• Follow Us on

Home ဆီးရီးယားမှာ နေတိုးမဟာမိတ်အဖွဲ့ဝင် တူရကီရဲ့ ဒရုန်းတစ်စင်းကို အမေရိကန် F-16 ဂျက်တိုက်လေယာဉ်က ပစ်ချ

ဆီးရီးယားမှာ နေတိုးမဟာမိတ်အဖွဲ့ဝင် တူရကီရဲ့ ဒရုန်းတစ်စင်းကို အမေရိကန် F-16 ဂျက်တိုက်လေယာဉ်က ပစ်ချ

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၆

 

အမေရိကန်အရာရှိတွေနဲ့ ကာဒစ်ဆီးရီးယန်းဒီမိုကရက်တစ်တပ်ဖွဲ့ဝင်တွေအနီးမှာ စစ်ဆင်ရေးဆောင်ရွက်နေတဲ့ လက်နက်တပ်ဆင်ထားတဲ့တူရကီဒရုန်းတစ်စင်းကို အမေရိကန် F-16 ဂျက်တိုက်လေယာဉ်တစ်စင်းက ပစ်ချ လိုက်ကြောင်း ဖြစ်စဉ်နဲ့နီးစပ်တဲ့အရာရှိတွေက CNN သတင်းဌာနကို ပြောပါတယ်။

 

အဲဒရုန်းဟာ ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်လာနိုင်ကြောင်း အမေရိကန်တွေက ဆန်းစစ်အကဲဖြတ်ခဲ့ပြီးဖြစ်တဲ့အ တွက် ပစ်မချခင်မှာ အကြိမ်ပေါင်းများစွာ သတိပေးခဲ့ကြောင်း အမေရိကန်အရာရှိတွေက ပြောပါတယ်။

 

အမေရိကန်တပ်ဖွဲ့တွေဟာ ကိုယ့်ကိုယ်ကိုယ်ခုခံကာကွယ်ပိုင်ခွင့်အရ အခုလို တူရကီဒရုန်းကို ပစ်ချခဲ့တာဖြစ်ပြီး အမေရိကန်ဘက်မှာ ကျဆုံးထိခိုက်ဒဏ်ရာရတာ မရှိခဲ့ကြောင်း အရာရှိတစ်ဦးက ပြောပါတယ်။

 

ဆီးရီးယားနိုင်ငံ ဟာဆကာ့ရှ်မှာရှိတဲ့ အမေရိကန်တပ်စခန်းတွေကို ဒရုန်းလေးငါးစင်း အကြိမ်ကြိမ် ချဉ်းကပ်လာ ခဲ့ကြောင်း အဲဒီအရာရှိက ပြောပါတယ်။

 

ကြာသပတေးနေ့ (အောက်တိုဘာလ ၅ ရက်နေ့) က ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းက ကာဒစ်တွေထိန်း ချုပ်ထားတဲ့နယ်မြေတွေကို တူရကီနိုင်ငံက လေကြောင်းကနေ တိုက်ခိုက်ခဲ့ရာမှာ လုံခြုံရေးတပ်ဖွဲ့ဝင် ၆ ဦးအပါ အဝင် ၈ ဦးထက်မနည်းသေဆုံးခဲ့ြ့ပီး အရပ်သား ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကာဒစ်ပြည်တွင်းလုံခြုံရေးတပ်ဖွဲ့ အေဆာယိရှ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

 

ဒီအဖြစ်အပျက်တွေကြောင့် အမေရိကန်က ကြိုတင်ကာကွယ်မှုဆောင်ရွက်ခဲ့ရတာလို့ဆိုပါတယ်။

 

တူရကီနိုင်ငံဟာ နေတိုးအဖွဲ့ဝင်မဟာမိတ်နိုင်ငံတစ်နိုင်ငံဖြစ်သလို ဒေသတွင်းမှာ အမေရိကန်အတွက် အရေးပါ တဲ့ မိတ်ဖက်နိုင်ငံလည်းဖြစ်ပြီး ယူကရိန်းစစ်ပွဲမှာ အဓိကအခန်းကဏ္ဍကပါဝင်နေတဲ့နိုင်ငံလည်းဖြစ်ပါတယ်။

 

တပြိုင်တည်းမှာပဲ ဒေသတွင်း အိုင်အက်စ်အကြမ်းဖက်အဖွဲ့တွေကို ချေမှုန်းရာမှာ ဆီးရီးယန်းဒီမိုကရက်တစ်တပ် ဖွဲ့ (Syrian Democratic Forces – SDF) ဟာလည်း အမေရိကန်နဲ့ လက်တွဲဆောင်ရွက်နေတဲ့ မိတ်ဖက်အဖွဲ့အ စည်းတစ်ခုဖြစ်ပါတယ်။

 

