• Follow Us on
Latest News

Home ဆီးရီးယားရှိ အမေရိကန်စစ်စခန်းကို တိုက်ခိုက်ဖို့ ချဉ်းကပ်လာတဲ့ ဒရုန်းနှစ်စင်းကို အမေရိကန်တပ်ဖွဲ့ဝင်တွေ ပစ်ချခဲ့

ဆီးရီးယားရှိ အမေရိကန်စစ်စခန်းကို တိုက်ခိုက်ဖို့ ချဉ်းကပ်လာတဲ့ ဒရုန်းနှစ်စင်းကို အမေရိကန်တပ်ဖွဲ့ဝင်တွေ ပစ်ချခဲ့

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၂၄

 

ဆီးရီးယားနိုင်ငံမှာ အမေရိကန်တပ်ဖွဲ့ဝင်တွေ စခန်းချနေထိုင်တဲ့ စစ်အခြေစိုက်စခန်းတစ်ခုကို တိုက်ခိုက်ဖို့ ကြိုး စားလာတဲ့ ဒရုန်းနှစ်စင်းကို တနင်္လာနေ့ (အောက်တိုဘာလ ၂၃ ရက်နေ့) က အမေရိကန်တပ်ဖွဲ့ဝင်တွေက ပစ်ချ ခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ပြောကြားလိုက်ပါတယ်။

 

အမေရိကန်တပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထားတဲ့ အဲဒီဒရုန်းတိုက်ခိုက်မှုကို ၎င်းတို့အဖွဲ့ကဆောင်ရွက်ခဲ့တာ ဖြစ် ကြောင်း ဆီးရီးယားရှိ စစ်သွေးကြွအုပ်စုတစ်စုက ဝန်ခံခဲ့ပါတယ်။

 

အောက်တိုဘာလ ၇ ရက်နေ့က ဟားမတ်စ်အဖွဲ့က အစ္စရေးကို အငိုက်ဖမ်းဝင်ရောက်တိုက်ခိုက်မှုကြောင့် ဖြစ် ပွားလာတဲ့စစ်ပွဲမှာ အမေရိကန်အစိုးရက အစ္စရေးကိုထောက်ပံ့နေတဲ့အတွက် အမေရိကန်အကျိုးစီးပွားတွေကို တိုက်ခိုက်သွားမှာဖြစ်ကြောင်း အီရန်အစိုးရနဲ့ နီးစပ်တဲ့လက်နက်ကိုင်အုပ်စုတွေက ခြိမ်းခြောက်ခဲ့ပါတယ်။

 

အစ္စရေးနိုင်ငံက လေကြောင်းကနေ အဆက်မပြတ်ဗုံးကြဲပြီး လက်တုံ့ပြန်တိုက်ခိုက်ခဲ့ရာ ဂါဇာကမ်းမြောင်ဒေသ မှာ ပါလက်စတိုင်းလူမျိုး ၅၀၀၀ ကျော် သေဆုံးသွားပြီဖြစ်ကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

 

“ဒရုန်းနှစ်စင်းက ဆီးရီးယားနိုင်ငံမှာရှိတဲ့ အယ်လ်-တတ်ဖ် စစ်အခြေစိုက်စခန်းကို တိုက်ခိုက်ဖို့ ချဉ်းကပ်လာခဲ့ တာဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်ရေးဒရုန်းနှစ်စင်းစလုံးကို ပစ်ချခဲ့ပါတယ်။ အမေရိကန်တပ်ဖွဲ့ဝင်တစ်ဦးမှ ထိခိုက် ဒဏ်ရာရတာမရှိပါဘူး။” လို့ ပင်တဂွန်စစ်ဌာနချုပ် ပြောခွင့်ရပုဂ္ဂိုလ် ပတ်ရွိုင်ဒါက သတင်းထောက်တွေကို ပြော ပါတယ်။ ဒရုန်းတွေကို “ခုခံကာကွယ်ရေးလက်နက်စနစ်တွေ” အသုံးပြုပြီး ပစ်ချခဲ့တာဖြစ်ကြောင်း ပြောဆိုပေမဲ့ အသေး စိတ်အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။

 

