒို ဂန်ကိုပိုမိုလုပ်ပိုင်ခွင့်ပေးထားပြီး နယ်စပ်ဖြတ်ကျော်စစ်ဆင်ရေးခွင့်ပြုချက်ကို ၂၀၂၁ ခုနှစ်မှာ ပထမဦးဆုံးအကြိမ် အဖြစ် ၂ နှစ် သက်တမ်းတိုးပေးခဲ့ပါတယ်။

 

“တူရကီနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို အန္တရာယ်ပေးလာနိုင်ဖွယ်ရှိတဲ့ ဆိုးကျိုးတွေ၊ ခြိမ်းခြောက်မှုတွနဲ့ ဆောင် ရွက်မှုတွေအားလုံးကို နိုင်ငံတကာဥပဒေမှာပြဋ္ဌာန်းထားတဲ့ အခွင့်အရေးတွေနဲ့အညီ လိုအပ်သလို အရေးယူ ဆောင်ရွက်ဖို့ တူရကီနိုင်ငံလုံခြုံရေးအတွက် အလွန်အရေးကြီးပါတယ်။” လို့ အာဒိုဂန် လက်မှတ်ထိုး တင်ပြထား တဲ့ တရားဝင်အဆိုပြုလွှာထဲမှာ ဖော်ပြထားပါတယ်။

 

တူရကီမြေပေါ်မှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတချမှတ်ထားတဲ့အခြေအနေနဲ့အညီ အကြမ်းဖက်သ မားတွေကို တိုက်ခိုက်ဖို့ရည်မှန်းချက်နဲ့ နိုင်ငံခြားတပ်တွေကို လာရောက်တပ်ဖြန့်ချထားဖို့ကိုလည်း တူရကီနိုင်ငံ က ကြိုဆိုကြောင်း အဲဒီအဆိုပြုလွှာထဲမှာ ဖော်ပြထားပါတယ်။

 

ဒါပေမဲ့ အဲဒီအပိုဒ်ကိုတော့ တူရကီမြေပေါ်မှာ ဘယ်လိုနိုင်ငံခြားတပ်တွေကိုမှ ခြေချခွင့်မပြုဖို့ စည်းရုံးလှုံ့ဆော်နေ တဲ့ အတိုက်အခံ CHP ပါတီကတော့ အပြင်းအထန်ဝေဖန်နေပါတယ်။

 

“အမျိုးသားရေးဝါဒီတစ်ဦးအနေနဲ့ပြောရရင် တူရကီမြေပေါ်မှာ ဘယ်နိုင်ငံခြားတပ်ဖွဲ့ဝင်တွေကိုမှ ခြေချခွင့်ပြုတာ ကို ကျွန်တော်မလိုချင်ပါဘူး။” လို့ အတိုက်အခံပါတီခေါင်းဆောင် ကမဲလ်ကလိစဒါရိုဂါက ပြောပါတယ်။

 

အင်္ဂါနေ့က မဲပေးပွဲမှာ CHP ပါတီဝင်လွှတ်တော်အမတ်တွေက အဲဒီအဆိုပြုလွှာကို ကန့်ကွက်မဲပေးခဲ့ကြပါတယ်။

 

အန်ကာရာမြို့မှာ အောက်တိုဘာလ ၁ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုအပြီး တူရကီနိုင်ငံဟာ ဆီးရီးယား နိုင်ငံအရှေ့မြောက်ပိုင်းနဲ့ အီရတ်နိုင်ငံမြောက်ပိုင်းမှာရှိတဲ့ ကာဒစ်ရှ်ပစ်မှတ်တွေကို လက်တုံ့ပြန်တဲ့အနေနဲ့လေ ကြောင်းကနေ အရှိန်မြှင့်ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

 

အဲဒီဗုံးပေါက်ကွဲမှုကို တူရကီအစိုးရကို နှစ်ပေါင်းများစွာပုန်ကုန်တိုက်ခိုက်နေတဲ့ ကာဒစ်ရှ်အလုပ်သမားပါတီ (PKK) က ၎င်းတို့လက်ချက်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ PKK အဖွဲ့ကို တူရကီအစိုးရနဲ့ အနောက်မဟာမိတ် အုပ်စုတွေက အကြမ်းဖက်အဖွဲ့အစည်းလို့ သတ်မှတ်ထားပါတယ်။

 

အန်ကာရာ ဗုံးခွဲမှုမှာသေဆုံးသွားတဲ့ တိုက်ခိုက်ရေးသမားနှစ်ဦးဟာ ဆီးရီးယားကလာတာဖြစ်ကြောင်း တူရကီ အရာရှိတွေက ပြောပါတယ်။

 

ဆီးရီးယားနိုင်ငံထဲမှာ တူရကီကဆောင်ရွက်နေတဲ့စစ်ဆင်ရေးဟာ ကာဒစ်ရှ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPG) က ထိန်းချုပ်ထားတဲ့ ရေနံနဲ့ တခြားစွမ်းအင်အဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ စစ်ဆင်ရေး ဖြစ်ပါတယ်။

 

အဲဒီ YPG တပ်ဖွဲ့ဟာ အမေရိကန်ကထောက်ပံ့ထားပြီး ဒေသတွင်းမှာ ကာဒစ်ရှ်တပ်မတော်အဖြစ်လူသိများတဲ့ ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ (SDF) ရဲ့ အစိတ်အပိုင်း တစ်ရပ်ဖြစ်ပါတယ်။

 

SDF တပ်ဖွဲ့ဟာ ၂၀၁၉ ခုနှစ်ကနေ စတင်ပြီး အစ္စလာမ်မစ်နိုင်ငံတော် အိုင်အက်စ်အကြမ်းဖက်အဖွဲ့ကို ဦးဆောင် တိုက်ခိုက်နေတာဖြစ်ပေမဲ့ SDF တပ်ဖွဲ့ရဲ့ အစိတ်အပိုင်းဖြစ်တဲ့ YPG တပ်ဖွဲ့ကတော့ PKK အဖွဲ့နဲ့ ဆက်စပ်နေတာ မို့လို့ တူရကီအစိုးရက YPG တပ်ဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်မှတ်ယူထားပါတယ်။

 

Ref: Turkey Extends Syria, Iraq Operations by another Two Years

 

#PeopleMedia


Share this post