တူရကီကာကွယ်ရေးဝန်ကြီးဌာနကတော့ အဲဒီဒရုန်းဟာ တူရကီတပ်မတော်က ပိုင်ဆိုင်တဲ့ဒရုန်းမဟုတ်ကြောင်း ပြောဆိုခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ရေးခဲ့တဲ့အတွက် CNN သတင်းဌာနက တူရကီအစိုးရနဲ့ အဆက်အ သွယ်ရဖို့ ကြိုးစားနေပါတယ်။ ဒရုန်းပစ်ချမှုအပြီးမှာ အမေရိကန်ကာကွယ်ရေးဝန်ကြီး အယ်လွိုက်သြစတင်က တူရကီကာကွယ်ရေးဝန်ကြီးနဲ့ စ ကားပြောဆိုခဲ့ပါတယ်။

 

“ဆီးရီးယားမှာ အိုင်အက်စ်အကြမ်းဖက်အုပ်စုကို စစ်ဆင်ရေးဆင်နွှဲတိုက်ခိုက်နေတာကို အမေရိကန်ပြည်ထောင် စုက ဆက်လက်ထောက်ပံ့သွားမှာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးက ထပ်လောင်းပြောကြားခဲ့ပါတယ်။” လို့ ပင်တဂွန်စစ်ဌာနချုပ်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ပက်ရွိုင်ဒါက ကြာသပတေးနေ့က ပြောပါတယ်။

 

“ကာကွယ်ရေးဝန်ကြီးဟာ တူရကီနိုင်ငံရဲ့ တရားဝင်လုံခြုံရေးအရစိုးရိမ်ပူပန်မှုတွေကို အသိအမှတ်ပြုနားလည် သလို အိုင်အက်စ်စစ်ဆင်ရေးဆောင်ရွက်ရာမှာ အမေရိကန်တပ်ဖွဲ့တွေနဲ့ တခြားမဟာမိတ်တပ်ဖွဲ့တွေအတွက် အန္တရာယ်တွေကို ကာကွယ်ဖို့အတွက် အမေရိကန်ပြည်ထောင်စုနဲ့ တူရကီနိုင်ငံကြား အနီးကပ်ပေါင်းစပ်ညှိနှိုင်း မှုအရေးကြီးပုံကိုလည်း အလေးထားပြောကြားခဲ့ပါတယ်။” လို့ ဗိုလ်မှူးချုပ် ပက်ရွိုင်ဒါက ပြောပါတယ်။

 

ပူးတွဲစစ်ဦးချုပ်များအဖွဲ့ဥက္ကဋ္ဌ ှဗိုလ်ချုပ်ကြီးစီကြူဘရောင်းကလည်း တူရကီကာကွယ်ရေးဝန်ကြီးနဲ့ စကားပြောရာ မှာ အခုဖြစ်စဉ်ဖြစ်ပွားပြီးနောက် အမေရိကန်တပ်ဖွဲ့ဝင်တွေ လုံခြုံရေးအတွက် တိကျသေချာအောင်ဆောင်ရွက်ဖို့ အတွက် အချင်းချင်းမှားယွင်းပစ်ခတ်မှုတွေလျှော့ချရေးအတွက် လုပ်ထုံးလုပ်နည်းတွေကို လိုက်နာဆောင်ရွက်ဖို့ လိုအပ်ကြောင်း ဆွေးနွေးပြောဆိုခဲ့ပါတယ်။

 

တူရကီမောင်းသူမဲ့လေယာဉ်တွေဟာ လေကြောင်းတိုက်ခိုက်မှုတွေဆောင်ရွက်နေတာဖြစ်ပြီး အဲဒီအထဲကတချို့ မောင်းသူမဲ့လေယာဉ်တွေဟာ အမေရိကန်တပ်ဖွဲ့ဝင်တွေအနီးက အမေရိကန်တွေကန့်သတ်ဇုံလို့ ကြေညာထား တဲ့ နေရာတစ်ခု အတွင်းပိုင်းကိုရောက်ရှိလာခဲ့တဲ့အတွက် အဲဒီမှာရှိနေတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေကို ဘန်ကာ ထဲမှာဝင်နေဖို့ အမိန့်ပေးခဲ့ရကြောင်း ဗိုလ်မှူးချုပ် ပက်ရွိုင်ဒါက ပြောပါတယ်။

 

“အဲဒီတူရကီဒရုန်းဟာ အမေရိကန်တပ်ဖွဲ့ဝင်တွေနဲ့ ကီလိုမီတာဝက်အကွာအဝေးလောက်တောင်မရှိတော့တဲ့ နေရာကိုရောက်လာပြီး အန္တရာယ်ရှိလာပြီဖြစ်တယ်လို့ အမေရိကန်တပ်မှူးတွေက ဆုံးဖြတ်ခဲ့တဲ့အတွက် ကိုယ့် ကိုယ်ကိုယ်ခုခံကာကွယ်တဲ့အနေနဲ့ အမေရိကန် F-16 ဂျက်တိုက်လေယာဉ်တွေက အဲဒီမောင်းသူမဲ့လေယာဉ်ကို ပစ်ချခဲ့တာဖြစ်ပါတယ်။” လို့ ရွိင်ဒါက ပြောပါတယ်။

 

Ref: US fighter jet downs a drone belonging to NATO ally Turkey over Syria, officials say

 

#PeopleMedia


Share this post