ဆီးရီးယားမှာရှိတဲ့ တိုက်ခိုက်မှုဟာ အစ္စလာမ်မစ်နိုင်ငံတော် (အိုင်အက်စ်) ဂျီဟတ်ဝါဒတွေကို တိုက်ခိုက်နေတဲ့ အမေရိကန်ပြည်ထောင်စုက တပ်ဖွဲ့ဝင်တွေနဲ့ နိုင်ငံတကာညွန့်ပေါင်းတပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထားနေတာဖြစ် ကြောင်း အမည်မဖော်လိုတဲ့ အမေရိကန်စစ်ဘက်အရာရှိတစ်ဦးက အစောပိုင်းက ပြောပါတယ်။

 

အဲဒီဒရုန်းတိုက်ခိုက်မှုကို ဘယ်အဖွဲ့ကဆောင်ရွက်ခဲ့တယ်ဆိုတာနဲ့ပတ်သက်ပြီး ရွိုင်ဒါရော တခြားအမေရိကန် အရာရှိတွေကရော အသေးစိတ်ပြောကြားခြင်းမရှိပေမဲ့ ဆီးရီးယားနိုင်ငံမှာ အမေရိကန်တပ်ဖွဲ့ဝင်တွေတပ်ဖြန့် ချထားတဲ့ အယ်လ်-တတ်ဖ်စခန်းနဲ့ အယ်လ်-မာလီကီယာ့စခန်းတွေကို ဒရုန်းတွေနဲ့ ၎င်းတို့အဖွဲ့က တိုက်ခိုက်ခဲ့ တာဖြစ်ကြောင်း အီရတ်နိုင်ငံထဲက အစ္စလာမ်မစ်တော်လှန်ရေးအဖွဲ့လို့ ၎င်းတို့ကိုယ်၎င်းတို့ အမည်ပေးထားတဲ့ အဖွဲ့က တနင်္လာနေ့ အစောပိုင်းက ပြောပါတယ်။

 

အလားတူ ပြီးခဲ့တဲ့စနေနေ့ (အောက်တိုဘာလ ၂၁ ရက်နေ့) က အီရတ်နိုင်ငံမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေ ကို တိုက်ခိုက်ခဲ့တာလည်း ၎င်းတို့ပဲဖြစ်ကြောင်း အဲဒီအဖွဲ့က ပြောပါတယ်။

 

ဒါပေမဲ့ အီရတ်ကတိုက်ခိုက်မှုကို အမေရိကန်က အတည်မပြုဘဲ အမေရိကန်တပ်ဖွဲ့ဝင်တွေက အဲဒီဒရုန်းနှစ်စင်း ကို ပစ်ချခဲ့တယ်လို့ ပင်တဂွန်က ပြောပါတယ်။

 

ဒေသတွင်းမှာရှိတဲ့ အိုင်အက်စ်အကြမ်းဖက်အဖွဲ့ကို တိုက်ခိုက်ဖို့အတွက် အမေရိကန်ပြည်ထောင်စုဟာ ဆီးရီး ယားနိုင်ငံမှာ တပ်ဖွဲ့ဝင် ၉၀၀ ဝန်းကျင်နဲ့ အီရတ်နိုင်ငံမှာ တပ်ဖွဲ့ဝင် ၂၅၀၀ ဝန်းကျင် တပ်ဖြန့်ချထားခဲ့ပါတယ်။

 

အိုင်အက်စ်အဖွဲ့ဟာ တစ်ချိန်တုန်းက ဆီးရီးယားမှာရော အီရတ်နိုင်ငံမှာပါ နယ်မြေအများအပြားကို သိမ်းပိုက်နိုင် ခဲ့ပေမဲ့ နောက်ပိုင်းမှာ နိုင်ငံတကာလေကြောင်းတိုက်ခိုက်မှုအကူအညီနဲ့ ဒေသခံတပ်တွေက ပြန်လည်တိုက် ထုတ်ပြီး အိုင်အက်စ်အဖွဲ့ကို မောင်းထုတ်ခဲ့ပါတယ်။

 

Ref: Drones Shot Down in Attack on US Troops in Syria: Pentagon

 

#PeopleMedia


Share this post