• Follow Us on
Latest News

Home ဆီးရီးယားမှာရှိတဲ့ ရုရှားစစ်စခန်းတွေ ခြိမ်းခြောက်ခံနေရဟုဆို

ဆီးရီးယားမှာရှိတဲ့ ရုရှားစစ်စခန်းတွေ ခြိမ်းခြောက်ခံနေရဟုဆို

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၂

 

ရုရှားရဲ့မဟာမိတ် ဆီးရီးယားနိုင်ငံက ဘရှားအယ်လ်အာဆတ်အစိုးရကို ဖြုတ်ချလိုက်တဲ့ သူပုန်တွေရဲ့ ထိုးစစ် ကြောင့် ဆီးရီးယားမှာရှိတဲ့ ရုရှားစစ်စခန်းတွေ ခြိမ်းခြောက်ခံနေရတယ်လို့ ဆိုပါတယ်။

 

တားတပ်စ်ရေတပ်စခန်းနဲ့ ဟမီမင်းလေတပ်စခန်းတို့ဟာ ဆိုဗီယက်ပြည်ထောင်စုဟောင်းနယ်မြေရဲ့အပြင်ဘက် မှာရှိတဲ့ ရုရှားနိုင်ငံရဲ့ တစ်ခုတည်းသော စစ်စခန်းတွေဖြစ်ပြီး အာဖရိကနဲ့ အရှေ့အလယ်ပိုင်းဒေသက ရုရှားအစိုး ရဆောင်ရွက်မှုတွေအတွက် အဓိကစစ်စခန်းနေရာတွေလည်းဖြစ်ပါတယ်။

 

ရုရှားစစ်စခန်းတွေရဲ့လုံခြုံရေးကို ဆီးရီးယားအတိုက်အခံအဖွဲ့က အာမခံထားကြောင်း ရုရှားအစိုးရမီဒီယာတွေ က ပြောပေမဲ့ ရုရှားအစိုးရက အဲဒီစစ်စခန်းတွေကို ဆက်လက်ထားရှိမလား၊ မထားဘူးလားဆိုတာ ရှင်းရှင်းလင်း လင်း မသိရပါဘူး။ ဆီးရီးယားကမ်းခြေမှာရှိတဲ့ တားတပ်စ်ရေတပ်စခန်းဟာ မြေထဲပင်လယ်ဒေသအတွက် ရုရှားရဲ့ တစ်ခုတည်း သော ဝင်ပေါက်ဖြစ်ပါတယ်။

 

အဲဒီရေတပ်စခန်းဟာ ရုရှားစစ်သင်္ဘောတွေ တူရကီရေလက်ကြားကတစ်ဆင့် ပင်လယ်နက်ကိုပြန်သွားစရာ မ လိုဘဲ မြေထဲပင်လယ်ထဲဒေမှာ ဆက်လက် တပ်ဖြန့်ထားနိုင်အောင် လောင်စာဆီဖြည့်တင်းခြင်း၊ သင်္ဘော ပြင် ဆင်ခြင်းလုပ်ငန်းတွေကို ဆောင်ရွက်ပေးနိုင်တဲ့ စခန်းဖြစ်ပါတယ်။

 

အဲဒီရေတပ်စခန်းနေရာကို ဆီးရီးယားနိုင်ငံက ၁၉၇၁ ခုနှစ်မှာ ဆိုဗီယက်ပြည်ထောင်စုကို စာချုပ်နဲ့ ငှားရမ်းခဲ့ တာဖြစ်ပြီး စစ်အေးတိုက်ပွဲကာလအရှိန်မြင့်နေပြီး ဆိုဗီယက်က အာရပ်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အချိန် ၁၉၇၇ ခုနှစ်မှာ အပြည့်အဝ စတင်အသုံးပြုခဲ့တာဖြစ်ပါတယ်။

 

တားတပ်စ်ရေတပ်စခန်းဟာ ရေနက်ဆိပ်ကမ်းတစ်ခုဖြစ်ပြီး နျူကလီးယားရေငုပ်သင်္ဘောတွေပါ ဆိုက်ကပ်ပြုပြင် နိုင်တဲ့ ရေတပ်စခန်းတစ်ခုဖြစ်ပါတယ်။

 

