• Follow Us on
Latest News

Home ဆီးရီးယားမြောက်ပိုင်းမှာ ကာဒစ်အုပ်စုတိုက်ခိုက်မှုကြောင့် တူရကီလိုလားတဲ့တိုက်ခိုက်ရေးသမား ၁၄ ဦး သေဆုံး

ဆီးရီးယားမြောက်ပိုင်းမှာ ကာဒစ်အုပ်စုတိုက်ခိုက်မှုကြောင့် တူရကီလိုလားတဲ့တိုက်ခိုက်ရေးသမား ၁၄ ဦး သေဆုံး

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၁၉

 

ဆီးရီးယားနိုင်ငံမြောက်ပိုင်း သူတွေထိန်းချုပ်ထားတဲ့နယ်မြေထဲက တူရကီလိုလားတဲ့တိုက်ခိုက်ရေးသမားတွေ ထိန်းချုပ်ထားတဲ့နယ်မြေတစ်ခုကို ဆီးရီးယားကာဒစ်လက်နက်ကိုင်အုပ်စုတစ်စုက တနင်္လာနေ့ (စက်တင်ဘာ လ ၁၈ ရက်နေ့) က တိုက်ခိုက်ခဲ့ရာ တူရကီလိုလားတဲ့တိုက်ခိုက်ရေးသမား ၁၄ ဦးထက်မနည်း သေဆုံးသွား ကြောင်း သိရပါတယ်။

 

ကာဒစ်အလင်းရောင်လွတ်မြောက်ရေးတပ်ဖွဲ့ (The Kurdish Afrin Liberation Forces) ဟာ အလက်ပိုပြည် နယ် အယ်ဘ်ဘတ်မြို့ဆင်ခြေဖုံးရပ်ကွက်ဘက်မှာ ညသန်းကောင်ကျော်အချိန်မှာ အခွင့်ကောင်းယူတိုက်ခိုက်ခဲ့ တာဖြစ်ကြောင်း ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (Syrian Observatory for Human Rights) က ပြောပါတယ်။

 

အမြောက်ပစ်ကူတွေနဲ့အတူ ကာဒစ်တိုက်ခိုက်ရေးသမားတွေဟာ အဲဒီနယ်မြေအတွင်း ချဉ်းကပ်ဝင်ရောက်လာ ပြီး တိုက်ခိုက်ခဲ့ရာ တူရကီလိုလားတဲ့တိုက်ခိုက်ရေးသမား ၁၄ ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရ ခဲ့ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ခေါင်းဆောင် ရာမီအဗ္ဗဒယ်လ်ရာမန်က ပြောပါတယ်။

 

နှစ်ဖက်တိုက်ခိုက်ရေးအုပ်စုတွေဟာ နယ်မြေထိန်းချုပ်နိုင်ရေးနဲ့ နယ်မြေတွင်း သြဇာလွှမ်းမိုးနိုင်ရေးအတွက် တိုက်ခိုက်နေကြတာဖြစ်ကြောင်း အဗ္ဗဒယ်လ်ရာမန်က ပြောပါတယ်။

 

ကာဒစ်အလင်းရောင်လွတ်မြောက်ရေးတပ်ဖွဲ့ဟာ လွန်ခဲ့တဲ့လေးငါးနှစ်က တူရကီထိုးစစ်တစ်ခုကြောင့် ဆီးရီး ယားနိုင်ငံမြောက်ပိုင်းကနေ ထွက်ခွာလာခဲ့ရတဲ့ ကာဒစ်တိုက်ခိုက်ရေးသမားတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး လက် ရှိအချိန်မှာ မြောက်ပိုင်းအလက်ပိုပြည်နယ်ဘက်မှာ အခြေချလှုပ်ရှားလျက်ရှိပါတယ်။

 

တူရကီအစိုးရဟာ ဆီးရီးယားနိုင်ငံမှာ ထိုးစစ်တွေ တစ်ခုပြီး တစ်ခုဆင်နွှဲခဲ့ရာ ထိုးစစ်အများစုဟာ ကာဒစ်အလုပ် သမားပါတီ (PKK) နဲ့ဆက်နွယ်နေတဲ့ ကာဒစ်လက်နက်ကိုင်အုပ်စုတွေကို ဦးတည်ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

 

ကာဒစ်အလုပ်သမားပါတီ (PKK) အုပ်စုဟာ တူရကီအစိုးရကို နှစ်ရှည်လများ တော်လှန်ပုန်ကန်နေတဲ့လက်နက် ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။

 

ကာဒစ်လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆီးရီးယားကြားခံအဖွဲ့တွေဟာ နယ်စပ်တစ်လျှောက်နယ်မြေအများအပြားကို ထိန်းချုပ်ထားတဲ့အတွက် တူရကီသမ္မတရီဆက်တေယစ်အာဒိုဂန်က နယ်စပ်ကနေ အတွင်းပိုင်း ကီလိုမီတာ ၃၀ (မိုင် ၂၀) အထိ ဘေးကင်းဇုံအဖြစ်သတ်မှတ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။

 

၂၀၁၁ ခုနှစ် ငြိမ်းချမ်းစွာဆန္ဒပြမှုတွေကို အစိုးရက အကြမ်းဖက်နှိမ်နှင်းပြီးနောက် ဆီးရီးယားစစ်ပွဲစတင်ဖြစ်ပွား လာခဲ့ပြီး ဂျီဟတ်ဝါဒီတွေနဲ့ နိုင်ငံခြားတပ်တွေကြားမှာ ပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်ပွားတဲ့အထိ ပဋိပက္ခအရှိန်မြင့် တက်လာခဲ့ပါတယ်။

 

ပြည်တွင်းစစ်ပွဲကြောင့် လူဦးရေ ၅၀၀,၀၀၀ ကျော်သေဆုံးပြီး သန်းနဲ့ချီ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရကာ နိုင်ငံရဲ့ အခြေခံအဆောက်အဦနဲ့ စက်မှုလုပ်ငန်းတွေ ဆိုးရွားစွာ ပျက်စီးခဲ့ပါတယ်။

 

၂၀၁၉ ခုနှစ်မှာတော့ ရုရှားနိုင်ငံရဲ့ကြားဝင်ညှိနှိုင်းမှုနဲ့ သဘောတူစာချုပ်တစ်ရပ်ချုပ်ဆိုခဲ့ပြီး အဲဒီစာချုပ်အရ တူရကီနိုင်ငံက ထိုးစစ်တွေရပ်ဆိုင်းပြီး အပြန်အလှန်အားဖြင့် ဆီးရီးယားအစိုးရတပ်တွေကို မြောက်ပိုင်းနယ်စပ် တစ်လျှောက်က နယ်မြေအစိတ်အပိုင်းတွေမှာ တပ်ဖြန့်ချထားခဲ့ပါတယ်။

 

Ref: 14 Fighters Dead in North Syria Attack by Kurdish Group

 

#PeopleMedia


Share this post