၁၉၉၁ ခုနှစ် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားတဲ့အချိန်မှာ နိုင်ငံခြားမှာရှိတဲ့ စစ်စခန်းအများအပြား ပိတ်လိုက် ပေမဲ့ အင်အားလျှော့ချခဲ့သည့်တိုင် တားရပ်စ်ရေတပ်စခန်းကိုတော့ ဆက်လက်ဖွင့်လှစ်ထားရှိခဲ့ပါတယ်။

 

၂၀၁၅ ခုနှစ်မှာတော့ ဆီးရီးယားစစ်ပွဲထဲမှာ ရုရှားနိုင်ငံပါဝင်ပတ်သက်လာသလို တားရပ်စ်ရေတပ်စခန်းမှာလည်း ရုရှားတပ်ဖွဲ့ဝင်အင်အားကို တိုးမြှင့်ချထားခဲ့ပါတယ်။

 

၂၀၁၇ ခုနှစ်မှာ အဆိုပါရေတပ်စခန်းတိုးချဲ့ဖို့ ပူတင်က ညွှန်ကြားခဲ့သလို ဆီးရီးယားစစ်ပွဲမှာ ကူညီတိုက်ခိုက်ပေး ခဲ့တဲ့အတွက် တုံ့ပြန်တဲ့အနေနဲ့ အာဆတ်အစိုးရက အဲဒီရေတပ်စခန်းကို နောက်ထပ် ၄၉ နှစ်ကြာ အခမဲ့ငှားရမ်း အသုံးပြုခွင့် ပေးခဲ့ပါတယ်။

 

ဆီးရီးယားသူပုန်တွေ ပြီးခဲ့တဲ့လမှာ ထိုးစစ်စတင်လာကတည်းက ဒီရေတပ်စခန်းရဲ့ ကံကြမ္မာကို မသိရသေးပါဘူး။

 

ဒီဇင်ဘာ ၉ ရက်နေ့မှာ တာတပ်စ်ရေတပ်စခန်းမှာ ရုရှားစစ်သင်္ဘောတစ်စီးမှ မတွေ့တော့ဘူးလို့ ဂြိုဟ်တုဓာတ်ပုံ အထောက်အထားတွေအရ AFP က ပြောပေမဲ့ ရုရှားသင်္ဘောတွေ အဲဒီရေတပ်စခန်းကထွက်သွားပြီဆိုတဲ့ သ တင်းကို ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂျီလာဗရော့က ငြင်းဆိုထားပါတယ်။

 

ဟမီမင်းလေတပ်စခန်းကတော့ လာတာကီယာ ဆိပ်ကမ်းမြို့အနီးက လက်ရှိအရပ်ဘက် လေဆိပ်တစ်ခုကို စစ် ရေးအတွက် ပြောင်းလဲအသုံးပြုဖို့ ၂၀၁၅ ခုနှစ်က ဆီးရီးယားနိုင်ငံမှာ တည်ဆောက်ခဲ့တဲ့ လေတပ်စခန်းတစ်ခု ဖြစ်ပါတယ်။

 

အဲဒီလေတပ်စခန်းကို လုံခြုံရေးကောင်းစွာချထားပြီး ၁၅၅ မိုင်အထိ ပစ်ခတ်နိုင်တဲ့ လေကြောင်းရန်စနစ်တွေနဲ့ ကာကွယ်ထားကြောင်း ရုရှားအစိုးရမီဒီယာတွေက ပြောပါတယ်။

 

ဆီးရီယားပြည်တွင်းစစ်ကာလ တစ်လျှောက်လုံး အတိုက်အခံတွေ ထိန်းချုပ်ထားတဲ့နယ်မြေတွေကို ဗုံးကြဲတိုက် ခိုက်ဖို့အတွက် ရုရှားအစိုးရက အဲဒီလေတပ်စခန်းကို အသုံးပြုခဲ့ပါတယ်။ အဲဒီလေတပ်စခန်းဟာ အာဖရိကမှာ စစ်ဆင်ရေးတွေဆောင်ရွက်နေတဲ့ ရုရှားဝဂ္ဂနာတပ်ဖွဲ့တွေအတွက် လော် ဂျစ်စတစ်ဗဟိုချက်စခန်းတစ်ခုဖြစ်လို ကြားစခန်းတစ်ခုလည်းဖြစ်ပါတယ်။

 

Ref: Russia’s Military Bases in Syria Under Threat

 

#PeopleMedia


Share this post